#WorldScience
Published 5 July 2022
လေယာဉ်တွေရဲ့ အဓိကပြဿနာတစ်ရပ်က လောင်စာဆီအပေါ်မှီခိုနေရတာဖြစ်ပြီး လောင်စာဆီတွေဟာ အကန့်အသတ်နဲ့သာရရှိနေသလို ရာသီဥတုဖောက်ပြန်ခြင်းနဲ့လည်း ပါဝင်ပတ်သက်နေပါတယ်။
အခုဆိုရင် မြေကြီးထဲက ဘက်တီးရီးယားတွေကနေရရှိတဲ့ ကာဗွန်မော်လီကျူးကိုအသုံးချပြီး လေယာဉ်လောင်စာဆီထုတ်လုပ်နိုင်အောင် သုတေသီများကနည်းလမ်း ရှာဖွေတွေ့ရှိထားပါတယ်။
ဓာတုဗေဒသဘောအရ စွမ်းအင်လိုအပ်တဲ့အရာတိုင်းဟာ ပြိုကွဲတဲ့အခါ စွမ်းအင်ထွက်ရှိစေပြီး လေယာဉ်သုံးလောင်စာဆီတွေမပါဘဲနဲ့ စွမ်းအင်အမြောက်အများထွက်ပေါ်နိုင်ဖို့ သိပ္ပံပညာရှင်တွေက လေ့လာစဉ်းစားခဲ့ကြကြောင်း ဒိန်းမတ်နည်းပညာတက္ကသိုလ်မှ အဏုဇီဝပညာရှင်'ပါဘလိုခရုဇ်မိုရာလက်စ်'က ပြောပြခဲ့ပါတယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဓာတုအင်ဂျင်နီယာတစ်ဦးဖြစ်သူ'ဂျေကီစလင်း'က streptomyces လိုခေါ်တဲ့ ဘက်တီးရီးယားကနေထုတ်လုပ်တဲ့ Jawsamycin မော်လီကျူးကိုထုတ်လုပ်ဖို့ စိတ်ကူးရခဲ့တာဖြစ်ပါတယ်။
ထုတ်ဖော်တဲ့နည်းလမ်းက သဘာဝအတိုင်းရှိနေပြီးသားဖြစ်ပြီး ဘက်တီးရီးယားတွေက ဂလူးကိုစ်ဖြိုခွဲတဲ့အခါ မော်လီကျူးတွေထွက်လာတာဖြစ်ပါတယ်။
ဖြိုခွဲတဲ့ဖြစ်စဉ်ကြောင့် မော်လီကျူးတွေကနေ စွမ်းအင်တွေရရှိနိုင်တာဖြစ်ပါတယ်။
ဘက်တီးရီးယားတွေကနေရရှိမယ့်လောင်စာက ဇီဝဒီဇယ်လိုလုပ်ဆောင်နိုင်မှာဖြစ်ကြောင်း 'ခရုဇ်မိုရာလက်စ်'ကရှင်းပြပါတယ်။
ဖက်တီးအက်ဆစ်လောင်ကျွမ်းဖို့ လိုအပ်တဲ့အပူချိန်ထက် လျော့နည်းအောင်လောင်ကျွမ်းစေဖို့လိုပေမယ့် လောင်ကျွမ်းပြီဆိုတာနဲ့ အာကာသထဲကို ဒုံးကျည်ပစ်လွှတ်လိုရလောက်တဲ့အထိ စွမ်းအားမြင့်ပါတယ်။
ဇီဝနည်းလမ်းအရ လောင်စာထုတ်လုပ်နိုင်ရင် ရေနံလောင်စာတွေကို အသုံးပြုစရာအကြောင်းမရှိတော့ပါဘူးလို့ ဆိုပါတယ်။
Joule ဂျာနယ်မှာ ဇွန်လ ၃၀ ရက်နေ့က သုတေသီတွေရဲ့တွေ့ရှိချက်ကိုဖော်ပြခဲ့ရာ ဒီလိုလောင်စာကို လေယာဉ်တွေမှာလက်တွေ့အသုံးပြုနိုင်စေရန်အတွက် ထပ်မံတိုးချဲ့လေ့လာဖော်ထုတ်သွားဖို့ မျှော်လင့်နေကြောင်း သိရှိရပါတယ်။
"အခုအချိန်မှာတော့ ရုပ်ကြွင်းလောင်စာတွေကိုမှီခိုနေရတာက ပြဿနာဖြစ်နေပါတယ်၊ ဒါဟာ နည်းပညာပိုင်းအတွက်သာမဟုတ်ဘဲ ကမ္ဘာတစ်ခုလုံးရဲ့ ပထဝီနိုင်ငံရေးအရရော လူမှုနိုင်ငံရေးအဖွဲ့အစည်းတွေမှာပါ သက်ရောက်နေပါတယ်၊ အခုလက်ရှိမှာ ပြင်ဆင်မှုတွေပြုလုပ်နေရတာက ရုပ်ကြွင်းလောင်စာတွေက တချိန်ချိန်မှာ ကုန်ခမ်းသွားနိုင်ပြီး အခြားနည်းလမ်းတွေနဲ့ လောင်စာရရှိဖို့ကြိုးပမ်းလာရနိုင်ပါတယ်" လို့ 'ခရုဇ်မိုရာလက်စ်'ကပြောကြားခဲ့ပါတယ်။
Source: DailyMail
#Yangon_Media_Group
Published 5 July 2022
အမေရိကန် ချီကာဂိုမြို့ဆင်ခြေဖုံးတစ်နေရာမှာ လွတ်လပ်ရေနေ့ စီတန်းလမ်းလျှောက်ပွဲတစ်ခုအတွင်း ခေါင်းမိုးတစ်ခုပေါ်ကနေ သေနတ်သမားတစ်ဦးက ပစ်ခတ်ရာ အနည်းဆုံးလူ(၆)ဦးသေဆုံးပြီး လူ၃၀ကျော်ဒဏ်ရာရရှိသွားကြပါတယ်။ သေနတ်နှင့်ပစ်ခတ်မှုကြောင့် စီတန်းလမ်းလျှောက်လာကြတဲ့ ရာပေါင်းများစွာသော သူတွေ၊ကလေးတွေပါတဲ့တွန်းလှည်းကလေးတွေတွန်းလာတဲ့ မိဘတွေဟာ ကြောက်ကြောက်လန့်လန့်နှင့် ထွက်ပြေးသွားကြတယ်လို့ ရဲကပြောပါတယ်။
အာဏာပိုင်တွေဟာ အသက်၂၂နှစ်အရွယ် အမျိုးသားတစ်ဦကို သေနတ်ပစ်မှုနှင်ပတ်သက်ပြီး နာရီများစွာ ရှာဖွေကြပြီးနောက် တနင်္လာနေ့ ညပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။
ဇူလိုင်၄ရက်ပစ်ခတ်မှုဟာ အမေရိကန်မှာ ကျောင်းတွေ၊ဘုရားရှိခိုးကျောင်းတွေ၊ကုန်စုံဆိုင်တွေ၊လူတွေကို ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် အခု လူထုချီတက်ပွဲကို နောက်ဆုံးပစ်ခတ်ခြင်းဖြစ်ပါတယ်။ ဒီအချိန်မှာတော့ အမေရိကန်ဟာ နိုင်ငံတည်ထောင်ခြင်းအထိမ်းအမှတ် ဆင်နွှဲနေကြချိန် အပစ်ခံကြရခြင်းပါ။
“ အမေရိကန်နိုင်ငံ အောင်ပွဲခံနေတာကို ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ကင်းတဲ့ အမေရိကန်ကပ်ဆိုးကြီးက ဆုတ်ဖြဲပစ်လိုက်တာဟာ ယူကျုံးမရဖြစ်စရာပါ” လို့ အီလီနွိုက်စ်အုပ်ချုပ်ရေးမှူး ဂျေဘီ ပရစ်ဇကာက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ကျည်ဆံဒါဇင်ပေါင်းများစွာကို ချီတက်နေတဲ့ လူအုပ်ကြီးထဲ မနက် ၁၀နာရီ ၁၅ မိနစ်ခန့်မှာ ပစ်ခတ်တဲ့အတွက် သွေးသံရဲရဲဖြစ်ကုန်ပြီး လူတွေ ရုတ်ရုတ်သည်းသည်း ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။
သံသယရှိသူရဲ့ဓာတ်ပုံနှင့်သူ့ရဲ့ ငွေရောင်ဟွန်ဒါဖစ်ကားဓာတ်ပုံကို ရဲက ထုတ်ပြန်ပေးပြီးနောက် နာရီပေါင်းများစွာအကြာမှာ ပစ်ခတ်တဲ့နေရာကနေ (၅)မိုင်ခန့်အကွာမှာရှိတဲ့ အသက်၂၂ နှစ်အရွယ် ရောဘတ်အီး ကရင်မိုသရီး ကို ဆွဲထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သေဆုံးသူတွေအထဲမှာ မက္ကဆီကိုလူမျိုးတစ်ဦးဖြစ်တဲ့ ရောဘတ်တို ဗီလင်စကိုဆိုသူပါဝင်ပြီး အခြားမက္ကဆီကိုနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲကပြောပါတယ်၊
သမ္မတဂျိုးဘိုင်ဒင်က သူနှင့်သမ္မတကတော်ဂျီဘိုင်ဒင်တို့ဟာ အမေရိကန် လွတ်လပ်ရေးနေ့မှာ အဓိပ္ပါယ်မဲ့တဲ့ သေနတ်အကြမ်းဖက်မှု ထပ်ဖြစ်ရလို့ အမေရိကန် လူ့အဖွဲ့အစည်းတစ်ခုအတွက် ကြေကွဲစရာတွေထပ်ဖြစ်ရပြီလို့ပြောလိုက်ပါတယ်။
Source AP/Reuters






#Health_Science
Published 4 July 2022
သိပ္ပံပညာရှင်များနဲ့ စေတနာ့ဝန်ထမ်းများအဖွဲ့က အမေရိကန်အရှေ့ကမ်းရိုးတန်းရှိ ဒယ်လာဝယ်ပင်လယ်အော်တလျှောက် ကာကွယ်ထိန်းသိမ်းထားတဲ့ကမ်းခြေမှာ မြင်းခွာဂဏန်းများကို စူးစမ်းလေ့လာဖို့အတွက် ထွက်လာကြပါတယ်။
#Yangon_Media_Group
Published 4 July 2022
ရုရှားက ဓာတ်ငွေ့ပိတ်ပစ်လိုက်နိုတဲ့ အခြေအနေရှိနေတဲ့အတွက် အဲဒါကိုကြိုတင်ပြင်ဆင်တဲ့အနေနှင့် ဂျာမဏီအစိုးရက ယင်းရဲ့ စွမ်းအင်လုံခြုံရေးဥပဒေကို ပြန်လည်မွမ်းမံမယ်လို့ ဒုတိယ အဓိပတိ ရောဘတ် ဟာဘက်က တနင်္ဂနွေနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒါကြောင့် ဂျာမန်မှ သုံးစွဲသူတွေဟာ စွမ်းအင်တွေကို ဈေးပိုကြီးလာမှာကို ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
ဓာတ်ငွေ့ ပြတ်တောက်သွားတာဩာ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေနှင့် အဆောက်အဦတွေကို ထိခိုက်မှုရှိ အသေအချာရှိလိမ့်မယ်လို့ ဖက်ဒရယ်စီးပွားရေးရာနှင့် ရာသီဥတုဆိုင်ရာ ဝန်ကြီးလည်းဖြစ်တဲ့ ဟာဘက်က သတိပေးလိုက်ပါတယ်။ အဲဒါကြောင့် အသုံးပြုသူတွေဟာ ထပ်တိုးကုန်ကျစရိတ်တွေကို ညီတူ မျှခံကြ ရလိမ့်မယ်လို့ သူက ပြောပါတယ်။
ဂျာမနီဟာ ၂၀၂၂ခုနှစ် နှစ်ကုန်မှာ ရုရှဦးထံမှ ရေနံတင်ပို့တာကို ရပ်ပစ်ဖို့ နှင့် ၂၀၂၄ နှစ်လယ်မှာ ရုရှားဆီက ဓာတ်ငွေ့ မှီခိုနေရတာကနေ လွတ်ကင်းတဲ့ နိုင်ငံဖြစ်ဖို့ စီစဉ်နေပါတယ်။
ဂျာမန်ရဲ့ နိုင်ငံအဆင့်သတင်းစာတစ်စောင်ဖြစ်တဲ့ The World က ဂျာမန်ဟာ ရုရှားထံမှ ရေနံတင်သွင်းနေရတာတွေကို အောင်မြင်စွာကြံ့ကြံခံမယ်လို့ ဟာဘက်ကမှတ်ချက်ပေးထားတာကို စိန်ခေါ်ခဲ့ပါတယ်။
ဧပြီလကုန်မှာ ရုရှားထံကနေ ဂျာမနီက ရေနံတင်သွင်းနေတာဟာ မတ်လမှာ စုစုပေါင်းရေနံတင်ပိုမှုရဲ့ ၃၇ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၁၂ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တယ်လို့ ဟာဘက်ကပြောပါတယ်။ ဒါပေမယ့် ဖက်ဒရယ်စီးပွားရေးရာနှင့်ရာသီဥတုဆိုင်ရာဝန်ကြီးဌာနရဲ့ မေလ ကိန်းဂဏန်းတွေမှာတော့ ၂၇.၈ ရာခိုင်နှုန်းလို့ ပြနေပါတယ်။
ပြီးခဲ့တဲ့နှစ်က ဂျာမနီရဲ့ စုစုပေါင်း ဓာတ်ငွေ့တင်ပို့မှုရဲ့ ၅၅ ရာခိုင်နှုန်းကို ရုရှားက တင်သွင်းနေရတာပါ။ အဲဒီအပြင် ရေနံရဲ့ ၃၅ ရာခိုင်နှုန်းကလည်း ရုရှားဆီကဝယ်နေရတာဖြစ်ပါတယ်။
Source: CCTV+
#DailyNews
Published - 4 July 2022
၁။ မြန်မာ့လက်မှုပစ္စည်းလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်အောင် ဖြေလျော့မှုအချို့ဆောင်ရွက်ပေးရန် လိုဟုဆို
၂။ ရန်ကုန်ရွှေဈေးကွက် တည်ငြိမ်နေကာ လိုင်စင်လျှောက်သူပိုမိုများပြားနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကာကွယ်ဆေးဘေးကင်းစိတ်ချရရေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ မြင်းခွာဂဏန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Breaking_News
Published 4 July 2022
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုမှာ တနင်္ဂနွေနေ့ကသေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဒိန်းမတ်ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ်ဒိန်းမတ်လူမျိုးကို ဖမ်းမိခဲ့ပြီး လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။

ယခုအပတ်အတွင်း ဒိန်းမတ်နိုင်ငံမှာ ပြင်သစ်စက်ဘီးမာရသွန်ပြိုင်ပွဲလက်ခံကျင်းပလျက်ရှိပြီး အများပြည်သူများပျော်ရွှင်နေကြတဲ့ကာလမှာ အခုလိုတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

"ဒိန်းမတ်မှာ တနင်္ဂနွေနေ့ညက ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ၃ ဦးသေပြီး လူအများအပြားဒဏ်ရာရခဲ့ပါတယ်။ ဈေးဝယ်ထွက်လာတဲ့သူတွေ စားကြသောက်ကြတဲ့သူတွေ ကလေးတွေ လူကြီးတွေ အပြစ်မဲ့သူတွေပါဝင်ခဲ့ကြပါတယ်" လို့ ဝန်ကြီးချုပ်'မတ်ဖရက်ဒရစ်ဆန်'က ထုတ်ပြန်ခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့လှပလုံခြုံတဲ့မြို့တော်ကြီးဟာ တခဏအတွင်းမှာပဲ ပြောင်းလဲသွားခဲ့ပါတယ်၊ အခုလိုခက်ခဲတဲ့အချိန် ဒိန်းမတ်ပြည်သူတွေအနေနဲ့ အတူတကွရပ်တည်ပြီး အချင်းချင်းထောက်ပံ့ကူညီကြဖို့ တိုက်တွန်းလိုပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်းသတင်းရရှိပြီးနောက် တနင်္ဂနွေနေ့မွန်းလွဲအချိန်မှာ မြိုတော်ရှိ Field ဈေးဝယ်စင်တာကို လက်နက်ကိုင်အရာရှိတွေစေလွှတ်ခဲ့ကြောင်း ကိုပင်ဟေဂင်ရဲတပ်ဖွဲ့က ဆိုပါတယ်။
အဲဒီနောက် စင်တာထဲကလူတွေကို အထဲမှာပဲနေပြီး အကူအညီစောင့်ဆိုင်းဖို့မှာကြားခဲ့ကြပါတယ်။
ပြည်တွင်းမီဒီယာရဲ့ ဗီဒီယိုရုပ်သံထုတ်လွှင့်မှုမှာ ဈေးဝယ်စင်တာထဲက ဈေးဝယ်သူတွေအလန့်တကြားပြေးလွှားနေကြတာကို ဖော်ပြထားပါတယ်။
သံသယရှိသူတရားခံက ညနေ ၅ နာရီ ၄၈ မိနစ်မှာ ဖမ်းမိခဲ့ပြီး ရိုင်ဖယ်သေနတ်တစ်လက်နဲ့ ကျည်ဆံတွေ သယ်ဆောင်ထားပါတယ်။
ကြံရာပါတွေရှိနိုင်လားဆိုတာကို သိရဖို့ အနီးအနားဝန်းကျင်ကိုလည်း ပိုက်စိပ် တိုက်ရှာဖွေခဲ့ကြပါတယ်။
တရားခံတစ်ယောက်တည်းဆိုတာကို အသေအချာမသိရသေးခင်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။
သေနတ်သမားရဲ့ပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ်လူတစ်ဦးနဲ့ အသက်ငယ်ရွယ်သူအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်းသေဆုံးခဲ့ပါတယ်။
ဒဏ်ရာရရှိသူ အများအပြားလည်းရှိခဲ့ပြီး ၃ ဦးက စိုးရိမ်ရတဲ့အနေအထားရှိပါတယ်။
စုံစမ်းစစ်ဆေးမှုအရ အကြမ်းဖက်မှုမှာ လူမျိုးရေးခွဲခြားခြင်းမျိုး စတဲ့အခြေအနေမျိုးလည်း မတွေ့ရှိရပါဘူး။
မြို့တော်ရှိအဓိက ဆေးရုံတစ်ခုဖြစ်တဲ့ Rigshospitalet ဆေးရုံမှာ လူနာအချို့ကုသခံယူဖို့ရောက်ရှိလာကြပြီး နောက်ထပ်ဆရာဝန်တွေနဲ့ သူနာပြုတွေကိုပါ ထပ်ခေါ်ခဲ့ရကြောင်းသိရှိရပါတယ်။
ဗီဒီယိုတစ်ခုမှာတော့ လူတစ်ယောက်က ရိုင်ဖယ်သေနတ်ကြီးကို ပခုံးပေါ်မှာဝှေ့ရမ်းပြီး ဈေးဝယ်စင်တာထဲသွားနေခဲ့ကာ အလိုမကျဖြစ်နေပြီး အော်ငေါက်နေခဲ့ပါတယ်။
"အစပိုင်းကတော့ သူ့ကိုသူခိုးလိုထင်နေကြတာပါ၊ နောက်တော့ ပစ်ခတ်သံတွေကြားပြီး စတိုးဆိုင်ကောင်တာအနောက်မှာ ပုန်းနေခဲ့ရတယ်၊ အပေါ်ကိုထောင်ပစ်တာမဟုတ်ပါဘူး၊ လူအုပ်ထဲကိုပစ်တာပါ" လို မျက်မြင်တစ်ဦးကပြောပြပါတယ်။
ဒီအဖြစ်အပျက်မှာပါဝင်ခဲ့တဲ့သူတွေ၊ မိသားစုဝင်တွေ၊ သက်ဆိုင်သူတွေအတွက် အလွန်ဝမ်းနည်းကြေကွဲမိပါတယ်လို့ ဒိန်းမတ်ဘုရင်မကြီးနဲ့ အိမ်ရှေ့မင်းသားတိုစုံတွဲက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တနင်္လာနေ့မှာ တရားခံကို တရားခွင်စစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။
Source: Reuters.
#Yangon_Media_Group
Published 4 July 2022
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပုဂံမြို့မှာ လက်ခံကျင်းပတဲ့ (၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့ဇူလိုင် (၄)ရက် မနက်တွင် စတင်ကျင်းပခဲ့ပါတယ်။
အဆိုပါအစည်းအဝေးမှာ မြန်မာ နိင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပါတယ်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေနှင့်အတူ အခြား အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ Prak Sokhonn ၊ လာအို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Saleumxay Kommasithi ၊ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Don Pramudwinai နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bui Thanh Son တို့ တက်ရောက်ကြပါတယ်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှာ တရုတ်နိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင် တစ်ဆက်တစ်စပ်ကုန်းမြေ(၅)နိုင်ငံဖြစ်တဲ့ မြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။



Page 1015 of 1167