#Daily_News
Published 06 August 2025
၁။မဲခေါင်-လန်ချန်း ရန်ပုံငွေဒေါ်လာ(၃.၃)သန်းကို တရားဝင်လွှဲပြောင်းပေးအပ်
၂။ ရှေးဟောင်းအမွေအနှစ်ပျက်စီးမှုများကိုဒုတိယအဆင့် စစ်ဆေးမှုပြုလုပ်မည်
၃။ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သိန်းကျော်တင်ပို့ထားပြီး တရုတ်သို့ဆန်အများဆုံးတင်ပို့
၄။ တရုတ်ပြည်ရှိ ဟိုင်ယန်နျူကလီးယားဓာတ်အားပေးစက်ရုံအမှတ်(၃)အတွက် အစိတ်အပိုင်းကြီးများအားလုံးတပ်ဆင်ပြီးမြောက် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ငလျင်ဘေးကျရောက်တဲ့ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်လွှာတွေကို စတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Asia_Industry
Published 06 August 2025
#အာမခံလုပ်သားများအကျိုးခံစားခွင့် #ငလျင်ဘေးအန္တရာယ်
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ဇူလိုင်လအတွင်း ဆန်နဲ့ဆန်ကွဲ တန်ချိန်နှစ်သိန်းကျော်တင်ပို့ထားပြီး တရုတ်နိုင်ငံကို အများဆုံးတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 06 August 2025
#ဆန်နှင့်ဆန်ကွဲ #တရုတ်သို့ဆန်အများဆုံးတင်ပို့
#YMG/NN #Yangon_Times
အင်အားပြင်းငလျင်ကြောင့် ထိခိုက်ခဲ့ရတဲ့ ရှေးဟောင်းအမွေအနှစ်ပျက်စီးမှု တွေကို အခုလနှောင်းပိုင်းမှာ ဒုတိယအဆင့် စစ်ဆေးမှု ပြုလုပ်သွားမယ်လို့ အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့၊ ဒေသဆိုင်ရာ ရှေး
ဟောင်းသုတေသနနှင့် အနုပညာဌာန (SEAMEO SPAFA )အဖွဲ့က အသိပေးထားပါတယ်။
#Local_News
Published 06 August 2025
#ရှေးဟောင်းအမွေအနှစ် #အင်အားပြင်းငလျင်
#YMG/NN #Yangon_Times
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားအောက်မှ အမေရိကန်ဒေါ်လာ (၃.၃) သန်းခန့်ကို တရားဝင်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 06 August 2025
#မဲခေါင်-လန်ချန်း #တရုတ်ပြည်သူ့သမ္မတနိုင်ငံ
#YMG/SW #Yangon_Times
ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအပြင်ဘက် မှာသောကြာနေ့က ဆန္ဒပြသူများစုဝေးခဲ့ပြီး ဘရာဇီးလ်တင်ပို့ကုန်များအပေါ် အခွန် ၅၀ ရာခိုင်နှုန်း စည်းကြပ်ခြင်းကို ရှုတ်ချခဲ့ကြကာ တိုင်းပြည်အချုပ်အခြာအာဏာအပေါ် အမေရိကန် ဝင်ရောက်စွက်ဖက်နေတာကို ဆန့်ကျင်ခဲ့ကြပါတယ်။
#World_Politics
Published 05 August 2025
#ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့ #ဆန္ဒပြ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 05 August 2025
၁။အငှားယာဉ် ထက်ဝက်ခန့် သက်တမ်းတိုးထား
၂။ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်စက်ရုံကို လာမည့်နှစ်ဆန်းတွင် ဖွင့်လှစ်ရန်လျာထား
၃။ ထီဆုမဲပေါင်း တစ်သောင်းကျော်ကိုအခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်
၄။ တင်ပို့ကုန်များအပေါ်အမေရိကန်အခွန်(၅၀)ရာခိုင်နှုန်းသတ်မှတ်ခြင်းအပေါ်ဘရာဇီးလ်တွင် ဆန့်ကျင်ဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 64 of 1185