Published 31 March 2022
ကမ္ဘာ့အကြီးဆုံး အပျော်စီးလျှပ်စစ်သင်္ဘော the Yangtze River Three Gorges 1ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်ရှိ ယီချန်တွင် ပွဲဦးထွက်အဖြစ် အင်္ဂါနေ့က စတင်ခုတ်မောင်းခဲ့ပါတယ်။
အဲဒီလျှပ်စစ်သင်္ဘောဟာ ၇၅၀၀ ကီလိုဝပ်နာရီစွမ်းအားရှိတဲ့ အကြီးဆုံးပါဝါဘက်ထရီနှင့်ခုတ်မောင်းတာဖြစ်ပြီး အဲဒီစွမ်းအားဟာ လျှပ်စစ်ကားအစီးရေ ၁၀၀ကျော်အတွက် စွမ်းအားနှင့် ညီမျှပါတယ်။
သင်္ဘောဟာ အားတစ်ကြိမ်သွင်းထားပါက ၁၀၀ကီလိုမီတာ အထိခုတ်မောင်းနိုင်ပြီး တစ်နှစ်တာမှာ လောင်စာ ၅၃၀တန်ကို ချွေတာနိုင်ပြီး အဆိပ်ရှိဓာတ်ငွေ့တွေထုတ်လုပ်မှုတွေကို ၁၆၆၀တန်အထိ လျှော့ချနိုင်ပါတယ်။ အဲဒါကြောင့် ၂၀၃၀အရောက်မှာ ကာဘွန် ထုတ်လုပ်မှုကို အမြင့်ဆုံးလျှော့ချပစ်ဖို့ တရုတ်နိုင်ငံရဲ့ ရည်မှန်းလုပ်ဆောင်နေမှုမှာ သိသာစွာအကျိုးသက်ရောက်စေမှာဖြစ်ပါတယ်။
လျှပ်စစ်သင်္ဘောဟာ ၁၀၀မီတာအလျားရှိပြီး ဗြက်အနေနှင့် ၁၆.၂မီတာရှိပါတယ်။ ခရီးသည် ၁၃၀၀ တင်ဆောင်နိုင်ပြီး ယီချန်မြို့အနီးက ယန်စီမြစ်တစ်လျောက် ရှုခင်းကြည့်ခရီးစဉ်တွေအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Source CMG
#LocalNews
Published -31 Mar 2022
ကရင်ပြည်နယ်၊ဘားအံမြို့နယ်အတွင်းရှိ ဇွဲကပင်တောင်ပေါ်တွင်ပျောက်ဆုံးနေသော ဘုရာဖူးအမျိုးသမီးတစ်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ယနေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(နောင်လုံ)ကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 31 March 2022
ကလေးမြို့ပေါ်သို့ ချင်းစစ်ဘေးရှောင်ပြည်သူများ ထပ်တိုးရောက်ရှိလာပြီး လက်ရှိမှာ ၎င်းစစ် ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာလိုအပ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_31 March 2022
နစကရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ တရားဝင် ဖိတ်ကြားချက်အရ ဒီကနေ့ မနက် ၇ နာရီက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထွက်ခွာသွားပါတယ်။
#Yangon_Media_Group
#DailyNews 
Published -31 Mar 2022
၁။ ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးနေသော အမျိုးသမီးငယ်ကို စတင်ရှာဖွေ
၂။ ကလေးမြို့ပေါ်သို့ ချင်းစစ်ဘေးရှောင်ပြည်သူများ ထပ်တိုးရောက်လာ
၃။ မိုးလေဝသ သတင်း
၄။ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ရှိနေသော ဆူမာထရာကြံ့မျိုးစိတ်တစ်ကောင် အင်ဒိုနီးရှားတွင် ရှားရှားပါးပါးမွေးဖွားနိုင်ခဲ့...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldInnovation
Published 30 March 2022
ဗီယက်နမ်မှ ကလေးအဖေတစ်ဦးဟာ သူ့သားအတွက် အချိန်ပေါင်းများစွာ ငွေကြေးအကုန်အကျများစွာခံပြီး ဗင်ကားအဟောင်းတစ်စီးကို သစ်သားတင့်ကားအဖြစ်ပြောင်းလဲတည်ဆောက်ပေးခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 29 March 2022
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့လိုသူတွေအနေနဲ့ အခွင့်ပြုထားတဲ့ အသင်းအဖွဲ့တွေကနေတစ်ဆင့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာနကို လျှောက်ထားရမယ်လို့ ပြောင်းလုပ်ငန်းရှင်အသင်းမှ သိရပါတယ်။
#Yangon_Media_Group
Page 1126 of 1183