#World_Health
Published 28 June 2024
▪️ ကမ္ဘာအနှံ့ အမျိုးသားများကြား လိင်တံကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်လာပြီး လာမယ့် ၂၆ နှစ်အတွင်း ၇၇ ရာခိုင်နှုန်း မြင့်တက်လာဦးမယ်လို့ ခန့်မှန်းနေကြပါတယ်။
▪️ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လိင်တံကင်ဆာ ဖြစ်ပွားမှုနှုန်းနဲ့ အသက်သေဆုံးမှုနှုန်း မြင့်မားသလို ဥရောပနိုင်ငံအများစုမှာ အဖြစ်များကြောင်း တရုတ်ပြည် စွန်းယက်ဆင်တက္ကသိုလ်မှ သုတေသီများက ထုတ်ပြန်ထားပါတယ်။
▪️ ဘရာဇီးလ်က ကမ္ဘာပေါ်မှာ လိင်တံကင်ဆာ အဖြစ်အများဆုံး ဖြစ်နေပြီး သူ့နောက်မှာတော့ ယူဂန်ဒါနိုင်ငံ ရှိနေပါတယ်။
▪️ ၂၀၁၂ မှ ၂၀၂၂ အတွင်း ဘရာဇီးလ်မှာ လိင်တံကင်ဆာ ဖြစ်ပွားသူပေါင်း ၂၁၀၀၀ ဦးခန့်ရှိခဲ့ပြီး အယောက် ၄၀၀၀ ခန့်သေဆုံးခဲ့ကာ ၆၅၀၀ လောက်က လိင်တံဖြတ်တောက်ခဲ့ရပါတယ်။
▪️ HPV ကာကွယ်ဆေး ထိုးနှံမှုနှုန်း နည်းပါးခြင်းက ဒီလိုမျိုးကင်ဆာ အဖြစ်များစေတာ ဖြစ်တယ်လို့ ဘရာဇီးလ်ဆရာဝန်များ ယုံကြည်နေကြပါတယ်။
▪️ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ကွန်ဒုံးသေချာ အသုံးမပြုခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းတို့ ပါဝင်တယ်လို့ ဆီးလမ်းကြောင်းဆိုင်ရာ ဆရာဝန် နေးလ်ဘာဘားက ပြောပြပါတယ်။
▪️ လိင်တံထိပ် အရေပြားမဖြတ်ထားတဲ့လူတွေမှာ အဓိကဖြစ်ပွားတာကိုလည်း တွေ့ရပါတယ်။
▪️ အသက်အရွယ်နဲ့လည်းဆိုင်ပြီး အသက် ၆၀ ဝန်းကျင် အမျိုးသားတွေမှာ အဖြစ်အများဆုံး ဖြစ်နေပါတယ်။
အမျိုးသားများအနေဖြင့် လိင်တံမှ အရည်ထွက်ခြင်း၊ အရောင်အသွေး ပြောင်းလဲခြင်း၊ လိင်စိတ်ဆန္ဒ ပြောင်းလဲခြင်းတို့ ခံစားရပါက ဆရာဝန်နှင့် ပြသသင့်ပြီး စောစီးစွာ ရောဂါတွေ့ရှိမှ အဖြတ်မခံရမှာ ဖြစ်ပါတယ်။
#Source: New York Post
မိုးရေကြီးခြင်းကြောင့်ကင်ညာစာသင်ကျောင်းများပျက်စီးကာ ကလေးများကျောင်းမတက်နိုင်ဖြစ်နေ
ကင်ညာနိုင်ငံမှာ ဧပြီလနဲ့ မေလအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ရပ်စဲသွားပြီဖြစ်ပေမယ့် ရေကြီးခဲ့စဉ်က စာသင်ကျောင်း အဆောက်အအုံတွေ ပျက်စီးပြီး စီးပွားရေးဆုံးရှုးမှုများ ဖြစ်ခဲ့တာကြောင့် ကျောင်းသားတွေ အတန်းပြန်မတက်နိုင်သေးပါဘူး။
#World_Crisis
Published_ 27 June 2024
#စာသင်ကျောင်းများပျက်စီး #ကလေးများကျောင်းမတက်နိုင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 27 June 2024
၁။ Online Trading Platform မှတစ်ဆင့် ထိုင်းဘတ်သန်း (၄၀) ဗဟိုဘဏ်ထပ်မံရောင်းချ၊ ငါးလအတွင်း ဘတ်သန်းပေါင်း၂၃၆သန်းအထိရောင်းချပေးပြီးဖြစ်
၂။ မြန်မာကျောင်းသားများ EU ၏ ထောက်ပံ့မှုဖြင့် အာဆီယံတက္ကသိုလ်များ၌စရိတ်ငြိမ်းပညာသင်ယူနိုင်
၃။ ကုန်အဝင်နည်းနေပြီး ဝယ်လိုအားရှိနေတဲ့အတွက် အာလူးဈေးမြင့်နေ
၄။ မိုးရေကြီးခြင်းကြောင့် ကင်ညာစာသင်ကျောင်းများပျက်စီးကာ ကလေးများကျောင်းမတက်နိုင်ဖြစ်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 27 June 2024
▪️ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့မှ စီးပွားကူးသန်းဝန်ကြီးများဟာ AI ဘေးကင်းလုံခြုံရေး၊ တင်ပို့ကုန်ထိန်းချုပ်ရေး၊ စိမ်းလန်းသန့်စင်စွမ်းအင် ထုတ်လုပ်ရေး၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့ရေးကွင်းဆက်များ အပါအဝင် ဗျူဟာမြောက်ကိစ္စရေးရာတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဗုဒ္ဓဟူးနေ့မှာ ကတိပြုလိုက်ကြပါတယ်။
▪️ ‘‘ဒီအတွက် အားလုံးဟာ နှစ်ဆကြိုးပမ်းအားထုတ်နေကြပါတယ်’’ လို့ အမေရိကန် စီးပွားကူးသန်းဝန်ကြီး ဂျီနာရေမွန်ဒိုက ဝါရှင်တန်မှာ ပြုလုပ်တဲ့ အစည်းအဝေးပွဲအစမှာ ပြောကြားသွားပါတယ်။
▪️ ဒီ ၃ နိုင်ငံဟာ ထုတ်လုပ်ရေးပိုင်း၊ ဝန်ဆောင်မှုပိုင်း၊ နည်းပညာပိုင်း၊ တီထွင်ဆန်းသစ်မှုပိုင်းတွေမှာ ဦးဆောင်နေကြတာကြောင့် ဒီနိုင်ငံတွေရဲ့ အကျိုးစီးပွား အတွက်သာမက တစ်ကမ္ဘာလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက်ပါ အတူတကွ လုပ်ဆောင်ကြရမယ်လို့ ပြောပြသွားပါတယ်။
▪️ အစည်းအဝေးပွဲမှာ ရေမွန်ဒိုအပြင် ဂျပန်နဲ့ တောင်ကိုရီးယား စီးပွားကူးသန်း ဝန်ကြီးများဖြစ်တဲ့ ကင်ဆိုင်တိုနဲ့ အန်ဒေါ့ဂွန်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
▪️ ထိုတိုင်းပြည်များနဲ့ အင်ဒို-ပစိဖိတ်ဒေသမှ ပြည်သူများရဲ့ ဘေးကင်းလုံခြုံရေးနဲ့ သာယာဝပြောရေးတို့ကို မြှင့်တင်စေနိုင်မယ့် ဗျူဟာမြောက်နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားသွားမယ်လို့ အစည်းအဝေးအပြီးမှာ ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။
▪️ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ဘက်ထရီများ အပါအဝင် အဓိကကဏ္ဍတွေမှာ ထောက်ပံ့ရေးကွင်းဆက်များ ခိုင်မြဲရေး၊ AI ဘေးကင်းရေးစနစ်များ၊ အရေးကြီး တွင်းထွက်ပစ္စည်းများ၊ ဆိုက်ဘာလုံခြုံရေး၊ နည်းပညာအဆင့်အတန်း ချိန်ညှိချက်အပိုင်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထောက်ပံ့ရေးကွင်းဆက်တွေမှာ တရုတ်ကြီးစိုးမှုကို လျှော့ချဖို့အတွက် တရုတ်မှဝင်လာတဲ့ မရှိမဖြစ် တွင်းထွက်ပစ္စည်းတွေကို အခွန်တိုးမြှင့်ကောက်ခံဖို့ ကတိပြုခဲ့ပါတယ်။
ဒီအစည်းအဝေးဟာ ၃ နိုင်ငံကြား စက်မှုပူးပေါင်းဆောင်ရွက်ရေးနဲ့ ကမ္ဘာ့ဘေးအန္တရာယ်များကို ပူးပေါင်းတုန့်ပြန်ကြဖို့အတွက် အခြေခံကျတယ်လို့ အန်ဒေါ့ဂွန်က ဆိုပါတယ်။
#Source: Reuters
#World_Health
Published 27 June 2024
▪️ အမေရိကန် အနောက်မြောက်ပိုင်းဆေးရုံမှ ခွဲစိတ်ဆရာဝန်များဟာ လူနာတစ်ဦးကို မေ့ဆေးမပေးဘဲ သတိဝင်နေလျက်ဖြင့်ပင် ကျောက်ကပ်အစားထိုး ခွဲစိတ်မှု ပထမဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
▪️ မေလ ၂၄ ရက်နေ့မှာ ချီကာဂိုမှ အသက် ၂၈ နှစ်ရှိ ဂျွန်နီကိုးလတ်စ်ဟာ ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး နာကျင်မှုမရှိဘဲ နောက်တစ်နေ့မှာ ဆေးရုံဆင်းနိုင်ခဲ့ပါတယ်။
▪️ တကယ်လက်တွေ့ ဘာဖြစ်နေလဲဆိုတာ သိရတဲ့အတွက် စိတ်လှုပ်ရှားစရာ ကောင်းကြောင်း၊ ဘာခံစားမှုမှ မခံစားရကြောင်း၊ ထုံကျဥ်အောင် ပြုလုပ်ထားပေမယ့် ဘာတွေလုပ်နေလဲဆိုတာ သိနေရကြောင်း လူနာက ပြောပြသွားပါတယ်။
▪️ လူနာသတိရှိနေလျက် ကျောက်ကပ်အစားထိုးတာဟာ မေ့ဆေးလိုမျိုး ဘေးအန္တရာယ်တွေ လျော့ပါးသွားကာ ဆေးရုံမှာနေရတဲ့အချိန်လည်း များစွာသက်သာတယ်လို့ အစားထိုးခွဲစိတ်ဆရာဝန် ဆာတစ်ရှ်နာဒစ်က မီဒီယာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
▪️ ခွဲစိတ်နေစဥ်မှာပဲ လူနာကို သူ့ကျောက်ကပ်ပြသနိုင်ခဲ့ပြီး အစားထိုးခွဲစိတ်မှု နယ်ပယ်တစ်ခုလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
▪️ အခုဆိုရင် ထိုဆေးရုံမှာ အလားတူခွဲစိတ်မှုမျိုး ပြုလုပ်လိုတဲ့ လူနာများအတွက် အစီအစဥ်ဖန်တီးဖို့ ကြိုးပမ်းနေပါတယ်။
#Source: CBS News
#World_Health
Published 27 June 2024
▪️ အာကာသသို့ သွားရောက်ခြင်းနဲ့ ဆွဲငင်အား ပြောင်းလဲခြင်းတို့က လူ့ခန္ဓာကိုယ်ကို ထိခိုက်စေကြောင်း လေ့လာတွေ့ရှိလာကြပါတယ်။
▪️ ခန္ဓာကိုယ်အောက်ပိုင်း ဖိအားအနုတ်ပြခြင်းကို လိုက်ပြီး မျက်လုံးဖိအားက မလျော့ကျတာကြောင့် မျက်လုံးကို ထိခိုက်နိုင်တယ်လို့ ဖော်ပြလာကြပါတယ်။
▪️ အာကာသထဲမှာဆိုရင် ဂြိုဟ်ဆွဲငင်အား အပြောင်းအလဲကြောင့် ခန္ဓာကိုယ်ထဲမှ အရည်များ ပြောင်းလဲသွားကာ အထူးသဖြင့် မျက်လုံးနားတဝိုက်မှ သွေးကြောများကို သက်ရောက်နေတယ်လို့ ဆိုပါတယ်။
▪️ ကမ္ဘာမြေမှာလိုမျိုး ဆွဲအားက အရည်တွေကို အောက်သို့မဆွဲနိုင်တဲ့အတွက် နှလုံးသွေးကြောစနစ်မှာ ပြောင်းလဲကုန်တယ်လို့ အေရိုစပေ့စ်အင်ဂျင်နီယာရင်းဌာနမှ တွဲဖက်ပရော်ဖက်ဆာ ဒီယက်ဇ်အာတီလက်စ်က ပြောပြပါတယ်။
▪️ ပုံမှန်ဆိုရင် ခန္ဓာကိုယ်က မတ်တပ်ပုံစံ ဖြစ်နေတဲ့အခါ အရည်တွေက အောက်မှာစုနေပေမယ့် ဆွဲအားနည်းတဲ့အခါမှာတော့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ပျံ့နှံ့နေကြပါတယ်။
▪️ အာကာသသွားရောက်ခြင်းနဲ့ ဆက်စပ်တဲ့ စက္ခုအာရုံကြောရောဂါ(SANS) ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းကို အာတီလက်စ်နဲ့ သုတေသီအဖွဲ့က ဖြေရှင်းဖို့ကြိုးစားနေပါတယ်။
▪️ ဒီလေ့လာချက်ဟာ ခန္ဓာကိုယ်အတွင်း အရည်ပြောင်းလဲခြင်းနဲ့ SANS ပတ်သက်မှုကို ပိုမိုနားလည်စေနိုင်မှာ ဖြစ်ကြောင်း ပြောပြသွားပါတယ်။
#Source: WION
ရာစုနှစ်တိုင်အောင်ပျောက်ဆုံးနေခဲ့သော အီတလီပန်းချီဆရာ ကာရာဗက်ဂီယို၏ပန်းချီကား ပြတိုက်တွင်ပြသထား
နာမည်ကျော် အီတလီပန်းချီဆရာ ကာရာဗက်ဂီယိုရဲ့ ပျောက်ဆုံးနေတဲ့ ပန်းချီကားတစ်ချပ် လေလံတင်ပွဲမှာ ပြန်လည်ထွက်ပေါ်လာပြီး အခုဆိုရင် မက်ဒရစ်မြို ပရာဒိုပြတိုက်မှာ ပြသထားပါတယ်။
#World_Art
Published_ 26 June 2024
#အီတလီပန်းချီဆရာ #ကာရာဗက်ဂီယို
#YMG #Yangon_Times #Yangon_Media_Group
Page 256 of 976