Published 25 Sept 2022
တရုတ်နိုင်ငံဟာ ယင်းရဲ့ ပထမဆုံး ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောကြီး လျောင်နင်း စတင်တာဝန်ထမ်းဆောင်ကတည်းက ရေကြောင်း တိုက်ခိုက်ရေးစွမ်းရည်တွေဟာ သိသိသာသာတိုးတက်လာခဲ့တယ်လို့ တရုတ်အစိုးရ မီဒီယာတွေကပြောပါတယ်။
လျောင်နင်းကို ၂၀၁၂ခုနှစ် စက်တင်ဘာလမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထံ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကာလမှာ back-to-back (ဘက်တူဘက်) စနစ်ထိပ်တိုက်တွေ့မှုနှင့် လက်တွေ့တိုက်ပွဲလေ့ကျင့်ခန်း တွေကနေတစ်ဆင့် ပလက်ဖောင်းတစ်ခုမှသည် တိုက်ပွဲဖွဲ့စည်းမှုအထိ၊ အသေးစားစနစ်လေ့ကျင့်မှုမှသည် အကြီးစားပူးတွဲစစ်ဆင်ရေးတွေအထိ လျောင်နင်းလေယာဉ်တင်စစ်သင်္ဘောကြီးရဲ့ ဖွဲ့စည်းပုံဟာ သင်္ဘောတွေ၊ရေငုပ်သင်္ဘောတွေနှင့် လေယာဉ်တွေကို ကောင်းစွာ စုဖွဲ့ပေါင်းစပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းမှုရဲ့ တိုက်ပွဲစွမ်းရည်ဟာဆက်တိုက်တိုးတက်လာတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ လျောင်နင်းဟာ ပစိဖိတ်အနောက်ပိုင်းသမုဒ္ဒရာမှာ လေ့ကျင့်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ လျောင်နင်း လေယာဉ်တင်သင်္ဘောဖွဲ့စည်းမှုကနေ အရှိန်မြင့်မားစွာဖြင့် ပျံသန်းနေတဲ့အမျိုးအမည်မသိ လေယာဉ်အုပ်စုတွေကို ထောက်လှမ်းနိုင်ခဲ့ပါတယ်။
ဖွဲ့စည်းမှုဟာ မိနစ်အနည်းငယ်အတွင်းမှာပဲ တိုက်ပွဲအစီအစဉ်တွေနှင့် တုန့်ပြန်နိုင်စွမ်းရှိခဲ့ပါတယ်။ အမိန့်ပေးစစ်စခန်းကနေ တိုက်ခိုက်ဖို့ အမိန့်ပေးနိုင်ပါတယ်။ ပြီးတော့ J-15 တိုက်လေယာဉ်တွေ ပစ်မှတ် လေပိုင်နက်ထဲ ဦးတည်ပျံသန်းနိုင်ပါတယ်။ များစွာသော တိုက်ပွဲနည်းနာတွေကတစ်ဆင့် တင်းကြပ်တဲ့ တိုက်စစ်နှင့်ခံစစ်တွေကို ဖွဲ့စည်း တည်ဆောက်နိုင်ခဲ့ပါတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
၂၀၁၇ခုနှစ်မှာ 901 အမျိုးအစား သမုဒ္ဒရာသွား ထောက်ပို့ ရေယာဉ် ဟူလန်ဟူကို အဆိုပါ ဖွဲ့စည်းမှုပုံစံအထဲ စတင်တာဝန်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အနောက်ပိုင်းပစိတ်ဖိတ် သမုဒ္ဒရာမှာ ဟူလန်ဟူဟာ လျောင်နင်းလေယာဉ်တင်သင်္ဘောကို ရေကြောင်းဆိုင်ရာ ဖြည့်တင်းမှုအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ရန်သူတွေရဲ့ ခြိမ်းခြောက်မှုအောက်ကနေ အကြီးစားဖြစ်တဲ့ နေ့ ည ကာလရှည်ထောက်ပို့မှုတွေကို ထူးခြားအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
တရုတ်ရဲ့ပထမဆုံး 055 ပုံစံ ပဲ့ထိန်းဒုံးဖျက်သင်္ဘော နန်ချန်းဟာလည်း ဖွဲ့စည်းမှုပုံစံထဲ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ လေယာဉ်တင်သင်္ဘော ဖွဲ့စည်းမှုဟာ မတူတဲ့ လုပ်ငန်းတာဝန်ပေါ်မူတည်လုပ်ဆောင်တာပါ။ တိုက်ပွဲ အုပ်စုဝင်တွေကို မစ်ရှင်ချက်ခြင်းစနိုင်အောင် ယာယီရွေးချယ်တာဝန်ပေးပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဟာ စံမှီတဲ့ အကဲဖြတ်ယန္တယားတစ်စုံကို မိတ်ဆက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂)နှစ်အတွင်း အရာရှိတွေနှင်စစ်သည်တွေ အကဲဖြတ်မှု ပိုမိုအောင်မြင်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ဆီမှာ တာဝန်ပေးဖို့ ကြီးမားတဲ့ ရွေးချယ်မှုရှိပြီးဖြစ်ပါတယ်” လို့ လျောင်နင်း လေယာဉ်တင်သင်္ဘောရဲ့ ကပ္ပတိန် ချေးယွန်ဂန်ကပြောပါတယ်။
Source CCTV+
#Aircraft_carrier_Liaoning
#China_Navy
#China_Military_Power
#TV Yangon Times Matters အစီအစဉ်
Published - 25 Sep 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က အသက် (၁၄)နှစ်အရွယ်သာရှိသေးတဲ့ ပန်းချီဆရာစွမ်းထက်နိုင်နှင့်အတူ
-"အသက် ၃ နှစ်သားလောက်က ပန်းချီစဆွဲခဲ့ပြီး အချိန်တိုအတွင်းမှာ ပန်းချီကားပေါင်း ၆၀ ကျော်ရေးဆွဲခဲ့ပြီးကြောင်း
-မော်ဒန်ပန်းချီဆိုတာ ဆန်းသစ်ပြီး ကိုယ်ဖန်တီးချင်တိုင်း ဖန်တီး၍ရသောကြောင့် မော်ဒန်ပန်းချီရေးဆွဲခဲ့တာဖြစ်ကြောင်း
-ပထမဆုံး တစ်ကိုယ်တော်ပန်းချီပြပွဲကို အောက်တိုဘာ ၁ ရက်နေ့မှ ၃ ရက်နေ့ထိလောကနတ်ပန်းချီပြခန်းတွင် ပြသသွားမည်ဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 25 September 2022
လာမယ့်နိုဝင်ဘာလမှာ စာကြည့်တိုက်လှုပ်ရှားမှုအဖြစ် ကလေးစာပေပွဲတော်တွေ ပြန်လည်ပြုလုပ်သွားဖို့ရှိတယ်လို့ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ကပြောပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 25 Sep 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က အသက် (၁၄)နှစ်အရွယ်သာရှိသေးတဲ့ ပန်းချီဆရာစွမ်းထက်နိုင်နှင့်အတူ
-"အသက် ၃ နှစ်သားလောက်က ပန်းချီစဆွဲခဲ့ပြီး အချိန်တိုအတွင်းမှာ ပန်းချီကားပေါင်း ၆၀ ကျော်ရေးဆွဲခဲ့ပြီးကြောင်း
-မော်ဒန်ပန်းချီဆိုတာ ဆန်းသစ်ပြီး ကိုယ်ဖန်တီးချင်တိုင်း ဖန်တီး၍ရသောကြောင့် မော်ဒန်ပန်းချီရေးဆွဲခဲ့တာဖြစ်ကြောင်း
-ပထမဆုံး တစ်ကိုယ်တော်ပန်းချီပြပွဲကို အောက်တိုဘာ ၁ ရက်နေ့မှ ၃ ရက်နေ့ထိလောကနတ်ပန်းချီပြခန်းတွင် ပြသသွားမည်ဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published-25 Setember 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခုနှစ်လတာကာလအတွင်းမှာ ကန်ဒေါ်လာ ၁၁၂၄၅ ဒသမ ၄၇၈ သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 25 Sep 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က အသက် (၁၄)နှစ်အရွယ်သာရှိသေးတဲ့ ပန်းချီဆရာစွမ်းထက်နိုင်နှင့်အတူ
-"အသက် ၃ နှစ်သားလောက်က ပန်းချီစဆွဲခဲ့ပြီး အချိန်တိုအတွင်းမှာ ပန်းချီကားပေါင်း ၆၀ ကျော်ရေးဆွဲခဲ့ပြီးကြောင်း
-မော်ဒန်ပန်းချီဆိုတာ ဆန်းသစ်ပြီး ကိုယ်ဖန်တီးချင်တိုင်း ဖန်တီး၍ရသောကြောင့် မော်ဒန်ပန်းချီရေးဆွဲခဲ့တာဖြစ်ကြောင်း
-ပထမဆုံး တစ်ကိုယ်တော်ပန်းချီပြပွဲကို အောက်တိုဘာ ၁ ရက်နေ့မှ ၃ ရက်နေ့ထိလောကနတ်ပန်းချီပြခန်းတွင် ပြသသွားမည်ဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 25 Sept 2022
ဖို့ဒ်ကားကုမ္ပဏီရဲ့ ရုချ် လျှပ်စစ်ကားထုတ်လုပ်ရေးဌာနဟာ မီချီဂန်ပြည်နယ် ဒီယာဘွန်းမြို့က ကုမ္ပဏီရဲ့ ယခင် ရာစုနှစ် သက်တမ်းရှိပြီဖြစ်တဲ့ စက်ရုံအတွင်းထဲမှာရှိပါတယ်။ အဲဒီစက်ရုံကနေ ယခု ဖို့ဒ်ရဲ့ အလုံးစုံလျှပ်စစ်ပထမဆုံးထရပ်ကား F-150 Lightning ကားတွေကို ထုတ်လုပ်နေပါတယ်။
“ကျွန်တော်တို့မျှော်လင့်ထားတာထက် ဝယ်လိုအားက ပိုများနေတယ်” လို့ တိုးချဲ့ လျှပ်စစ်ကားစက်ရုံရဲ့ ဝါရင့် လုပ်ငန်းလည်ပတ်ရေး မန်နေဂျာတစ်ဦးဖြစ်တဲ့ ခရစ် စကက်ခ်က ပြောပါတယ်။
“ ကျွန်တော်တို့ကို ကြိုမှာထားတာ အစီး နှစ်သိန်းရှိနေပါတယ်။ အဲဒါတွေ အချိန်မီရရှိအောင် ကျွန်တော်တို့ ခပ်မြန်မြန်ထုတ်လုပ်နေပါတယ်” လို့လည်း သူကပြောပါတယ်၊
အခုဆို ကျွန်တော်တို့ထုတ်လုပ်မှုစွမ်းရည်ကို နှစ်ဆတိုးထုတ်နေတာကို ကြေညာထားပါတယ်။ ဒီနှုန်းနှင့်ဆို တစ်နှစ်ကို ကားပေါင်း တစ်သိန်းခွဲထုတ်လုပ်နိုင်မှာပါ လို့လည်းသူကပြောပါတယ်။
“ အဲဒါကြောင့် ကျွန်တော်တို့ အလုပ်ရုံတွေ အများကြီးထပ်တိုးထားတယ်။ လူတွေထပ်တိုးထားတယ်။ဝယ်ယူသူတွေရဲ့ လိုလားမှုတွေပြည့်မီစေဖို့အတွက် လိုင်းတွေမှာ ထုတ်လုပ်မှုနှုန်းတွေတိုးမြှင့်နိုင်ပါတယ်။ အဲဒီအပြင် တင်နက်ဆီမှာ နောက်ထပ် စက်ရုံတစ်ရုံဆောက်နေတယ်။ အဲဒီမှာ လျှပ်စစ်ကားတွေ ပိုကောင်းကောင်းထုတ်နိုင်မယ်” လို့ သူကပြောပါတယ်။
ဒီထူးခြားတဲ့အခြေအနေကြောင့် အခြေခံအားဖြင့် တစ်နှစ်အတွက် ထုတ်လုပ်မှုလေးဆတိုးရမယ်။ ကျွန်တော်တို့ ခပ်မြန်မြန်တုန့်ပြန်နေပါတယ်။ ကျွန်တော်တို့ဟာ ထရပ်ကားကျွမ်းကျင်သူတွေပါ။ ကျွန်တော်တို့ဘယ်လိုအတိုင်းအတာတိုးမြှင့်ရမယ်ဆိုတာနှင့် ဝယ်သူရဲ့လိုအပ်ချက်ကို ဘယ်လိုပြည့်မီအောင်လုပ်ရမယ်ဆိုတာ သိပါတယ် လို့လည်း သူကဆက်ပြောပါတယ်။
ဒီအခြေအနေမရောက်ခင် ကျွန်တော်အငြိမ်းစားယူရမယ် ထင်ထားတာ။ လုပ်ငန်းက ခပ်မြန်မြန်ကြီးပြောင်းလဲနေတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းကြိုခန့်မှန်းနိုင်မယ်လို့ မထင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အမြန် တုန့်ပြန်ပြီး ဘက်ထရီတွေတည်ဆောက်ဖို့ မှန်ကန်တဲ့အရင်းအမြစ်တွေကို ရယူနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝယ်လိုအားကိုထုတ်နိုင်အောင် ကျွန်တော်တို့ လုပ်ငန်းအတိုင်းအတာကိုတိုးမြှင့်နေပါတယ် လို့ သူကပြောကြားခဲ့ပါတယ်။
အဲဒီစက်ရုံနှင့်ကပ်လျက်မှာ ဒီယာဘွန် ထရပ်ကားစက်ရုံရှိပါတယ်။ အဲဒီမှာတော့ ဓာတ်ဆီထရပ်ကားတွေ ထုတ်လုပ်နေတုန်းဖြစ်ပါတယ်။ အဲဒီမှာ ၅၃စက္ကန့်တိုင်းမှာ ပစ်ကားကာတစ်စီထွက်ရှိနေတာဖြစ်ပါတယ်။
Source AFP
#Ford’s_All_Electric_truck
#F-150_Lightning
#Battery_Electric_Vehicles
Page 1108 of 1338