Published 28 October 2022
နာဆာသိပ္ပံပညာရှင်တွေဟာ Reconnaissance Orbiter (MRO) မစ်ရှင်အဖြစ် ၁၆နှစ်တာ အင်္ဂါဂြိုဟ်ကို စောင့်ကြည့်နေခဲ့တာကနေ ဥက္ကာပျံထိမှန်ခဲ့ပြီးကျန်ခဲ့တဲ အကြီးမားဆုံး တွင်းသစ်ကြီးတစ်ခုရဲ့ ပုံတွေကို ဖော်ထုတ်ပြသခဲ့ကြပါတယ်။ ၂၀၂၁ ဒီဇင်ဘာလတုန်းက ဥက္ကာပျံကြီးတစ်ခု ထိမှန်လို့ တွင်းကြီးတစ်ခုဖြစ်ခဲ့တာပါ။ ကျောက်တုံးကြီးအရွယ် ရေခဲတုံးတွေတွေကို အင်္ဂါဂြိုဟ်ရဲ့ မြေပြင်တစ်လျောက် တွေ့ရှိခဲ့ကြပါတယ်။ အကြီးဆုံးတွင်းကြီးတစ်ခုဖြစ်ပေါ်ခဲ့တာ နှင့်ပတ်သက်ပြီး ဘာဖြစ်တာလဲ ဘယ်တုန်းက ဘာတွေလုပ်လို့လဲဆိုတာ ပြောနိုင်တာက အကြီးအကျယ်ရှာဖွေ့တွေ့ရှိမှုကြီးနှစ်ခုပါလို့ သိပ္ပံပညာရှင် လီလီယာပိုဆီယိုလိုဗာ ကပြောပါတယ်။
Source AFP/NASA
#Local_News
Published_28 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၁၄ ရက်အထိ ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၇ ဘီလီယံရရှိထားတယ်လို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _28 October 2022
ပြည်တွင်း၊ ပြည်ပခရီးသွားတွေအများဆုံးသွားတဲ့ ပုဂံ၊ ကျိုက်ထီးရိုးနဲ့ကမ်းခြေဒေသတွေမှာ မသန်စွမ်းခရီးသွားတွေအတွက် သွားလာရလွယ်ကူအောင်ဆောင် ရွက်ပေးထားစေချင်တယ်လို့ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းဥက္ကဌဒေါက်တာကိုကိုဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 28 October 2022
၁။ ခရီးသွား Site များတွင် မသန်စွမ်းခရီးသွားများသွားလာရ လွယ်ကူအောင်ဆောင်ရွက်ပေးစေချင်ဟုဆို
၂။ စက်မှုကုန်ချော တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၇ ဘီလီယံရရှိထား
၃။ ဒါးပိန်ပန်းပု ကျေးရွာကို ခရီးသွားနေရာအသစ်သတ်မှတ်ရန် စီစဉ်နေ
၄။ ယခင်က လူဖြူများသာပိုင်ဆိုင်ခဲ့သည့် ဝိုင်လုပ်ငန်းများတွင် တောင်အာဖရိကလူမည်းလူမျိုးများ ဝင်ရောက်လာကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_28 October 2022
YBS ယာဉ်လမ်းကြောင်းတွေမှာ တရားမဝင်ပြေးဆွဲနေတဲ့ လုပ်ငန်းလိုင်စင်မဲ့ကြားကားတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုအားနည်းနေတယ်လို့ YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_27 October 2022
ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal တွေမှာ စက်သုံးဆီဂါလန် ၆ သန်းကျော် ဆိပ်ကမ်းချထားပြီး ဂါလန်၁၄ သန်းကျော်ကို ဆီချခြင်းလုပ်ငန်းဆက်လက် ဆောင်ရွက်သွားမယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။
#Yangon_Media_Group
#World_Technology
Published 27 October 2022
တရုတ်နိုင်ငံမှာ စွမ်းအင်အသစ်သုံးမော်တော်ယာဉ်များကို ပိုမိုရွေးချယ်အသုံးပြုလာကြကာ နိုင်ငံတလျှောက်မှာ ဘက်ထရီအားသွင်းနေရာအများအပြားကို အရှိန်မြှင့်တည်ဆောက်လာပါတယ်။
#Yangon_Media_Group
Page 911 of 1179