#World_Health
Published 03 August 2025
▪️ ဂွာဒီလုမှ အမျိုးသမီးတစ်ဦးဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံး သွေးအမျိုးအစားပိုင်ဆိုင်ထားပါတယ်။
▪️ အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး Gwada negative သွေးအမျိုးအစားဝင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်ပါတယ်။
▪️ ဒါကိုတွေ့ရှိတဲ့ ပြင်သစ်သွေးအဖွဲ့အစည်း သိပ္ပံပညာရှင်များက မီလန်ကွန်ဂရက်မှာ ဖော်ပြသွားပါတယ်။
▪️ ၂၀၀၁ ခုနှစ် ပဲရစ်မှာနေစဉ်က သွေးစစ်ဆေးမှုများ ပြုလုပ်ရာမှာ ဆရာဝန်တွေက သူမနဲ့ သွေးအမျိုးအစားကိုက်ညီသူကို ရှာမရခဲ့ပါဘူး။
▪️ ၂၀၁၉ မှာတော့ အဆင့်မြင့်နည်းပညာဖြင့် လူနာရဲ့ မျိုးဗီဇပစ္စည်းတစ်စုံလုံးကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ PIGZ မျိုးဗီဇမှာ ပြောင်းလဲမှုဖြစ်ပေါ်နေကာ မိဘတွေကလည်း အဆိုပါ ဗီဇပြောင်းလဲခြင်းမျိုး ရှိနေပါတယ်။
▪️ ဒီအမျိုးသမီးရဲ့သွေးက ကမ္ဘာပေါ်မှာ သူတစ်ဦးတည်းသာရှိတယ်လို့ ဇီဝပညာရှင် သီယာရီပေရတ်က ပြောပါတယ်။
▪️ သွေးအုပ်စုစနစ်တွေက သွေးထိုးသွင်းရာမှာ မရှိမဖြစ်လိုအပ်ပြီး အမျိုးအစားမတူတဲ့ သွေးတွေဆိုရင် ခန္ဓာကိုယ်က လက်မခံပါဘူး။
▪️ ABO နဲ့ Rh သွေးအမျိုးအစားတွေအရ အဓိကအားဖြင့် သွေးအုပ်စုကြီး ၈ မျိုးရှိပေမယ့် အုပ်စုငယ်တွေနဲ့ဆိုရင် ၄၅ မျိုးရှိထားပါတယ်။
▪️ ဒီအမျိုးအစားရှိတဲ့ တခြားသူတွေရှိမလားဆိုတာကို စူးစမ်းလေ့လာဖို့ သုတေသီတွေ စီစဉ်နေကြပါတယ်။
▪️ ရှားပါးသွေးအမျိုးအစားပိုင်ရှင်တွေကို ပိုမိုဂရုစိုက်သွားရမယ့် သဘောဖြစ်ကြောင်း သွေးအဖွဲ့အစည်းက ပြောထားပါတယ်။
#Source: New York Post