မိုးတွင်းကာလရောက်ရှိလာတဲ့အတွက် ရာသီဥတု အပူချိန်လျော့ကျလာတာကြောင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ အပန်းဖြေဆင်စခန်းတွေမှာ ဆင်စီးခွင့်ကို ဆင်းစခန်းဖွင့်ချိန် ၉နာရီ မှ ညနေ ၅နာရီ ခွဲအထိ တိုးမြှင့်ထားတယ်လို့ ပြည်ဆင်စခန်းရှိ တာဝန်ရှိသူတွေ ထံက သိရပါတယ်။
#Local_News
Published_10 June 2024
#အပန်းဖြေဆင်စခန်း #ဆင်စီးချိန်တိုးမြှင့်ထား
#YMG/LW #Yangon_Times
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ပြည်နယ်နဲ့ တိုင်း(၉)ခုမှ စာစစ်ဌာန(၁၅၅)ခုရဲ့ တက္ကသိုလ်ဝင် အောင်စာရင်းတွေကို မြန်မာအသံရေဒီယိုမှထုတ်လွှင့်ပေးမယ်။ အထက်ပိုင်းဒေသတွေကိုလှိုင်းတို ၅၀.၇၁ မီတာ၊ ၅၉၁၅ကီလိုဟက်ဇ် အောက်ပိုင်းဒေသတွေအတွက် ၄၁၁.၅၂မီတာ၊ ၇၂၉ကီလိုဟက်ဇ်မှ ထုတ်လွှင့်ပေးမယ်။
#Local_News
Published_10 June 2024
#တက္ကသိုလ်ဝင်အောင်စာရင်း #ရေဒီယိုမှ ထုတ်လွှင့်
#tthl #Yangon_Times
ရှမ်းပြည်နယ်ကထွက်ရှိတဲ့ ခရမ်းချဉ်သီးတွေကို တာချီလိပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို တင်သွင်းနေရတဲ့အတွက်ခရမ်းချဉ်သီးဈေး ယခင်ထက် အနည်းငယ်မြင့်တက်လာတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်
#Local_News
Published_10 June 2024
#ခရမ်းချဉ်သီး #ထိုင်းမှဝယ်ယူမှုများနေ
#YMG/LW #Yangon_Times
အိန္ဒိယဝယ်လိုအားကြောင့် မြန်မာ့မတ်ပဲ ဈေးကွက်အလားအလာကောင်းပြီး ဈေးဆက်မာနိုင်တယ်လို ပဲဈေးကွက်ထဲ ကသိရပါတယ်။
#Local_News
Published_10 June 2024
#အိန္ဒိယဝယ်လိုအားမြင့် #မြန်မာ့မတ်ပဲဈေးဆက်မာနိုင်
#YMG NN #Yangon_Times
'အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲ' မှာ မြန်မာနိုင်ငံမှ ကျောင်းသားအားကစားအဖွဲ့က ဗိုဗီနမ်အားကစားဖြင့် ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ် (၁)ဆု၊ ကြေးတံဆိပ် (၄)ဆုစုစုပေါင်း(၇)ဆုတို့ ဆွတ်ခူးခဲ့တယ်။
#Local_News
Published_10 June 2024
#'အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ' #မြန်မာမှရွှေ(၂)ဆု
#tthl #Yangon_Times
၉ ဇွန် ၂၀၂၄
ဂျပန် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံရဲ့ အဓိက ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီး (၅)ခုဖြစ်တဲ့ တိုယိုတာ၊ ဟွန်ဒါ၊မာဇဒါ၊ ယာမဟာနှင့်ဆူဇူကီးတို့ဟာ သူတို့ရဲ့ အမြောက်အများထုတ်လုပ်ဖို့လျှောက်ထားစဉ်အတွင်း တရားမဝင်တဲ့ မရိုး မသားဆောင်ရွက်မှုတွေပြုလုပ်ခဲ့ကြကြောင်း တွေ့ရှိဖော်ထုတ်ခဲ့ပါတယ်။
Source CCTV+
ကမ္ဘာ့ရွှေဈေးကွက်အတွင်းမှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၇၀ နီးပါးဝန်းကျင်အထိ ကျဆင်းလာပေမယ့် ပြည်တွင်းရွှေဈေးကျဆင်းခြင်းမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းဈေးအရ သိရပါတယ်။
#Local_News
Published_08 June 2024
#ကမ္ဘာ့ရွှေဈေးကျဆင်း #ပြည်တွင်းရွှေဈေးကျဆင်းခြင်းမရှိ
#YMG NN #Yangon_Times
Page 413 of 1224