Published 30 Sept 2022
ယနေ့ မနက်ပိုင်းက လွိုင်ကော်လေဆိပ်တွင် မြန်မာအမျိုသားလေကြောင်းလိုင်းပိုင် ခရီးသည်တင် အရပ်ဖက်လေယာဉ် ATR-72 ဆင်းသက်စဉ်ပစ်ခတ်ခံရမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။(သတင်းများဖော်ပြပြီး)
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ဇော်မင်းထွန်း၏ ရှင်းလင်းချက် အပြည့်အစုံကို ရုပ်သံတင်ဆက်ထားပါတယ်။
#Myanmar
#Loikaw_Airport
#MNA_Airlines
#Local_News
Published _ 30 September 2022
မြန်မာနိုင်ငံက ပင်လယ်ကူးသင်္ဘောသားတွေအနေနဲ့ ပြည်ပအာမခံအတွက် ပြုလုပ်စရာသိပ်မလိုအပ်ပေမယ့် ပြည်တွင်းအာမခံကိုတော့ ပြုလုပ်ထားသင့်တယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ် (MSF) ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က YMG ကို အခုလို ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 30 September 2022
၁။ မြန်မာသင်္ဘောသားများအနေဖြင့် ပြည်တွင်းအာမခံကို မဖြစ်မနေ ပြုလုပ်ထားသင့်ဟုဆို
၂။ YBS ယာဉ်စီးခပြောင်းလဲကောက်ခံခြင်းမျိုးမဟုတ်ဘဲ ကတ်စနစ် ပိုမိုသုံးစွဲလာစေရန် ကျပ် ၂၀ လျှော့ပေးလိုက်ခြင်းဖြစ်သည်ဟု YRTC ပြော
၃။ နယ်ဘက်ရှိ မျက်စိဝေဒနာရှင်များအတွက် မျက်မှန် (၄၀၀၀)ကျော်ပေးလှူခဲ့၊ မန္တလေးတွင် ဆက်လက်လှူဒါန်းမည်
၄။ ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ဖောက်ထွင်းပြီး နတ်ဘုရားများအားပူဇော်ပသသည့် ထိုင်းနိုင်ငံသက်သက်လွတ်ပွဲတော်ပြန်လည်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_30 September 2022
တရုတ်ဘက်ကနေ ကြက်သွန်တွေဝင်ရောက်လာတာကြောင့် ပြည်တွင်းကြက်သွန်နီဈေးနှုန်းမှာ ဆက်တိုက်ကျဆင်းလာတာဖြစ်တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published 29 September 2022
မြောက်ဦးရှေးဟောင်းပြတိုက်နဲ့ ရှေးဟောင်းစေတီတွေရဲ့ အချက်အလက်တွေကို သိရှိနိုင်ဖို့ QR Code စနစ်လုပ်ဆောင်နိုင်ရေးကို စီစဉ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#World_Technology
Published 29 September 2022
တရုတ်နိုင်ငံမှ ကုန်းရေနှစ်သွယ်သွားနိုင်တဲ့ မီးသတ်လေယာဉ် AG600M ဟာ ရေ ၁၂ တန်ဖြည့်ခြင်းနဲ့ ရေဖြန့်ကျဲခြင်းတို့ကို အင်္ဂါနေ့က စမ်းသပ်အောင်မြင်ခဲ့ပြီး တကယ်လက်တွေ့အသုံးချနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 29 Sept 2022
ဘရာဇီးနိင်ငံ မြောက်ပိုင်း အမေဇုန်နာ့စ်ပြည်နယ်၊ကဲရီယိုမြို့ က တံတားတစ်စင်း ဗုဒ္ဓဟူးနေ့က ပြိုကျခဲ့ရာ အနည်းဆုံး လူ(၃)ဦး သေဆုံးကာ ၁၅ ဦးပျောက်ဆုံးနေပါတယ်။
အမေဇုန်နာ့စ် မီးသတ်ဌာနဟာ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။ အဲဒီံတံတားဟာ ကဲရီယိုမြို့ကို ဖြတ်သွားတဲ့ BR-319 အမြန်လမ်းမကြီးပေါ်မှာ ရှိပါတယ်။ ကဲရီယိုမြို့ဟာ ပြည်နယ်မြို့တော် မန်နော့စ်မြို့မှ ၆၂ မိုင် အကွာမှာရှိပါတယ်။
တံတားပြိုကျချိန်မှာ အချို့ကားတွေဟာ တံတားပေါ်ကဖြတ်သန်းမောင်နှင်နေတာကြောင့် လူ(၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ တံတားမပြိုကျခင် တံတားပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုရှိခဲ့လို့ တံတားဟာ အက်ကြောင်းရာထင်ခဲ့တယ်လို့ မျက်မြင်သက်သေတော်တော်များများကပြောကြပါတယ်။
Source AFP/Reuters
#Amazonas_Brazil
#Bridge_Collapse
#Brazil
Page 1103 of 1338