#WorldArchaeology
Published 28 April 2022
ရှေးနတ်ဘုရားမတစ်ပါးရဲ့ မျက်နှာအတိုင်းပုံဖော်ထားတဲ့ နှစ်ပေါင်း ၄,၅၀၀ သက်တမ်းရှိ ကျောက်တုံးရုပ်ထုတစ်ခုကို ဂါဇာကမ်းမြောင်တောင်ပိုင်းမှာတွေ့ရှိခဲ့ကြကြောင်း ပါလက်စ်တိုင်းရှေးဟောင်းသုတေသနဆိုင်ရာအာဏာပိုင်များက တနင်္လာနေ့က ထုတ်ဖော်ကြေညာလိုက်ပါတယ်။
#Yangon_Media_Group
Published 28 April 2022
ကမ္ဘာ့ပထမဆုံး အလိုအလျောက်တည်နေရာ ထိန်းကျောင်းမောင်းနှင်တဲ့ စနစ်တပ်ဆင်ထားတဲ့ ရေတိမ်သွား စူးစမ်းလေ့လာရေး ရေယာဉ်ကို တရုတ်ပြည်က တည်ဆောက်ပြီး ရေချလိုက်ပါတယ်။ “BGP Innovator”လို့ အမည်ရတဲ့ အဲဒီရေယာဉ်ကို တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်းနင်းပြည်နယ်က ဒီလျင်းမြို့မှာ ဧပြီ ၂၂ရက်က ရေချပွဲပြုလုပ်ခဲ့ပါတယ်လို့ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းကပြောပါတယ်။
Source CMG
#LocalNews
Published - 28 April 2022
ပူတာအိုဒေသမှ စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော်တို့ဟာ ၄င်းတို့ရဲ့ နေရပ်အသီးသီးသို့ ပြန်သွားကြပြီဖြစ်တယ်လို့ စစ်ဘေးရှောင်အရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published-28 April 2022
နိုင်ငံခြားသားခရီးသွားတွေ ပြန်လည်ဝင်ရောက်လာနိုင်တဲ့ ကမ္ဘာ့အမွေအနှစ်ဒေသတွေမှာ ပုံမှန်ထိန်းသိမ်းရေးတွေအပြင် လုံခြုံရေးစီမံချက်နှင့် ကိုဗစ်ကာကွယ်ရေးများ ကြိုတင်ပြင်ဆင်ထားတယ်လို့ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဦးကပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published -28 April 2022
၁။ နိုင်ငံခြားသားပြန်ဝင်နိုင်သည့် ကမ္ဘာ့အမွေအနှစ်ဒေသများတွင် လုံခြုံရေးစီမံချက်နှင့် ကိုဗစ်ကာကွယ်ရေးများ ကြိုတင်ပြင်ဆင်ထား
၂။ ပူတာအိုဒေသမှ စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော်တို့ နေရပ်ပြန်ကြပြီ
၃။ မိုးလေဝသ သတင်း
၄။ နှစ်ပေါင်း(၄,၅၀၀)သက်တမ်းရှိ နတ်ဘုရားပုံကျောက်တုံးရုပ်ထု ဂါဇာကမ်းမြောင်တွင် တူးဖော်တွေ့ရှိ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldArt
Published 27 April 2022
နိုင်ဂျီးရီးယားနိုင်ငံ ဘာဒါဂရီကမ်းရိုးတန်းမြို့လေးမှ လက်မှုပညာရှင်များက အုန်းခွံများဖြင့်လက်မှုပစ္စည်းများပြုလုပ်ဖန်တီးကြပြီး သူတို့ရဲ့လက်ရာများကို ခင်းကျင်းပြသထားကြပါတယ်။
#Yangon_Media_Group
Published 27 April 2022
အာရပ်စော်ဘွားမျာပြည်ထောင်စု(ယူအေအီး)နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဉာဏ်ရည်တု(အေအိုင်)ဝန်ကြီးကိုခန့်အပ် လိုက်ပါတယ်။ စီးပွားရေး အကျိုးအမြတ်အတွက် သာမကဘဲ ဉာဏ်ရည်တုလုပ်ငန်းမှာ ဦးဆောင်နိုင်ငံဖြစ်လာအောင် လုပ်မယ်လို့ ဉာဏ်ရည်တုဝန်ကြီး အယ်အိုမာဘင်ဆူလ်တန်အယ်လ်အိုလာမာက ပြောပါတယ်။
သူက ဒူဘိုင်းမြို့တော်မှာပြုလုပ်တဲ့ အေအက်ဖ်ပီနှင့်အင်တာဗျူးမှာ တာဝန်ယူ တာဝန်ခံမှုရှိတဲ့ ထုတ်လုပ်မှုတစ်ခုအဖြစ် အလေးပေးပြောဆိုခဲ့ပါတယ်။
Source AFP
Page 1101 of 1179