#World_Health
Published 14 June 2026

■ တောင်ကယ်ရိုလိုင်းနား ဆေးတက္ကသိုလ် လေ့လာချက်တစ်ခုမှာ ငါးကြီးဆီက ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

■ ငါးကြီးဆီက ဦးနှောက်အသိဉာဏ်လုပ်ဆောင်ချက် တိုးတက်စေနိုင်တယ်လို့ သိထားပေမယ့် ဒီလေ့လာချက်မှာတော့ ဦးခေါင်းဒဏ်ရာ အကြိမ်ကြိမ်ရသူတွေအတွက် ငါးကြီးဆီက မကောင်းနိုင်ပါဘူး။

■ ငါးကြီးဆီထဲက အဓိကအိုမီဂါ-၃ ဖက်တီးအက်ဆစ်ဖြစ်တဲ့ EPA က ဦးနှောက်ရဲ့ ဒဏ်ရာသက်သာနိုင်စွမ်းကို နှောင့်ယှက်နိုင်ဖွယ် ရှိပါတယ်။

■ ဒီအတွက် အဓိကအချက် ၂ ချက်က လုံလောက်စွာအိပ်စက်ဖို့နဲ့ ရေဓာတ်ဖြည့်ပေးဖို့ ဖြစ်ပါတယ်။

■ ခဏခဏ ဦးခေါင်းဒဏ်ရာ မရသူတွေကတော့ ငါးကြီးဆီ သောက်သုံးတာ မဆိုးဘူးလို့ ပြောနိုင်ပါတယ်။

■ တကယ်တမ်းတော့ အာဟာရနဲ့ ပတ်သက်လာရင် အစားအစာကို အရင်ဦးစားပေး စားသင့်ပြီး နောက်လိုအပ်မှသာ ဖြည့်စွက်ဆေးကို စဉ်းစားသင့်ပါတယ်။

■ ဒါမှလည်း အကျိုးမရှိတဲ့ ဖြည့်စွက်ဆေးအတွက် ငွေကြေးအလေအလွင့် မဖြစ်မှာပါ။

■ မိမိရဲ့လက်ရှိ အလေ့အကျင့်တွေကို နားလည်သဘောပေါက်သင့်ပြီး အစားအစာတွေ ချင့်ချိန်စားသုံးပေးပြီး အိုမီဂါ-၃ ပမာဏကို အကောင်းဆုံးအနေအထား ရရှိစေမှာဖြစ်ပါတယ်။

Source: WKBN