#World_Health
Published 15 June 2026

■ နှစ်ခြိုက်စွာ အိပ်စက်ခြင်းနဲ့ ပတ်သက်လာရင် အိပ်ချိန်ပုံမှန်ရှိခြင်း၊ နံနက်ခင်း နေရောင်ထိတွေ့ခြင်းတို့က အဓိကကျတယ်လို့ ကျွမ်းကျင်သူ ဆိုထားပါတယ်။

■ ဆိုရှယ်မီဒီယာတွေမှာလည်း အကောင်းဆုံး အနားယူအိပ်စက်မှု ရရှိစေဖို့ ဖြတ်လမ်းနည်းတွေ ဖော်ပြနေကြပါတယ်။

■ ■ (၁) ပါးစပ်ကိုတိပ်ဖြင့်ပိတ်ထားခြင်း
ဒီနည်းလမ်းက နှာခေါင်းကနေ အသက်ရှူခြင်းကို ကောင်းမွန်စေပြီး ဟောက်ခြင်းကို လျှော့ချပေးကာ အိပ်စက်မှုမြှင့်တင်ပေးနိုင်တယ်လို့ ယူဆရပါတယ်။
ဒါပေမဲ့ အိပ်နေစဉ် အသက်ကြပ်တတ်တဲ့ သူတွေအတွက်တော့ သတိထားစရာ ဖြစ်ပါတယ်။

■ ■ (၂) ညမအိပ်ခင် အဆီအစိမ့်စားခြင်း
ညအိပ်ရာမဝင်ခင်မှာ အဆီများတာတွေ စားခြင်းဖြင့် သွေးတွင်းသကြားဓာတ် တည်ငြိမ်စေပြီး ဗိုက်ပြည့်ဝနေစေမယ်လို့ ဆိုနေကြပါတယ်။

■ ■ (၃) သဘာဝမယ်လတိုနင်
ညနေခင်းသောက်တဲ့ မော့တေးမှာ မယ်လတိုနင် သဘာဝအတိုင်းပေးနိုင်တဲ့ ချယ်ရီဖျော်ရည်နဲ့ ကြွက်သားပြေလျော့စေတဲ့ မဂ္ဂနီစီယံတို့ ရောနှောပါဝင်ပြီး ဆိုဒါထည့်သောက်ရပါတယ်။

■ ■ (၄) ကော်ဖီ
နှိုးစက်မြည်ပြီးလို့ မိနစ် ၂၀-၃၀ လောက် ဆက်မအိပ်ခင်မှာ ကော်ဖီသောက်ရတဲ့ နည်းလမ်းဖြစ်ပါတယ်။
ကဖင်းဓာတ်က စတင်အကျိုးပြုဖို့ ၁၅-၃၀ မိနစ်ခန့် ကြာမြင့်တာကြောင့် အိပ်ရာထတဲ့အချိန်မှာ လန်းဆန်းနေစေမှာ ဖြစ်ပါတယ်။

Source: New York Post