#World_Health
Published 15 June 2026

■ အသုံးများတဲ့ တာရှည်ခံဆိုးဆေးများပါတဲ့ စားစရာတွေ စားသုံးခြင်းဖြင့် သွေးပေါင်ချိန်တိုးခြင်းနဲ့ နှလုံးသွေးကြောရောဂါတို့ ဖြစ်နိုင်ခြေများစေနိုင်ဖွယ်ရှိကြောင်း European Heart Journal မှာ ဖော်ပြထားပါတယ်။

■ တာရှည်ခံဆေးတွေကို စက်ရုံထုတ်စားစရာပေါင်းများစွာမှာ အသုံးပြုနေပြီး ဒါတွေက နှလုံးသွေးကြောကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

■ လေ့လာချက်ကြီးပြုလုပ်ရာမှာ ပြင်သစ်မှ လူပေါင်း ၁၁၂,၃၉၅ ဦး ပါဝင်ပြီး ၃ ရက်ကျော်ကာလအတွင်း စားသမျှသောက်သမျှကို ပြောပြခိုင်းပါတယ်။

■ တာရှည်ခံဆေးများအပြင် စားစရာတွေရဲ့ ပါဝင်ပစ္စည်းတွေကိုလည်း ဆန်းစစ်ခဲ့ကြကာ သွေးတိုးခြင်း၊ နှလုံးသွေးကြောရောဂါဖြစ်ခြင်း စတာတွေကို စောင့်ကြည့်ခဲ့ပါတယ်။

■ ၉၉.၅ ရာခိုင်နှုန်းသော ပါဝင်စမ်းသပ်သူတွေဟာ ပထမ ၂ နှစ်အတွင်း တာရှည်ခံဆေး အနည်းဆုံးတစ်မျိုး စားသုံးမိခဲ့ပါတယ်။

■ ဓာတ်တိုးဆန့်ကျင်မဟုတ်တဲ့ တာရှည်ခံဆေး အများဆုံးစားသူတွေဟာ သွေးတိုးနိုင်ခြေ ၂၉ ရာခိုင်နှုန်းပိုများခဲ့ပြီး ဓာတ်တိုးဆန့်ကျင် တာရှည်ခံဆေး အများဆုံးစားသုံးသူတွေကတော့ သွေးတိုးနိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုများတာတွေ့ရပါတယ်။

■ ပိုတက်ဆီယံဆော်ဘိတ်၊ ဆိုဒီယံနိုက်ထရိုက်၊ အက်စ်ကောဗစ်အက်ဆစ် အပါအဝင် အချို့သောတာရှည်ခံဆိုးဆေးတွေဟာ အဆိုပါ ကျန်းမာရေးအန္တရာယ်တွေနဲ့ ဆက်စပ်နေပါတယ်။

■ သုတေသီတွေကတော့ တာရှည်ခံဆေးတွေကို ပြန်လည်ကွပ်ကဲသုံးသပ်ရန် တောင်းဆိုထားပြီး အဆင့်ဆင့်ထုတ်လုပ်စားစရာတွေကို အနည်းဆုံးစားသုံးဖို့ အကြံပြုထားပါတယ်။

Source: Medical Xpress