တရုတ်ပြည်အစိုးရရဲ့ အကြီးမားဆုံး အဖွဲ့အစည်းယန္တရားဖြစ်တဲ့ ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့ကွန်ဂရက်(NPC)က ဒုတိယအစည်းအဝေးကို အင်္ဂါနေ့နံနက်ပိုင်းက ပေကျင်းရှိ ပြည်သူ့ခန်းမကြီးမှာ ဖွင့်လှစ်ခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ ဗဟိုတပ်မတော်ကော်မရှင် ဥက္ကဌဖြစ်သူ သမ္မတရှီကျင့်ဖင်၊ အခြားသော တရုတ်ခေါင်းဆောင်များနဲ့ အတူ NPC ပုဂ္ဂိုလ်ပေါင်း ၂၈၇၂ ဦးတို့ ဖွင့်ပွဲအစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။
#Asia_Politics
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 7 March 2024
၁။ ပြည်ပ ဝယ်လိုအားနည်းလာကာ ကုန်အဝင်နည်းနေသော နှမ်းဈေးကွက် ဈေးတည်ငြိမ်နေဟုဆို
၂။ ရွှေဈေးကစားသူများ၊ ရည်ညွှန်းဈေးထက် ပိုရောင်းသူများကို ထိရောက်စွာ အရေးယူပြီး ထိန်းကျောင်းတော့မည်ဟုဆို
၃။ ဆန်လျော့ဈေးများဖြင့် ရောင်းချပေးနေသော်လည်း စိတ်ဝင်စားမှု နည်းပါး၊ ဆန်ဈေးထပ်မကြီးနိုင်
၄။ (၁၄)ကြိမ်မြောက် တရုတ်ပြည်သူ့ ကွန်ဂရက်၏ ဒုတိယအစည်းအဝေး အင်္ဂါနေ့၌ စတင်ဖွင့်လှစ်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မြန်မာ့သရက်သီး တရုတ်သို့တင့်ပိုရန် ဈေးကွက်မသေချာ၍ ခြံပြုစုစောင့်ရှောက်မှု ၂၀ရာခိုင်နှုန်းခန့်သာရှိ
' အခုတင်ပို့နေတဲ့ဖရဲ၊ သခွှားမွှေး ကုန်စိမ်းတွေလည်း တင်ပို့ရက် အရမ်းကြာတော့ အနည်းနဲ့အများ အရည်အသွေးကျဆင်းသွားတာကိုး၊ သရက်ကလည်း တရုတ်နယ်စပ်လိုင်းက အဓိကတင်ပို့ရတာ၊ အခုလမ်းကြောင်းတွေက မဖွံဖြိုး၊မပွင့်လင်းသေးတော့လေ၊ ဒါကြောင့် သရက်ခြံပိုင်ရှင်တွေက အရည်အသွေးကောင်းဖို့ နည်းပညာထည့်တာ၂၀% လောက်အထိ နည်းသွားတယ်၊ ကျန်တာက သဘာဝအတိုင်း ဘုရားပေးသလောက်ပဲ '
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဂျပန်နည်းပြချုပ် ယူကီတက်ဆုရိုအနေနဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကို အခုနှစ်အတွင်း နိုင်ငံတကာခြေစမ်းပွဲတွေ၊ လေ့ကျင့်ရေးခရီးစဉ်တွေ သွားရောက်ဖို့ စီစဉ်လျက်ရှိပါတယ်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဆန်လျော့ဈေးများဖြင့် ရောင်းချပေးနေသော်လည်း စိတ်ဝင်စားမှုနည်းပါး ၊ဆန်ဈေးထပ်မကြီးနိုင်
' လက်လီဆိုင်တွေမှာ အသင်းကချတဲ့ဆန်တွေကို စားသုံးသူတွေက သိပ်ဟက်ဟက်ပက်ပက်မဝယ်ဘူး၊ ဈေးကွက်ကိုတော့ ထိန်းသွားသလိုဖြစ်တယ်၊ ဆန်ဈေးတော့ ဒီထက်ထပ်မကြီးနိုင်ဘူးဆိုပြီး စားသုံးသူတွေ စိတ်ပူစရာတော့ မရှိဘူး၊
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ယခုတပတ်နှမ်းဈေးကွက် အနေထားမှာတော့ တရုတ်ဝယ်လက်နည်းလာပြီး ကုန်အဝင်မှာလဲ အလွန်နည်းလာတဲ့အတွက် ဈေးအတတ်အကျ အနည်းငယ်သာရှိကာ ယခင်ဈေးတန်းမှာပဲ ငြိမ်နေတယ်လို့ နှမ်းအရောင်းဝယ် ပြုလုပ်သူတွေထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရွှေစျေး၊ ငွေဈေးကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူတွေကို ဥပဒေနဲ့အညီ ကြီးကြပ်အရေးယူသွားမှာဖြစ်တယ်။ ရည်ညွှန်းရွှေဈေးနှုန်း ထုတ်ပြန်ပြီး ကျော်လွန်ရောင်းချသူတွေကို အရေးယူနိုင်မယ့်နည်းလမ်း တွေကိုဆောင်ရွက်ဖို့လိုတယ်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 416 of 1152