Published 24 March 2022
တရုတ်ပြည်တွင်းထုတ် J-10C ဂျက်တိုက်လေယာဉ်တွေဟာ မတ်လ(၂၄)ရက်မှာ ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလမ်မာဘတ်မှာ ကျင်းပတဲ့ ၈၂ကြိမ်မြောက် ပါကစ္စတန်နေ့ စစ်ရေးပြအခမ်းအနားမှာ ပါှဝင်ပျံသန်းပြသခဲ့ပါတယ်။
အဲဒီစစ်ရေးပြအခမ်းအနားမှာ စစ်လက်နက်ကိရိယာတွေနှင့် အလှပြယာဉ်တွေကနေ စစ်အင်အားနှင့် ယဉ်ကျေးမှုတို့ကို ပြသတာဖြစ်ပါတယ်။
စစ်ရေးပြအခမ်းအနားကို ပါကစ္စတန်ဝန်ကြီးချုပ် အာမန်ခန်၊သမ္မတ အာရစ်အယ်လ်ဗီနှင့် စစ်တပ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
သူတို့အပြင် ပါကစ္စတန်မှာ OIC အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ ၄၈ကြိမ်မြောက် အစည်းအဝေး တက်ရောက်လာကြတဲ့ နိုင်ငံပေါင်း၅၇နိုင်ငံက ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားတဲ့ အတွက် တက်ရောက်လာကြပါတယ်။
အဲဒီစစ်ရေးပြအခမ်းအနားမှာ စစ်ရေးစွမ်းရည်ပြသကြတဲ့အထဲမှာ တရုတ်ပြည်တွင်းထုတ် J-10C တိုက်လေယာဉ်တွေကို ထည့်သွင်း ပျံသန်းပြသခဲ့တာဖြစ်ပါတယ်။ အခမ်းအနားတက်ရောက်လာတဲ့ ဇာကစ်အယ်လ်အိုင်ဂျက်စ်က “အခုမှ ပထမမဆုံး တရုတ်တိုက်လေယာဉ်တွေမြင်ဖူးတာဖြစ်တယ်လို့ပြောပါတယ်။ သူမရဲ့သမီးကတော့ တရုတ်နှင့် ပါကစ္စတန်နိုင်ငံဟာ အလွန်ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်တယ်လို့ ပြောပါတယ်။
Source CMG
#LocalNews
Published_24 March 2022
ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌလည်း ဖြစ် ၊ ဇေကမ္ဘာ ရှေးဟောင်းပြတိုက်ပိုင်ရှင်လည်းဖြစ်သည့် ဦးခင်ရွှေနှင့်သားဖြစ်သူ ဦးဇေသီဟတို့အား ၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ - ၂၄ ဖြင့် အမှုဖွင့်ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ထားခြင်းဖြစ်သည်။
#Yangon_Media_Group
#DailyNews
TV Yangon Times ရဲ့နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)
++++++++++++++++++++++++++++++
Published - 24 Mar 2022
၁။ ရခိုင်ပြည်နယ်အတွက် အလုပ်သမားရေးရာကူညီပံ့ပိုးရေးစင်တာအနေဖြင့် ပြည်သူကို ဥပဒေအမြင်ဖွင့်သင်တန်းများ ပို့ချ
၂။ မုန်တိုင်းကင်းစင်ပြီဖြစ်၍ ဒီကနေ့မှစလို့ ကမ်းခြေဒေသများသို့ ခရီးသွားများ ပြန်လည်ဝင် ရောက်ခွင့်ပြု
၃။ မိုးလေဝသ သတင်း
၄။ အာဖဂန်နစ္စတန်တွင် တာလီဘန်များက မိန်းကလေးငယ်များအား ပြန်လည်ကျောင်းတက်ခွင့်ပြုလိုက်ပြီ......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Published 23 March 2022
တနင်္လာနေ့ မွန်းလွဲပိုင်းက ပျက်ကျခဲ့တဲ့ တရုတ်အရှေ့ပိုင်းလေကြောင်းပိုင် ဘိုအင်း၇၃၇-၈၀၀ ရဲ့ သေတ္တာနက်တွေထဲက တစ်လုံးကို မတ်လ(၂၃)ရက် ဗုဒ္ဓဟူးနေ့က ရှာတွေ့ပြီလို့ တရုတ်အရာရှိတွေက ပြောပါတယ်။
အဲဒါကြောင့် နှစ်များစွာအတွင်း တရုတ်နိုင်ငဲရဲ့ ကြေကွဲစရာအကောင်းဆုံး လေကြောင်းလေယာဉ်ပျက်ကျမှုဖြစ်ရတဲ့အကြောင်းရင်းကိုသိရဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။
တရုတ်အရှေ့ပိုင်းလေကြောင်လိုင်း ခရီးစဉ်အမှတ် MU5735ဟာ ကူမင်းလေဆိပ်ကနေ ခရီးသည် (၁၂၃) ဦး၊ လေယာဉ်အမှုထမ်း(၉)ဦးတို့ကို တင်ဆောင်ပျံသန်းရင်း ကွမ်ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ တန်ကျန်းစီရင်စုမှာ တနင်္လာနေ့ မွန်းလွဲပိုင်းက ပျက်ကျခဲ့တာပါ။
လေယာဉ်ကို ၂၀၁၅ခုနှစ် ဇွန်၂၂ရက်မှာ စတင်ပျံသန်းဖို့ ပေးပို့ခဲ့တာဖြစ်တယ်လို့ အရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လေကြောင်းပျံသန်းရေးစည်းမျည်းတွေကို တင်းကြပ်စွာလိုက်နာပြီး နည်းပညာပိုင်းလုပ်ဆောင်မှုတွေလည်း ပုံမှန်ကောင်းမွန်တာတွေ့ရတယ်လို့ ပြောပါတယ်။ လေယာဉ်မှူး(၃)ဦးစလုံးဟာ အရည်အချင်းကောင်းစွာပြည့်မီသူတွေ ဖြစ်တယ်။ အတွေအကြုံလည်းများပြီး ကျန်းမာရေးကောင်းသူတွေဖြစ်တယ်လို့ အရာရှိတွေကပြောပါတယ်။
Source CMG
#LocalNews
Published - 23 Mar 2022
၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)ရဲ့ လူနာတင်ယာဥ်တစ်စီးမှာ လူနာသွားရောက်ခေါ်ဆောင်စဥ် လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရလို့ သိရပါတယ်။
#Yangon_Media_Group
Published 23 March 2022
ထိုင်ဝမ်ကျွန်း၊ တိုင်တွန်ခရိုင်ရေပြင်မှာ မတ်၂၃ရက် ဗုဒ္ဓဟူးနေ့ နံနက်(၁)နာရီ(၄၁)မိနစ်ခန့်က အင်အား ၆.၆အဆင့်ရှိ ငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။
ငလျင်ဗဟိုချက်ဟာ မြေပြင်အောက် အနက်၂၀ကီလိုမီတာအကွာနှင့် မြောက်လတ္တီကျူ၂၃.၄၅ဒီဂရီနှင့် အရှေ့လောင်ဂျီတွတ် ၁၂၁.၅၅ ဒီဂရီနေရာကနေ လှုပ်ရှားသွားတာဖြစ်ပါတယ်လို့ တရုတ်မြေငလျင်ကွန်ယက်စင်တာက ပြောပါတယ်။
ထိုင်ဝမ် အရှေ့ပိုင်းမှာ ဆက်တိုင်လှုပ်ရှားခဲ့တဲ့ ငလျင်တွေရဲ့လှုပ်ရှားမှုကို ထိုင်ဝမ်တစ်ကျွန်းလုံးခံစားရတယ်လို့ ထိုင်ဝမ် မိုးဇလ ဌာနကပြောပါတယ်။
လူတစ်ဦးဒဏ်ရာအနည်းငယ်ရပြီး ငလျင်ဒဏ်ခံရတဲ့ နေရာအတော်များများမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေဖြစ်ခဲ့တယ်။ ပြီးတော့ ဟောလျန်ခရိုင်က တံတာတစ်စီးလည်းကျိုးသွားတယ်လို့ ဒေသခံ မီးသတ်ဌာနက သိရပါတယ်။
ငလျင်ကြီးလှုပ်ရှားပြီးနောက် နောက်ထပ် ၆.၁အဆင့်ရှိငလျင်နှင့် အဆင့်၅ ကျော်ကျော်ရှိတဲ့ ငလျင်ငါးခုထပ်မံလှုပ်ရှားသွား တယ်လို့လည်း ထိုင်ဝမ်မိုးဇလဌာနကပြောပါတယ်။
ဒီနှစ်အတွင်းမှာ ယခုငလျင်ဟာ အပြင်းထန်ဆုံးဖြစ်ပြီး ဆက်လှုပ်တဲ့ငလျင်တွေဟာ ငလျင်ကြီးရဲ့လှုပ်ခတ်မှုကြောင့် ပေါ်ပေါက်တဲ့ ငလျင်တွေဖြစ်နိုင်တယ်လို့ ဌာနက ပြောပါတယ်။
Source Xinhua/CMG
#DailyNews
Published - 23 Mar 2022
၁။ မြန်မာလုပ်သားအချို့ တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မတ်လ ၂၅ ရက်တွင်သွားရောက်မည်။
၂။ မုံရွာမြို့ပေါ်တွင် လုယက်မှုဖြစ်စဥ်တွေများပြားလာပြီး လုယက်သူများက သမီးရည်းစားစုံတွဲများကို အဓိကပစ်မှတ်ထားလုယက်နေ။
၃။ နေ့စဉ်မိုးလေဝသ သတင်း။
၄။ တရုတ်နိုင်ငံအကူအညီဖြင့်တည်ဆောက်သော ကမ္ဘောဒီးယားဆေးရုံသစ်ကြီးဖွင့်လှစ်......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Page 1306 of 1358