#Daily_News
#TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)
Published_3 January 2024
၁။ ယခုလတွင် ဒေသ(၂)ခုတွင် မိုးပိုရွာပြီး ဒေသ(၅)ခုတွင် မြူပိုကျမည်၊ ယခုရက်ပိုင်းအတွင်း ဒေသ(၁၀)ခု၌ ညအပူချိန်များ ကျဆင်းမည်
၂။ ၂၀၂၄ခုနှစ်အတွင်း ပြောင်းဈေးမြင့်လာပြီး ဈေးကွက်ကောင်းမွန်လာနိုင်မည့် အနေထားရှိကြောင်း ပြောင်းကုန်သည်များ သုံးသပ်
၃။ မော်တော်ယာဉ်မူဝါဒသစ် ကားဈေးကွက်အပေါ် သက်ရောက်မှုမရှိ၊ SKD,CKDကားများ ထွက်ရှိလာမှသာ ဈေးကွက်ကျနိုင်ဟုဆို
၄။ အဟောင်းတွေကို မဖျက်ဆီးဘဲ အသစ်တွေကို တည်ငြိမ်စွားတိုးချဲ့စီးပွားရေးမြှင့်တင်မည်ဟု တရုတ်သမ္မတရှီကျင့်ဖျင်ပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၃ ဇန်နဝါရီ ၂၀၂၃
အင်္ဂါနေ့က လေယာဉ်ပြေးလမ်းမှာ လေယာဉ်နှစ်စီးကြောက်မက်ဘွယ်ရာတိုက်မိခဲ့ပြီးနောက် ဂျပန်နိုင်ငံ တိုကျို ဟာနေဒါ လေဆိပ်မှာ ဗုဒ္ဓဟူးနေ့က လေယာဉ်ခရီးစဉ်အများအပြား ဖျက်သိမ်းခဲ့ရလို့ ထောင်ပေါင်းများစွာသော ခရီးသည်တွင် အခက်အခဲ တွေ့နေကြရပါတယ်။
Source CCTV+
Published 03 January 2024
အစ္စရေးလ်တို့က ဟားမတ်စ်ဘက်မှ လက်ထောက်ခေါင်းဆောင် ဆာလက်အယ်အရူရီကို လက်ဘနွန်မြို့တော် ဘီရုမှာ ဒရုန်းတိုက်ခိုက်မှုဖြင့် အင်္ဂါနေ့က သတ်ပစ်ခဲ့ကြောင်း လက်ဘနွန်နဲ့ ပါလက်စ်တိုင်း လုံခြုံရေးရင်းမြစ်များက ဆိုလိုက်ပြီး စစ်ပွဲဂယက်က ဂါဇာကမ်းမြောင်ဒေသကို ကျော်လွန်လာနိုင်ခြေ ရှိနေပါတယ်။
ဂါဇာကို စိုးမိုးထားတဲ့ ဟားမတ်စ်တွေကို အစ္စရေးလ်တို့ ဝေဟင်နဲ့ ကုန်းကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာတာ ၃ လနီးပါးရှိလာပြီဖြစ်ရာ အသက် ၅၇ နှစ်ရှိ အရူရီဟာ ပထမဆုံးသတ်ဖြတ်ခံရတဲ့ ဟားမတ်စ်အကြီးတန်း နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်လာပါတယ်။
ဟားမတ်စ်တို့ရဲ့ မဟာမိတ်ဖြစ်ပြီး လက်ဘနွန်မှ အင်အားကြီးလက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ဟက်ဇ်ဘိုလာအဖွဲ့ဟာ ဂါဇာစစ်ပွဲစတင်ကတည်းက အစ္စရေးလ်နဲ့ နေ့စဥ်အပြန်အလှန် ပစ်ခတ်နေခဲ့ပါတယ်။
အစ္စရေးလ်အရပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ အရူရီပါဝင်ပတ်သက်ခဲ့တယ်လို့ အစ္စရေးလ်တို့က စွပ်စွဲထားပေမယ့် ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ အစ္စရေးလ်ဓားစာခံများ လွှတ်ပေးရေး၊ ဂါဇာစစ်ပွဲအခြေအနေတို့ အပေါ် ကာတာနဲ့ အီဂျစ်တို့မှ ညှိနှိုင်းနေရာမှာ အရူရီက အဓိကကျတယ်လို့ ဟားမတ်စ်အရာရှိတစ်ဦးက ဆိုပါတယ်။
ဟားမတ်စ်ခေါင်းဆောင်ကို သတ်ဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အစ္စရေးလ်ဘက်က အတည်ပြုတာမျိုး ငြင်းပယ်တာမျိုး မပြုလုပ်ပေမယ့် အစ္စရေးလ်တပ်တွေဟာ ဘယ်လိုဖြစ်ရပ်မျိုးအတွက်မဆို သေချာစွာအသင့်ရှိနေတယ်လို့ အစ္စရေးလ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီယယ်ဟေဂရီက ပြောပြသွားပါတယ်။
ဒီညအတွက် အရေးကြီးဆုံးပြောစကားကတော့ ဟားမတ်စ်တို့ကို ဆက်လက်အာရုံစိုက် တိုက်ခိုက်သွားမယ် ဆိုတာပါပဲလို့ သတင်းထောက်ကို ပြောကြားခဲ့ပါတယ်။
ပါလက်စ်တိုင်းလူမျိုးများ ဂါဇာပြင်ပမှာ အခြေချနေထိုင်ဖို့ ထောက်ခံပြောဆိုခဲ့တဲ့ အစ္စရေးလ် ဝန်ကြီးများအဖွဲ့မှ ဘီဇာလယ်ဆမိုထရစ်ချ်နဲ့ အစ်တမာဘင်ဂဗီယာတို့ကို အမေရိကန်က ရှုတ်ချလိုက်ပါတယ်။
အစ္စရေးလ်တို့က တိုင်းပြည်အသစ်ထူထောင်ရန် ပါလက်စ်တိုင်းတွေကို နှင်ထုတ်ချင်နေတယ်လို့ အာရပ်တွေကြား စိုးရိမ်စရာ ဖြစ်လာပါတယ်။
အစ္စရေးလ်တို့ ၁၉၄၈ မှာ ထူထောင်စဥ်တုန်းက ပါလက်စ်တိုင်းလူမျိုး အများအပြားကို ဖယ်ရှားခဲ့တဲ့အတိုင်း ထပ်မံဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
Source: Reuters
#World_News
#Published_ 03 January 2024
#Yangon_Times #YMG_News #Yangon_Media_Group

#World_Health
Published 03 January 2024
အချို့အိမ်တွေမှာ အမွှေးနံ့ပါတဲ့ ဖယောင်းတိုင်တွေ၊ အမွှေးတိုင်တွေ ထွန်းညှိတတ်ကြပြီး ထိုအရာတွေက ကျန်းမာရေးကို ဘေးအန္တရာယ်ဖြစ်တတ်တယ်လို့ သုတေသန တွေ့ရှိထားပါတယ်။
ထိုအနံ့တွေရှူပြီးနောက် ခေါင်းကိုက်ခြင်း၊ အသက်ရှူပြဿနာဖြစ်ခြင်း၊ မျက်ရည်ယိုခြင်း၊ နှာချေခြင်း၊ နှာပိတ်ခြင်းတို့ ဖြစ်ပွားပါက နောက်အခါ ဒီအနံ့တွေ မရှူမိအောင် သတိထားသင့်ပါတယ်။
ဒီလိုမျိုး အမွှေးဖယောင်းတိုင်တွေမှာ ပါဝင်တဲ့ ပစ္စည်းတွေက ကျန်းမာရေးပြဿနာ ရှိသူတွေအတွက် အန္တရာယ် ဖြစ်စေနိုင်တယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ဖယောင်းတိုင်တွေမှာ ပါတဲ့ တော်လင်းဓာတ် အများအပြား ရှူမိပါက အာရုံကြောစနစ်၊ အသက်ရှူလမ်းကြောင်းစနစ်၊ ဖွံ့ဖြိုးဆဲဦးနှောက်တို့မှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
အရောင်ဆိုးရာမှာ အသုံးပြုလေ့ရှိတဲ့ ဘင်ဇီဒင်းဓာတ်ကလည်း ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေပါတယ်။
ဒါကြောင့် သဘာဝ မွှေးရနံ့ပစ္စည်းတွေကို ရွေးချယ်ဖို့ သုတေသီများက အကြံပြုထားပါတယ်။
အမျိုးသမီးတစ်ဦးဟာ အခန်းကျဥ်းထဲမှာ အနံ့ပါတဲ့ ဖယောင်းတိုင်တွေကို ၁၀ နာရီလောက် ကြာတဲ့အထိ ထွန်းညှိပြီးနောက် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ပြီး ဆေးရုံရောက်ခဲ့ပါသေးတယ်။
#World_Health #အမွှေးနံ့ထွက်သောဖယောင်းတိုင် #ကျန်းမာရေးကိုအန္တရာယ်ဖြစ်စေနိုင် #Source: New York Post
#World_Health
Published 03 January 2024
ဝက်ဝံများ ဆောင်းရာသီအတွင်း ကြာရှည်စွာ အိပ်စက်ပြီး ကျန်းမာစေတဲ့ အကြောင်းအရင်းများကို သိပ္ပံပညာရှင်များနဲ့ တိရစ္ဆာန်ဆရာဝန်များက စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
ဆောင်းခိုသတ္တဝါတွေထဲက တစ်မျိုးဖြစ်တဲ့ ဝက်ဝံတွေဟာ ကြာရှည်နှစ်ခြိုက်စွာ အိပ်စက်ခြင်းဖြင့် မလိုလားအပ်တဲ့ ရောဂါဘယများ ဖြစ်ပွားခြင်းမှ ကာကွယ်ပြီးသား ဖြစ်နေပြီး လူသားတွေအတွက်လည်း ကျန်းမာစေတဲ့ အလေ့အထ ဖြစ်လာနိုင်ပါတယ်။
ဝက်ဝံလိုမျိုး သတ္တဝါတွေ ဆောင်းရာသီအတွင်း အသက်မသေဘဲ ကြာရှည်စွာ အိပ်စက်တာနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းအများအပြားနဲ့ စစ်တပ်တွေက သုတေသနများ ရင်းနှီးပြုလုပ်လာကြပါတယ်။
ပုံမှန်ဆိုရင် ကြာရှည်စွာ အိပ်စက်ပါက ခန္ဓာကိုယ်မှာ ပြဿနာများ ဖြစ်လာနိုင်ကာ နှလုံးခုန်နှုန်း သိသိသာသာ ကျဆင်းတာမျိုး ဖြစ်နိုင်ပေမယ့် ဝက်ဝံတွေကတော့ အသက်ရှင်နေနိုင်ပါတယ်။
ဝက်ဝံညိုတွေက ၈ လလောက်အထိ ဆောင်းခိုတတ်ကြကာ ထိုအတိုင်း လူတွေလိုက်လုပ်ပါက ကြွက်သားသိမ်ခြင်း၊ အရိုးအားနည်းခြင်း၊ အရေပြားအနာပေါက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
တကယ်တမ်းက ဆောင်းခိုတယ်ဆိုတာဟာ အိပ်စက်ခြင်းဆိုတာထက် စွမ်းအင်ထိန်းသိမ်းခြင်း ဖြစ်စဥ်ဖြစ်ပြီး ဝက်ဝံတွေရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၁၀ ကြိမ်နှုန်းထက် ပိုနည်းသွားပါတယ်။
လူသားတွေမှာတော့ အချိန်ကြာရှည်စွာ လေယာဥ်စီးရရင်တောင် သွေးခဲနိုင်တဲ့အန္တရာယ် ရှိပေမယ့် ဝက်ဝံတွေကတော့ လနဲ့ချီအိပ်စက်တာတောင် သွေးမခဲစေတဲ့အရာတွေ ထုတ်လုပ်နိုင်တယ်လို့ ဆွီဒင်နဲ့ ဒိန်းမတ်တက္ကသိုလ်တို့မှ နှလုံးအထူးကု အိုလီဖရော့ဘာ့ဂ်က ရှင်းပြသွားပါတယ်။
ဝက်ဝံသုတေသီများနဲ့ ပူးပေါင်းကာ နွေရာသီမှာ ဝက်ဝံညို ၁၃ ကောင်ကို ရဟတ်ယာဥ်ဖြင့် လိုက်ကြည့်ပြီး ဆောင်းတွင်းမှာ ဝက်ဝံများခိုအောင်းရာ နေရာတွေကို စောင့်ကြည့်ကာ သွေးနမူနာများ ရယူခဲ့ကြပါတယ်။
ထိုအခါမှာ HSP47 ဆိုတဲ့ပရိုတိန်းတစ်မျိုးကို တွေ့ရှိခဲ့ကြပြီး နွေရာသီထက်စာရင် ဆောင်းတွင်းမှာ ဝက်ဝံတွေရဲ့သွေးထဲ နည်းပါးစွာ ပါဝင်နေပါတယ်။
ထိခိုက်ဒဏ်ရာရလို့ သွေးထွက်တဲ့အခါ သွေးခဲသွားအောင် ထိုပရိုတိန်းက ကူညီပေးပါတယ်။
ဒါပေမဲ့ သွေးက သွေးကြောထဲမှာ ခဲပြီး သဘာဝအတိုင်း မပျော်ဝင်ဘူးဆိုရင် အသက်အန္တရာယ် ဖြစ်တဲ့အထိ ခဲသွားနိုင်ပါတယ်။
ဒီအတွက် ကျောရိုးမဒဏ်ရာရှိတဲ့ လူနာတွေကို လေ့လာခဲ့ကြပါတယ်။
ထိုလူနာတွေဟာ ဝက်ဝံတွေလိုပဲ သိပ်ပြီးသွေးမခဲတော့ဘဲ ခန္ဓာကိုယ်ဟာ ပရိုတိန်းနည်းသွားအောင် ပြုလုပ်သွားတယ်လို့ ယူဆရပါတယ်။
ထိုလူနာတွေဟာ သာမန်လူတွေထက် HSP47 များစွာနည်းပါးနေတာကို တွေ့ရှိခဲ့ကြပါတယ်။
လက်ရှိဆေးတွေထက် ဘေးထွက်ဆိုးကျိုး နည်းပါးတဲ့ သွေးကျဲဆေးသစ်တစ်မျိုး ထုတ်လုပ်ရန် ဓာတုပစ္စည်းတစ်ခုကို သုတေသီအဖွဲ့က ရှာဖွေနေကြပါတယ်။
#World_Health #လူသားများသက်ရှည်ကျန်းမာနိုင်ဖွယ်ရှိ #ဝက်ဝံတစ်ကောင်ကဲ့သို့အိပ်စက် #Source: WION
ကမ္ဘာ့အမြင့်ဆုံးနေရာရှိဆိုလာလျှပ်စစ်ဓာတ်အားစီမံကိန်း တရုတ်ဓာတ်အားလိုင်းတွင်ချိတ်ဆက်လည်ပတ်တော့မည်
ကမ္ဘာ့အမြင့်ဆုံးနေရာမှာရှိတဲ့ ဆိုလာလျှပ်စစ်(PV) ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတစ်ခုဟာ တရုတ်အနောက်တောင်ပိုင်း ရှီကျန်ဒေသရှိ ဓာတ်အားလိုင်းကို ချိတ်ဆက်ပြီး စနေနေ့ကစတင်ကာ လည်ပတ်တော့မှာ ဖြစ်ပါတယ်။
#Asia_Development
Published_2 January 2024
#ဆိုလာလျှပ်စစ်ဓာတ်အားစီမံကိန်း #တရုတ်ဓာတ်အားလိုင်းတွင်ချိတ်ဆက်လည်ပတ်
#Yangon_Times #YMG_News #Yangon_Media_Group
၂ ဇန်နဝါရီ ၂၀၂၄
ဂျပန်နိုင်ငံ တိုကျိုမြို့ ဟာနဲဒါ လေဆိပ်တွင် ဇန်နဝါရီ(၂)ရက် အင်္ဂါနေ့ညနေပိုင်းက ဂျပန်လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်းသည် ဆင်းသက်စဉ် ကမ်းခြေစောင့်တပ်လေယာဉ်နှင့် တိုက်မိခဲ့ပြီး ဂျက်လေယာဉ်ကို မီးတောက်ကြီးများမဝါးမြိုခင် ရာပေါင်းများစွာသော ခရီးသည်များကို ဘေးလွတ်ရာသို့ အတင်းရွှေ့ပြောင်းပေးခဲ့ရသည်။
ရုပ်မြင်သံကြားသတင်းများတွင် လေယာဉ်သည် ပြေးလမ်းပေါ်တွင် မီးလောင်နေသည်ကို တွေ့ရသည်။ အဆိုပါ လေယာဉ်သည် နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းရှိ Shin-Chitose လေဆိပ်မှ ခရီစဉ် ၅၁၆ အဖြစ် ပျံသန်းလာသည့် အဲဘတ်စ် A350 ဖြစ်သည်။
ဂျပန်လေကြောင်းလိုင်းJAL ၏ အဆိုအရ ခရီးသည်နှင့် အမှုထမ်း ၄၀၀ နီးပါးသည် လေယာဉ်ပေါ်မှ ထွက်ခွာသွားနိုင်ခဲ့ကြောင်း သိရသည်။ ဂျပန်အများပြည်သူပိုင်ရုပ်သံလိုင်း NHK က လေယာဉ်ပေါ်တွင် အနည်းဆုံး လူ ၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းပေးပို့သည်။
အာဏာပိုင်များက အဆိုပါ လေယာဉ်သည် ဆင်းသက်စဉ် ဂျပန်ကမ်းခြေစောင့်တပ် လေယာဉ်နှင့် တိုက်မိခဲ့သည့် အပေါ် အာဏာပိုင်များက သံသယရှိနေကြသည်။ ကမ်းရိုးတန်းစောင့်တပ် လေယာဉ်ပေါ်ပါ ခြောက်ဦးအနက် ငါးဦး သေဆုံးခဲ့ပြီး လေယာဉ်မှူးသည် အခြေအနေ စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
နှစ်သစ်ကူးနေ့မှာ ဂျပန်ပင်လယ်ကမ်းရိုးတန်းမှာ လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် လူအများအပြား သေဆုံးပြီး ပျက်စီးဆုံးရှုံးမှုတွေများစွာ ဖြစ်ပွားခဲ့ခြင်းအတွက် ဂျပန်နိုင်ငံက တုန်လှုပ်နေရပြီးနောက် အခုလို ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တာပါ။ ကနဦးသတင်းများအရ ကမ်းခြေစောင့်တပ်လေယာဉ်သည် ငလျင်ဒဏ်သင့်ဒေသသို့ အကူအညီများ ပေးပို့ပေးရာတွင် ပါဝင်နေသည်ဟုသိရသည်။
ဂျပန်လေကြောင်းလိုင်း JAL အတွက်၊ ယခုဖြစ်ရပ်သည် ဆယ်စုနှစ်များအတွင်း ၎င်း၏ အဆိုးရွားဆုံး မတော်တဆမှုဖြစ်သည်။ လေကြောင်းလိုင်းသ်ည ၁၉၈၅ခုနှစ်တွင် အဆိုးရွားဆုံးဘေးအန္တရာယ်နှင့်ကြုံခဲ့ရပြီး ဟာနဲဒါ မှ အိုဆာကာ သို့ ပျံသန်းသည့် လေယာဉ်ခရီးစဉ်အမှတ် ၁၂၃ သည် ယင်း၏ bulkhead တစ်ခုပြန်ထွက်ကာ ဟိုက်ဒရောလစ်ကို ထိခိုက်ပျက်စီးစေခဲ့သဖြင့် လူပေါင်း ၅၂၀ ဦး သေဆုံးခဲ့ရသည်။
လေဆိပ်ရှိ ပြေးလမ်း လေးခုအနက်မှ တစ်ခုဖြစ်သည့် ပြေးလမ်း “စီ” တွင် ဖြစ်ပွားခဲ့သောမတောတဆမှုကြောင့် အရေးပေါ် ဝန်ထမ်းများက အလျင်အမြန်မီးငြှိမ်းသတ်နေရသဖြင့် အင်္ဂါနေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် ဟာနဲဒါလေဆိပ် လေယာဉ် အဆင်းအတက် များအားလုံးရပ်တန့်ခဲ့ရသည်။
မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက အဆိုပါ မတော်တဆမှုအား စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ က ထိခိုက်ပျက်စီးမှုကို စုံစမ်းစစ်ဆေးရန်နှင့် အများပြည်သူသို့ သတင်းအချက်အလက်များထုတ်ပြန်ပေးရန် သက်ဆိုင်ရာအေဂျင်စီများကို အမိန့်ပေးခဲ့သည်။
Source Nikkei Asia
Page 585 of 1178