Published 15 March 2022
ရုရှားနှင့်ဆက်ဆံရေးကို ကိုင်တွယ်တဲ့နေရာမှာ အမေရိကန်အနေနှင့် တရုတ်အကျိုးစီးပွားကို လာမထိခိုက်စေဖို့လိုတယ်လို့ တရုတ်နိုင်ငံက အမေရိကန်ကို ပြင်းထန်စွာသတိပေးပြောဆိုလိုက်ပါတယ်။ မော်စကိုကိုတရုတ်ကကူညီနေတာတွေ ရုပ်သိမ်းဖို့ အမေရိကန်က ဖိအားတွေပေးနေချိန်မှာ တရုတ်က ယခုလိုတုန့်ပြန်ခဲ့တာပါ။
ရုရှားဟာ တရုတ်ထံက စစ်ရေးအကူအညီတောင်းခဲ့တယ်လို့ စွပ်စွဲချက်တွေနှင့်ပတ်သက်လို့လည်း အမေရိကန်ဟာ ပရော်ဖက်ရှင်နယ်မပီသ၊ကျင့်ဝတ်နှင့်လည်းမညီ တာဝန်ယူမှုလည်းကင်းမဲ့တဲ့ သတင်းမှားတွေကို ဖန်တီးဖြန့်ချိနေတယ်လို့ပါ တရုတ်က ပြောကြားခဲ့ပါတယ်။
Source AFP
#LocalNews
Published-15 March 2022
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအတွက် စနစ်ကျတဲ့ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေပါပြီ။
#Yangon_Media_Group
#DailyNews
Published - 15 Mar 2022
(၁) တမူးမြို့တွင် မိုဘိုင်းအင်တာနက်လိုင်း ပြတ်တောက်နေသည်မှာ တစ်ပတ်ခန့်ရှိလာပြီး ဒေသခံများအခက်တွေ့
(၂) ဗိုလ်တထောင်စေတီတော် ဝန်ထမ်းများအတွက် စနစ်တကျအိမ်ရာတစ်ခု တည်ဆောက်နေ
(၃) နေ့စဉ်မိုးလေဝသ သတင်း
(၄) ရှေးဟောင်းကားကလေးတစ်စီးဖြင့် ကမ္ဘာ့တိုက်ကြီးငါးတိုက်ဖြတ်ကျော် ကမ္ဘာပတ်ခဲ့သည့် အာဂျင်တီးနားမိသားစု ၂၂နှစ်အကြာတွင် မွေးရပ်မြေခရီးဆုံးပြန်လည်ရောက်ရှိ .... အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ။
#Yangon_Media_Group
#WorldBusiness
Published 14 March 2022
တရုတ်နိုင်ငံမှာ မနှစ်ကထက် စိန်လက်ဝတ်ရတနာဝယ်လိုအား ပြန်လည်မြင့်တက်လာခဲ့ပြီး အထူးသဖြင့် အခုလိုစေ့စပ်လက်ထပ်ပွဲတွေ အများဆုံးပြုလုပ်လေ့ရှိတဲ့ရာသီမှာ စိန်ရတနာတွေအရောင်းသွက်လာတာဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_14 March 2022
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု အဓိကလမ်းကြောင်းဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်၊ တောနော် ရေတံခွန်အနီးမှာရှိတဲ့ တံတားကိုပြုပြင်ဖို့အတွက် ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ကို ၃ ရက်ပိတ်မယ်လို့ ဒေသခံလူမှုကယ် ဆယ်ရေးအသင်းတွေက သိရပါတယ်။
#Yangon_Media_Group
Page 1277 of 1322