၂၃ ဇွန် ၂၀၂၄
ဂျပန်ပြည်သူတွေရဲ့ ၁၀.၄ ရာခိုင်နှုန်းကသာ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါကို လာမယ့် စက်တင်ဘာမှာကျင်းပမယ့် ဘစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဝန်ကြီးချုပ်ဆက်လုပ်စေချင်တော့တယ်လို့ ကျိုဒိုသတင်းဌာနရဲ့ နောက်ဆုံး လူထုသဘောထားစစ်တမ်းအရသိရကြောင်း ဇွန် ၂၃ ရက် တနင်္ဂနွေနေ့က သတင်းဖော်ပြ ပါတယ်။
စနေနေ့မှ စတင်ပြီး နိုင်ငံအနှံ့ဖုန်းဖြင့် နှစ်ရက်တာ စစ်တမ်းကောက်ယူရာမှာ ကီရှီဒါဝန်ကြီးအဖွဲ့အပေါ် အတည်ပြုပေးတဲ့နှုန်း ကလည်း မေလက ၂၄.၂ရာခိုင်နှုန်းရှိခဲ့ရာမှ (၂)ရာခိုင်နှုန်းကျဆင်းကာ ၂၂.၂ ရာခိုင်နှုန်းသာရှိပါတော့တယ်။ဒါဟာ သူ့ရဲ့ မူဝါဒ စီမံခန့်ခွဲနေမှုတွေအပေါ် ဂျပန်ပြည်သူတွေက မကျေနပ်မှုကိုဆက်လက်ပြသနေတာပဲဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ကီရှီဒါအစိုးရအဖွဲ့အပေါ် အတည်မပြုတော့တဲ့ရာခိုင်နှုန်းက ယခင်အတိုင်းပဲ ၆၂.၄ ရာခိုင်နှုန်းဆက်ရှိနေ ပါတယ်။
ကီရှီဒါကို လူကြိုက်မများနေမှုတွေကြားထဲမှာ ၃၆.၆ ရာခိုင်နှုန်းက သူတို့အနေနှင့် ကီရှီဒါကို ဝန်ကြီးချုပ်ရာထူးကနေ မြန်နိုင် သမျှခပ်မြန်မြန်ဆင်းပေးစေချင်နေကြပါတယ်။
၇၈.၉ ရာခိုင်နှုန်းသော စစ်တမ်းထဲကပြည်သူတွေက ပြီးခဲ့တဲ့အပတ်တုန်းက ဂျပန်ပါလီမန်က အတည်ပြုခဲ့တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုရန်ပုံငွေစည်းမျည်းတွေဟာ နိုင်ငံရေးထဲ ပါနေတဲ့ ပိုက်ဆံပြဿနာတွေကို ရှင်းနိုင်မှာမဟုတ်ပါဘူးလို့ပြောနေ ကြပါတယ်။
ကီရှီဒါဦးဆောင်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအပေါ် ထောက်ခံမှုကလည်း ၂၆.၅ ရာခိုင်နှုန်းသာရှိပါတယ်။ ဒါပေမယ့် ယခင်စစ်တမ်းထက်တော့ ၁.၈မှတ်တက်လာပါတယ်။
အခြားပါတီတွေလည်း ထောက်ခံမှုကျဆင်းနေပြီး ဘယ်နိုင်ငံရေးပါတီမှမကြိုက်သူတွေကတော့ ၃၄.၈ ရာခိုင်နှုန်းသို့ တက်လာပါတယ်။
စစ်တမ်းကို မဲပေးခွင့်ရှိကြတဲ့ အိမ်ထောင်စု ၅၁၂ခုရဲ့ မိုဘိုင်းလ်ဖုန်းနံပါတ် ၂၆၂၄ ခုသို့ ခေါ်ဆိုခဲ့ပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။ အဲဒီအထဲက အိမ်ထောင်စု ၄၃၁ခုမှ မိုဘိုင်းလ်ဖုန်း ၆၂၅ခုက ပြန်လည်တုန့်ပြန်ပေးခဲ့ပါတယ်။
Source Kyodo News
၂၃ ဇွန် ၂၀၂၄
တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးက တရုတ်နိုင်ငံ တောင်ပိုင်း ဒေါင်ဂွမ်မြို့မှာကျင်းပတဲ့ ယင်းရဲ့ နှစ်ပတ်လည် developer ဒက်ဗလိုပါ ကွန်ဖရင့်မှာ နယ်ပယ်စုံသုံးလို့ရမယ့် ဉာဏ်ရည်တုနည်းပညာ အသုံးချမှု အသစ်တွေကို စတင်မိတ်ဆက်လိုက်ပါတယ်။
Source CCTV+
#World_Health
Published 23 June 2024
▪️ အစ္စရေးလ်နိုင်ငံဟာ ခြေထောက်ဖြတ်ပစ်မှုနှုန်း အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
▪️ ဒါဟာ သွေးကြောပိတ်ဆို့မှုတွေကို တဝက်တပျက်ပဲ ကုသခြင်း ဒါမှမဟုတ် မကုသဘဲ ပစ်ထားခြင်းတို့ကြောင့် အဓိကဖြစ်ပွားနေပါတယ်။
▪️ ခြေထောက်သွေးကြောထဲမှာ ပူစီဖောင်းထည့်ခြင်း၊ သတ္တုချောင်းထည့်ခြင်းတို့ဖြင့် ကုသလို့ရပေမယ့် ဒီနည်းလမ်းက အားလုံးကို မကုသနိုင်သလို လက်ရှိနည်းပညာများက အလွန်ပိတ်ဆို့နေခြင်းကို ထိရောက်မှုမရှိပါဘူး။
▪️ နေတန်ညာ လာနီယာဒိုဆေးကုသဌာနမှ ဒေါက်တာ အာချီဟုဒ်ဘန့်ဒ်က လေဆာကိရိယာကို အသုံးပြုပြီး လူနာခြေထောက်သွေးကြောထဲက ပိတ်ဆို့မှုတွေကို ပထမဦးဆုံးအနေဖြင့် ဖွင့်ပေးနိုင်ခဲ့ပါတယ်။
▪️ အစ္စရေးလ်မှ Eximo Medical ကုမ္ပဏီက လေဆာလှိုင်းအသုံးပြုပြီး သွေးကြောနံရံတွေထဲက ပိတ်ဆို့မှုတွေကို ဖြိုခွဲနိုင်မယ့် ပစ္စည်းကိရိယာကို တီထွင်ခဲ့ပါတယ်။
▪️ ထိုကုသနည်းဟာ အမေရိကန်မှာ လုပ်ဆောင်နေကျဖြစ်ပြီး ယခုအချိန်အထိ ခြေထောက်သွေးကြော ကုသမှုပေါင်း သိန်းခန့် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
▪️ အစ္စရေးလ်မှာလည်း ပထမဆုံးကုသမှုပြုလုပ်ဖို့ သွေးကြောရောဂါ အပြင်းအထန်ဖြစ်နေတဲ့ လူနာတစ်ဦးကို ရှာဖွေခဲ့ကြပါတယ်။
▪️ လေဆာနည်းပညာက သွေးကြောများ ကျဥ်းမြောင်းပိတ်ဆို့ခြင်းနဲ့ ယခင်က မကုသနိုင်ခဲ့တဲ့ နေရာတွေကိုပါ ကုသလာနိုင်ကြောင်း၊ ခြေထောက်ဖြတ်တောက်ခြင်းမှ ကာကွယ်လာနိုင်ပြီး လူနာတွေရဲ့ ဘဝကိုမြှင့်တင်နိုင်ပြီဖြစ်ကြောင်း ဒေါက်တာဘန့်ဒ်က ပြောပြသွားပါတယ်။
#Soure: The Jerusalem Post
#World_Health
Published 23 June 2024
▪️ အသီးအနှံအားလုံးက ကျန်းမာရေးအတွက် ကောင်းမွန်ပေမယ့် အချို့အသီးတွေက သကြားပါဝင်မှု နည်းပါးသလို အာဟာရတန်ဖိုးလည်း ကြွယ်ဝပါတယ်။
▪️ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ နာတာရှည်ရောဂါများ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ ရေဓာတ်ပါဝင်ပြီး အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ အကူအညီဖြစ်စေပါတယ်။
▪️ ဒါကြောင့် သကြားပါဝင်မှု အနည်းဆုံး အသီးအနှံတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ထောပတ်သီး - ကောင်းကျိုးပြု ကိုလက်စ်ထရောလ်များ ပါဝင်ပြီး ဗိုက်တာမင်-အေ၊ ဒီ၊ အီးတို့ကို စုပ်ယူပေးပါတယ်။
▪️ (၂) သံပယိုနှင့် သံပရာသီးမျိုး - ဗိုက်တာမင်-စီ ကြွယ်ဝစွာပါဝင်ပြီး မကောင်းတဲ့ ကိုလက်စ်ထရောလ်များကို လျှော့ချပေးကာ သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။
▪️ (၃) ရက်စ်ဘယ်ရီ - ဗိုက်တာမင်-စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ နာတာရှည်ရောဂါများ ကာကွယ်ပေးပါတယ်။
▪️ (၄) ဘလက်ခ်ဘယ်ရီ - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ကင်ဆာဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
▪️ (၅) ဂရိတ်ဖရုသီး - ဗိုက်တာမင်-စီနဲ့ အေတို့ပါဝင်တာကြောင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေပြီး မျက်လုံးကျန်းမာစေပါတယ်။
▪️ (၆) စတော်ဘယ်ရီ - နှလုံးဇီဝကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ကျစေကာ နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။
▪️ (၇) သခွားမွှေးသီး - ၉၀ ရာခိုင်နှုန်းက ရေဓာတ်ဖြစ်ပြီး အရည်ပြည့်ဝစေတာကြောင့် အစာကြေစေကာ ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။
▪️ (၈) မက်မွန်သီး - ကယ်ရိုတင်နွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး မျက်လုံးနဲ့ အူတို့ရှိ အမြှေးပါးများကို အကာအကွယ်ပေးပါတယ်။
▪️ (၉) လိမ္မော်သီး - ဗိုက်တာမင်-စီ အလွန်ပေါများတာကြောင့် ရောဂါဘယများကို ကာကွယ်ပေးပြီး ရောင်ရမ်းခြင်းကိုလည်း ဆန့်ကျင်ပေးပါတယ်။
▪️ (၁၀) ကီဝီသီး - အိပ်စက်မှုဟော်မုန်းကို ထုတ်လုပ်ပေးကာ အိပ်စက်ခြင်းကို အထောက်အကူပြုစေသလို ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
#Soure: Telegraph
အာဖရိကတိုက်ရဲ့ လူဦးရေအများဆုံး နိုင်ဂျီးရီးယားမှာ မိုးရာသီပိုမိုပြင်းထန်လာပြီး ကာလဝမ်းရောဂါ ပျံ့ပွားမှုက ပြည်သူများကြား စိုးရိမ်စရာ ဖြစ်လာပါတယ်။
#World_Disease
Published 22 June 2024
#နိုင်ဂျီးရီးယား #ကာလဝမ်းရောဂါပျံ့ပွား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 22 June 2024
၁။ ယူ-၁၂ လူငယ်ကစားသမားများ ထပ်မံရွေးချယ်ခေါ်ယူပြီး ဘောလုံးအကယ်ဒမီကျောင်းများတက်ခွင့်ပေးမည်
၂။ နွားမွေးမြူရေး ဈေးကွက်အလားလာကောင်းလာသဖြင့် မွေးမြူသူများလာ
၃။ ဥထွက်နှုန်းကျဆင်း၍ ဘဲဥအဝင်နည်းပြီး ဈေးနှုန်းမြင့်တက်
၄။ နိုင်ဂျီးရီးယားတွင် ကာလဝမ်းရောဂါပျံ့ပွားလျက်ရှိပြီး အသက်အန္တရာယ်စိုးရိမ်လာရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 22 June 2024
▪️ ယခုလအတွင်း တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် နျူကလီးယားစွမ်းအင်သုံး အမေရိကန် လေယာဥ်တင်သင်္ဘောကြီး သီယိုဒေါရုစ်ဗဲ့လ်ဟာ တောင်ကိုရီးယား ဘူဆန်ဆိပ်ကမ်းမြို့သို့ စနေနေ့မှာ ရောက်ရှိလာကြောင်း တောင်ကိုရီးယားရေတပ်က ပြောကြားလိုက်ပါတယ်။
▪️ ထို ၃ နိုင်ငံခေါင်းဆောင်တွေဟာ နှစ်စဥ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် ၂၀၂၃ ဩဂုတ်လတုန်းက ကျင်းပတဲ့ ကမ့်ဒေးဗစ်အစည်းအဝေးပွဲမှာ သဘောတူညီခဲ့ကြပြီး တောင်တရုတ်ပင်လယ်မှာ တရုတ်ပြုမူနေတဲ့ ရန်ဆောင်မှုလုပ်ရပ်တွေကို ရှုတ်ချခဲ့ကြပါတယ်။
▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားသို့ လာရောက်ခဲ့ပြီး ခေါင်းဆောင်ကင်မ်ဂျုံအန်းနဲ့ အပြန်အလှန် ကာကွယ်ရေးသဘောတူညီချက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
▪️ ဒါဟာ ယခုနှစ်များအတွင်း အာရှမှာ ရုရှားတို့ အထင်ရှားဆုံးလှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်ပြီး ကင်မ်ဂျုံအန်းက မဟာမိတ်အဖြစ်သို့ ရောက်ရှိလာပြီလို့ ဖော်ပြခဲ့ပါတယ်။
▪️ လွန်ခဲ့တဲ့ ၇ လကလည်း မြောက်ကိုရီးယား နျူကလီးယားနဲ့ ဒုံးကျည်အစီအစဥ်များကို ဟန့်တားတဲ့အနေဖြင့် အမေရိကန် လေယာဥ်တင်သင်္ဘောကားလ်ဗင်ဆန် တောင်ကိုရီးယားသို့ ရောက်ရှိခဲ့ပါသေးတယ်။
#Source: Reuters
Page 259 of 976