အခုဘဏ္ဍာနှစ်ကုန်မတိုင်မီဆန်ပြည်ပတင်ပို့မှုများကို တိုးမြှင့်တင်ပို့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 12 March 2026
#ဆန်
#YMG/NN #Yangon_Times
စွမ်းအင်ကဏ္ဍမှာ ငါးနှစ်တာကာလအတွင်းရေနံအထွက်တိုးအောင်ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် ခေတ်မီနည်းပညာများအသုံးပြုနိုင်ရေးအတွက် အခြေခံကောင်းများချမှတ်နိုင်ခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
#Local_News
Published 12 March 2026
#စွမ်းအင်
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး၌ ရော်ဘာကုန်ကြမ်းများ အဆင့်မီစွာထုတ်လုပ်နိုင်ရေး ၊အပင်အိုများနေရာတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေးနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပူးပေါင်းဖြေရှင်းဖို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အစိုးရရုံးအစည်းအဝေးခန်းမမှာ ယမာန်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
#Local_News
Published 12 March 2026
#ရော်ဘာကုန်ကြမ်း #ဧရာဝတီတိုင်းဒေသကြီး
#YMG/NN #Yangon_Times
လက်မှုအနုပညာအသင်းမှ လုပ်ငန်းရှင်များအနေနဲ့ ပြည်ပကုန်စည်ပြပွဲတွေမှည ပါဝင်ပြသလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက ပြောပါတယ်။
#Local_News
Published 12 March 2026
#လက်မှုအနုပညာအသင်း #ကုန်စည်ပြပွဲ
#YMG/SW #Yangon_Times
#Daily_News
Published 12 March 2026
၁။ ဆန်ပြည်ပတင်ပို့မှုများ တိုးမြှင့်တင်ပိုနိုင်ရန်ဆောင်ရွက်နေ
၂။ ငါးနှစ်တာကာလအတွင်းရေနံအထွက်တိုးလာခဲ့သည့်အပြင် ခေတ်မီနည်းပညာများအသုံးပြုနိုင်ရေးဆောင်ရွက်နိုင်ခဲ့
၃။ ရော်ဘာကုန်ကြမ်းများ အဆင့်မီစ္စာထုတ်လုပ်နိုင်ရေးနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်နေ
၄။ စပိန်ဝန်ကြီးချုပ်ပဋိပက္ခအဆုံးသတ်ရန်တောင်းဆိုကာ အမေရိကန်၏ခြိမ်းခြောက်မှုများကိုငြင်းဆို... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တရုတ်သမ္မတရှီကျင့်ဖျင်က တပ်မတော်အတွင်း သစ္စာစောင့်သိမှုမြှင့်တင်ရေးရဲ့ အားသာချက်တွေကို အပြည့်အဝအသုံးချရန် စနေနေ့က အလေးထားပြောကြားလိုက်ကာ အမျိုးသားကာကွယ်ရေးနဲ့ လက်နက်ကိုင်တပ်ဖွဲများ ရေရှည်တည်တံ့ရေး အနေအထားဖြင့် ခေတ်မီတိုးတက်ရေးမြှင့်တင်သွားရန် ပူးပေါင်းအားထုတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
#Asia_Politics
Published 11 March 2026
#တရုတ်သမ္မတရှီကျင့်ဖျင် #တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ်ကျင်းပမယ့် ၂၀၂၆မြန်မာပိုက်ကျော်ခြင်း လိဂ် (MSL)ပြိုင်ပွဲကိုအခုလအတွင်း စတင်ပြုလုပ်သွားမှာဖြစ်ပြီး ယင်းပြိုင်ပွဲမှာဆုကြေးငွေအပြင် ခပ်ကြေးငွေကျပ်သိန်း၈၀၀ကျော်ကိုပါချီးမြှင့်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 11 March 2026
#မြန်မာပိုက်ကျော်ခြင်းလိဂ် #MSL
#YMG/NN #Yangon_Times
Page 64 of 1338