Published 22 May 2023
ဖိလစ်ပိုင်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ နှစ်၁၀၀နီးပါးသက်တမ်းရှိ မနီလာဗဟိုစာတိုက်ကြီး တနင်္ဂနွေညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ(၇)ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။
တနင်္ဂနွေည သန်းခေါင်ယံမတိုင်ခင်ကလေးမှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ရောမနှင့်ဂရိရှေးဟောင်းဂန္တဝင်ပုံစံ အထပ်ငါးထပ်ပါ အဲဒီ မနီလာဗဟိုစာတိုက်ကြီးအဆောက်အဦကြီးကို (၇)နာရီကျော်ကြာ မီးငြိမ်းးသတ်ခဲ့ရပါတယ်။
#YangonMediaGroup
#မနီလာဗဟိုစာတိုက်ကြီးမီးလောင်
#မနီလာဗဟိုစာတိုက်ကြီး
#Asia_Technology
Published 20 May 2023
တရုတ်နိုင်ငံမှာ စိုက်ပျိုးရေးကစလို့ ဆိပ်ကမ်းထောက်ပံ့ပို့ဆောင်ရေးနဲ့ လုပ်ငန်းလည်ပတ်ရေး ကဏ္ဍတိုင်းမှာ ဉာဏ်ရည်တု(AI)ကို အသုံးချနေပါတယ်။
#Asia_Technology #တရုတ်နိုင်ငံ #ဉာဏ်ရည်တု(AI)စနစ်
#YMG #Yangon_Media_Group
Published 22 May 2023
အာဆီယံ ဟင်းသီးဟင်းရွက်အသစ်မျိုးစုံကုန်စည်ပြပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်းအထူးအုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ပြီးခဲ့တဲ့စနေနေ့က ကျင်းပခဲ့ပါတယ်။ အဲဒီကုန်စည်ပြပွဲမှာ ကြက်ဟင်းခါးသီး၊ သခွားသီး၊ သပွတ်သီး၊ ခရမ်းချဉ်သီး၊ခရမ်းသီး၊ငရုတ်ကောင်း၊ပဲသီးတောင့်တွေလို အမယ်သစ်ဟင်းသီးဟင်းရွက်မျိုးစုံ ၁၁၂၉မျိုးအပြင် ကွမ်ရှီးနှင့် အခြားဒေသတွေက ထွက်ရှိတဲ့ ဟင်းရွက်မျိုးစုံကိုလည်းပြသထားပါတယ်။ အဲဒီအထဲမှာ တာရိုရွှေဖရုံသီး၊ ဘေးဘေး ရွှေဖရုံသီးမျိုးတွေစသဖြင့် အကောင်းဆုံး၁၆၅မျိုးပါဝင်ပါတယ်။
Source CCTV+
#YangonMediaGroup
#တရုတ်_အာဆီယံ_ဟင်းသီးဟင်းရွက်_ကုန်စည်ပြပွဲ
#Daily_News
Published_ 22 May 2023
၁။ မုန်တိုင်းသင့် ရခိုင်ပြည်နယ်တွင် အိမ်ဆောက်ပစ္စည်းများဈေးနှစ်ဆမြင့်တက်
၂။ စက်သုံးဆီနှုန်းဈေး ၂၀၀၀ ဝန်းကျင်ဖြင့် တည်ငြိမ်နေ
၃။ ပင်မဆဲလ်Stem Cell များကို သိမ်းဆည်းလိုသူများ မြန်မာနိုင်ငံ၌ဝန်ဆောင်မှုရယူနိုင်၊ ရောဂါကုသရန်နှင့် အလှအပရေးရာတွင်ပြန်လည်အသုံးပြုနိုင်ဟုဆို
၄။ တရုတ်နိုင်ငံ၏ စိုက်ပျိုးရေလုပ်ငန်းတွင် ဉာဏ်ရည်တု(AI)စနစ်များ တွင်ကျယ်စွာအသုံးပြုအောင်မြင်နေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Asia_Politics
Published 22 May 2023
G7 ဟီရိုရှီးမားထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီး အလေးအနက်ကိုယ်စားပြုတင်ပြရန် တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး 'စွန်ဝေဒေါင်'က တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး 'ဟီဒဲယိုတာရူမီ'ကို တနင်္ဂနွေနေ့က ဆင့်ခေါ်လိုက်ပါတယ်။
ဟီဒဲယိုတာရူမီကို ဆင့်ခေါ်ရတဲ့အကြောင်းရင်းကတော့ G7 ထိပ်သီးအစည်းအဝေးပွဲမှာ တရုတ်နဲ့ဆက်နွယ်နေတဲ့ ကိစ္စရပ်များကိုဆွေးနွေးဖို့ဖြစ်ပါတယ်။
စွန်ဝေဒေါင်က G7 ဟာ စခန်းများနဲ့ စစ်အေးတိုက်ပွဲများကြား ထိပ်တိုက်ရင်ဆိုင်မှုအခြေအနေကို လိုက်နာပေမယ့် လုပ်ရပ်တွေကတော့ သမိုင်းအစဉ်အလာ၊ ယေဘုယျလမ်းကြောင်း၊ နိုင်ငံတကာကျင့်ဝတ်များကို ချိုးဖောက်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။
G7 အလှည့်ကျဥက္ကဌဖြစ်တဲ့ ဂျပန်နိုင်ငံဟာ အခြားနိုင်ငံများနဲ့ ပူးပေါင်းကာ တရုတ်ကိုပုတ်ခတ်ခြင်း၊ တရုတ်နိုင်ငံအတွင်းရေးကို အပြင်းအထန်ဝင်ရောက်စွက်ဖက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ စွန်ဝေဒေါင်ကပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေညမှာ ထုတ်ပြန်လိုက်ပါတယ်။
ထိုင်ဝမ်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ "ထိုင်ဝမ်ဟာ တရုတ်နိုင်ငံပိုင်ဖြစ်ပြီး ထိုင်ဝမ်ပြဿနာဟာလည်း တရုတ်လူမျိုးများရဲ့အရေးဖြစ်ကာ တရုတ်တွေကသာဆုံးဖြတ်သင့်ပါတယ်။ ထိုင်ဝမ်အရေးဟာ တရုတ်ရဲ့ အဓိကအကျိုးစီးပွားအချက်အခြာဖြစ်ပြီး တရုတ်-ဂျပန်ဆက်ဆံရေးမှာ ဖြတ်ကျော်လို့မဖြစ်တဲ့ကန့်သတ်ချက်ဖြစ်ပါတယ်။ နိုင်ငံတော်အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို ကာကွယ်မယ့် တရုတ်လူမျိုးတို့ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက် စွမ်းရည်တို့ကို လျှော့မတွက်သင့်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ဟောင်ကောင်၊ ရှင်ကျန်၊ ရှီဇန်တို့ဟာ တရုတ်အတွင်းရေးကိစ္စများဖြစ်ပြီး ပြင်ပဝင်ရောက်စွက်ဖက်မှုများ ခွင့်ပြုမှာမဟုတ်ကြောင်း စွန်ဝေဒေါင်က ဆိုပါတယ်။
"တရုတ်ဟာ နိုင်ငံတကာရေကြောင်း တရားဥပဒေစိုးမိုးရေးကို အခိုင်အမာကာကွယ်နေသူဖြစ်ပါတယ်။ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်ရဲ့ လက်ရှိအခြေအနေဟာ ယေဘုယျအားဖြင့် တည်ငြိမ်နေပြီး မလိုလားအပ်တဲ့ ထွက်ပေါ်သတင်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ တရုတ်ဟာ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမယ့် ဗျူဟာကို အခိုင်အမာလိုက်နာပြီး စီးပွားရေးကျပ်တည်းခြင်းနဲ့ ကြွေးမြီထောင်ချောက်တွေကို တရုတ်နိုင်ငံအပေါ် သက်ရောက်ခွင့်ပြုမှာမဟုတ်ပါဘူး" လို့ ပြောကြားလိုက်ပါတယ်။
"တရုတ်ဟာ ကိုယ်ပိုင်ကာကွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာနျူကလီးယားဗျူဟာကို အစဉ်အမြဲလိုက်နာကာ နျူကလီးယားဦးစားပေးအသုံးမပြုသည့် မူဝါဒကို လိုက်နာပြီး နိုင်ငံတော်လုံခြုံရေးအတွက် နောက်ဆုံးဦးစားပေးအဆင့်မှာ ထားရှိပါတယ်။ နျူကလီးယားလက်နက်ပိုင် ၅ နိုင်ငံထဲမှာဒီလိုကတိကဝတ်ပြုထားတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ တရုတ်ရပ်တည်ချက်က ပွင့်လင်းမြင်သာမှုရှိပြီး ဖျက်ဆီးလို့မရပါဘူး" လို့ ဖော်ပြခဲ့ပါတယ်။
ပွင့်လင်းမြင်သာခြင်းနဲ့ အားလုံးပါဝင်နိုင်ရေးလမ်းကြောင်းချမှတ်ရန်၊ အနည်းစုသီးခြားဖွဲ့စည်းမှုတွေကို ရပ်တန့်ရန်၊ အခြားနိုင်ငံများကို ဖိနှိပ်ခြင်းမပြုရန်၊ ကွဲပြားရေးနဲ့ ထိပ်တိုက်ရင်ဆိုင်မှုများဖန်တီးခြင်းတို့မှ ရပ်တန့်ရန် G7 အဖွဲ့ဝင်များကို တိုက်တွန်းလိုက်ပါတယ်။
ဂျပန်အနေနဲ့ တရုတ်ကိုနားလည်မှုမှန်ကန်အောင်၊ ဗျူဟာမြောက်လွတ်လပ်ရေးကို ဆုပ်ကိုင်နိုင်အောင်၊ တရုတ်နဲ့ဂျပန်ကြား အခြေခံမူတွေကို လိုက်နာပြီး အပြုသဘောဆောင်တဲ့ သဘောထားနဲ့ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်မြှင့်တင်နိုင်အောင် ကြိုးပမ်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
#Source: India Today #Asia_Politics #G7 ထိပ်သီးအစည်းအဝေး
#YMG #Yangon_Media_Group
Published 22 May 2023
စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ မကြာသေးခင်က တောင်အာဖရိကနှင့်ကင်ညာနိုင်ငံတွေ ကပြန်လာပြီးနောက် ကိုဗစ်-၁၉ ကူးစက်ခံရတယ်လို့သိရပါတယ်။
“ ဒီမနက်မှာ ကျွန်တော်ဟာ ပထမဆုံးအနေနှင့် ကိုဗစ်-၁၉ကူးစက်ခံရပါတယ်” လို့ မေ၂၂ ရက် ဒီကနေ့မှာ သူဟာ သူ့ရဲ့ ဖေ့စ်ဘုတ်ခ်ကနေ ကြေညာခဲ့ပါတယ်။
“ မကြာသေးခင်က ကျွန်တော်ခရီးကပြန်လာပြီး ကိုဗစ်တွေ့တာပါ။ ပုံမှန်အားဖြင့် ကျွန်တော်နေရထိုင်ရ အဆင် ပြေပါတယ်။ ဒါပေမယ့် ကျွန်တော့်ဆရာဝန်ကတော့ ရောဂါလက္ခဏာတွေမပြတော့တဲ့အထိ ကျွန်တော် တစ်ဦးတည်းနေဖို့ အကြံပြုထားပါတယ်” လို့ သူကပြောပါတယ်။
အသက်၇၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့ကို သူ့အသက်အရွယ်အရ ဗိုင်းရပ်စ်တိုက်ဖျက်ဆေး Paxlovid ကို ဆရာဝန်က ပေးထားတယ်လို့ သူကပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာကမှ အားဖြည့်ကာကွယ်ဆေးတစ်လုံးထပ် ထိုးထားသေး တယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
မစ္စတာလီဟာ တောင်အာဖရိက ကိတ်တောင်းမြို့တော်ကို မေ၁၄မှ ၁၆ရက်အထိနှင့် ကင်ညာနိုင်ငံ နာရိုဘီမြို့တော်ကို မေ ၁၇ မှ ၁၉ ထိ ခရီးသွားခဲ့တာဖြစ်ပါတယ်။
စင်္ကာပူမှာ ကိုဗစ်ကူးစက်မှုလှိုင်းထပ်ကြုံနေရပြီး ဧပြီလမှာ ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့တာပါ
Source Channel News Asia
READ HERE ..⏭⏭⏭
✅Website>>>>
✅Telegram>>>>>
#YangonMediaGroup
#စင်္ကာပူဝန်ကြီးချုပ်_ကိုဗစ်ကူးစက်ခံရ
#စင်္ကာပူ_ကိုဗစ်-၁၉
#World_Climate
Published_ 22 May 2023
ကမ္ဘာလုံးဆိုင်ရာအပူချိန်တွေက လာမယ့် ၅ နှစ်အတွင်း စံချိန်တင်မြင့်တက်လာနိုင်ပြီး ထိုထဲကအနည်းဆုံးတစ်နှစ်ဟာ စံချိန်တင်ပူနွေးလာနိုင်ကြောင်း ကုလသမဂ္ဂမိုးလေဝသအေဂျင်စီက မေလ ၁၇ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
၂၀၂၃ နဲ့ ၂၀၂၇ ကြား နှစ်စဉ်ပျမ်းမျှမျက်နှာပြင်အနီးရှိ ကမ္ဘာ့အပူချိန်ဟာ စက်မှုမတိုင်မီခေတ်ကပမာဏထက် အနည်းဆုံး ၁.၅ ဒီဂရီစင်တီဂရိတ် ကျော်လွန်နိုင်ရန် ၆၆ ရာခိုင်နှုန်းရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီလိုမျိုးစံချိန်တင် အပူချိန်မြင့်တက်တာဟာ ဖန်လုံအိမ်ဓာတ်ငွေ့တွေနဲ့ သဘာဝအတိုင်းဖြစ်ပေါ်တဲ့ အယ်လ်နီညိုရာသီဥတုတို့ ပေါင်းစပ်ပြီး ဖြစ်ပေါ်တာကြောင့်လို့ ယူဆနေကြပါတယ်။
ကျန်းမာရေး၊ စားနပ်ရိက္ခာ၊ ရေစီမံခန့်ခွဲခြင်း၊ ပတ်ဝန်းကျင် အစစအရာရာအတွက် အဆင်သင့်ပြင်ထားဖို့လိုအပ်ပြီး လာမယ့် ၅ နှစ်အတွင်း တစ်နှစ်နှစ်မှာ အပူချိန်စံချိန်တင်မြင့်မားနိုင်ချေ ၉၈ ရာခိုင်နှုန်းသေချာနေပါတယ်။
၂၀၁၆ ခုနှစ်က စံချိန်တင်အပူချိန်ရှိခဲ့တာဟာ အလွန်ပြင်းထန်တဲ့အယ်လ်နီညိုကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ အပူချိန်က ကန့်သတ်ချက်ကိုကျော်ပြီး ကြာမြင့်စွာရှိနေမှာမဟုတ်ကာ ဘာကြောင့်လဲဆိုတော့ ၂၀၁၅ ပဲရစ်ရာသီဥတုသဘောတူညီချက်အရ နိုင်ငံတိုင်းက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု သိသိသာသာလျှော့ချရေးအတွက် လမ်းညွှန်ပေးထားတာကြောင့် ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကို မခံစားရသူမရှိမှာဖြစ်ပြီး ကမ္ဘာတဝှမ်းမှာ ရေလျှံခြင်းများ၊ မိုးခေါင်ခြင်းများ၊ လူအများအပြားရွှေ့ပြောင်းနေထိုင်ခြင်းများ ဖြစ်ပွားနေတယ်လို့ ဗြိတိန်မှ ရာသီဥတုသိပ္ပံပညာရှင် 'လီယွန်ဟာမန်ဆန်'က ပြောကြားခဲ့ပါတယ်။
အပူချိန် ၁.၅ ဒီဂရီစင်တီဂရိတ်မြင့်တက်တာဟာ ယာယီသဘောဖြစ်ပေမယ့် မကြာခဏကြုံတွေ့ရနိုင်ကြောင်း၊ အခုထက်ထိ ပူနွေးလာမှုကို မထိန်းချုပ်နိုင်ဘဲ ဦးတည်ရာလမ်းမှားနေကြောင်း ပြောကြားခဲ့ပါတယ်။
အယ်လ်နီညိုရာသီဥတုပေါ်ပေါက်ပြီးနောက် ကမ္ဘာ့အပူချိန်မြင့်တက်လာပါတယ်။
၂၀၂၄ မှာဆိုရင် အလယ်ပိုင်းနဲ့ အရှေ့ပိုင်းပစိဖိတ်သမုဒ္ဒရာ အီကွေတာနေရာတွေမှာ အပူချိန်မြင့်တက်လာနိုင်ပါတယ်။
Source: WION
#World_Climate #ကမ္ဘာလုံးဆိုင်ရာ #အပူချိန်စံချိန်တင်မြင့်မားလာနိုင်
#YMG #Yangon_Media_Group
Page 350 of 777