ယမန်နေ့က အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ဒီကနေ့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာပြုလုပ်မယ့် တံခွန်စိုက်ဖလားမြင်းစီးအားကစား ဗိုလ်လုပွဲ၊ဆုပေးပွဲနဲ့ မြင်းလေလံပွဲရက်ကို ဖေဖော်ဝါရီ ၁၉ ရက်ကိုယာယီရွေ့ဆိုင်းလိုက်တယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲချုပ်ကသိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 12 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းမှာ ဇီဝဇိုးငှက်အိမ်ပေါင်း ၃၀၀ကျော်ရှိတယ် ယခုနှစ်မှာ ၁၀၀ကျော်ထပ်တိုးမယ် ငှက်တွေလဲ ဝင်ရောက်မှု များလာတယ် အခုလို ငှက်အိမ်တွေများလာတဲ့အတွက် ငှက်တွေအနေနဲ့ ရွေးချယ်စရာများလာတယ် အဲ့တော့ငှက်အိမ်တွေကို စနစ်တကျနဲ့ နည်းပညာအမှန်နဲ့ဆောက်လုပ်ဖိုတော့လိုလာမယ်။
Yangon Times/LW
#Local_News
#Published_ 12 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
"ထီးလင်းနဲ့ဖျာပုံတို့မှာ လှုပ်ခတ်တဲ့ ငလျင်တွေဟာ ငလျင်ငယ်တွေဖြစ်ပြီး မနက်အစောကြီးပိုင်းလှုပ်ခတ်ခဲ့တာဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်လို့ သတင်းပေးပို့တာတွေမရှိဘူး။ ငလျင်ဟာခန့်မှန်းလို့ မရတဲ့သဘာဝဘေးအန္တရာယ်ဖြစ်ပြီး ပြတ်ရွေ့ကြောပေါ်ရှိ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ပဲခူးစတဲ့ ဒေသတွေကတော့ ငလျင်အန္တရာယ်ကို အထူးသတိထားဖို့လိုအပ်တယ်" မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 12 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကျိုက်ထီးရိုးစေတီတော်သို့ ပြည်ထောင်စုနေ့ပိတ်ရက်အတွက် တစ်ရက်ကို ဘုရားဖူးဧည့်သည် သုံးသောင်းကျော်အထိ စံချိန်တင် ဝင်ရောက်မှု များပြား
' တောင်ဖွင့်ချိန် သီတင်းကျွတ်လပြည့်နေ့တောင်ဖွင့်ချိန်ကစပြီး ဒီရက်က စံချိန်တင်အမြင့်ဆုံးလာရောက်တာပါ၊ ပြည်ပခရီးသွားက နိုင်ငံစုံလာတယ်၊ ထိုင်းကအများဆုံးပဲ၊ '
Yangon Times/NN
#Local_News
#Published_ 12 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၁၁ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အမျိုးမျိုးပြောဆိုသုံးသပ်နေမှုများရှိနေပြီး ယင်းနှင့်ပတ်သက်၍ ပြည်သူ လူထုပိုမိုသိရှိစေရန်အတွက်နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ (၁၁)ရက်နေ့တွင် ထပ်မံ၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးပါတယ်။
@ymg/knl
တညင်းကုန်းလက်ကားဈေးကြီးဝန်းအတွင်း ညအိပ်လာရောက် ရပ်နားတဲ့ကားတွေ ပိုမိုများလာတယ်၊ ဈေးဝန်းအတွင်း ညအိပ်ကားကြီးများကို ၂၄နာရီ လုံခြုံမှုအပြည့်နဲ့ တစ်နေကုန်ကားရပ်ထားနိုင်ပြီး ဝန်ဆောင်ခ အဖြစ် ၃၀၀၀ ကျပ် ကောက်ယူပါတယ်။ နေ့စဉ်အစီးရေ၅၀၀ကျော်ရပ်နားပါတယ်။
Yangon Times/LW
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ချစ်သူများနေ့ Valentines Dayတွင် FAများအတွက် ''FA စျေးပွဲတော်'' ကျင်းပမည်
"FA စျေးပွဲတော်"မှာ ဖျော်ဖြေရေး အစီအစဥ် တွေ၊ Game Activities၊ Challenges၊Free Gift Vouchers၊ Free Gifts၊LuckyDraw၊ Tarot တွေပါဝင်မှာဖြစ်ပြီး ဈေးပွဲတော်မှာ ဈေးရောင်းချလိုသူတွေအနေနဲ့ One booth ကို30000ကျပ်မှ စပြီးယူလို့ရတယ် ပွဲစီစဉ်တဲ့Supreme Lounge က တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 372 of 1084