#DailyNews
Published - 14 May 2022
၁။မိုးရာသီအဝင်တွင် သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ အစာအဆိပ်သင့်နှင့် အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါအမျိုးမျိုးဖြစ်ပွားနိုင်
၂။ ရန်ကုန်ပရဟိတအဖွဲ့များအနေနဲ့ စရိတ်မျှပေးစနစ်ဖြင့်သာ လူနာလမ်းကြောင်းများကို ကူညီပို့ ဆောင်ပေးနေရ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ လေလံတင်ပွဲသမိုင်းတလျှောက် အကြီးဆုံးစိန်ဖြူကြီး ဒေါ်လာ (၁၈.၈)သန်းဖြင့် လေလံအောင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
#Yangon_Media_Group
#WorldArchitect
Published 13 May 2022
စိတ်ကူးဉာဏ်နှံနှံစပ်စပ်နဲ့ ဇာတ်ကားရသမျိုးစုံကို တင်ဆက်ပေးခဲ့တဲ့ ဂျာမန်ဒါရိုက်တာ’ဝင်မ်ဝမ်းဒါးစ်’က တိုကျိုမှ အများသုံးသန့်စင်ခန်းတွေကိုကြည့်ပြီး အကြံဉာဏ်ရရှိသွားပါတယ်။
#Yangon_Media_Group
#LocalNews
Published_13 May 2022
အခု မေလထဲမှာ ကျင်းပဖို့ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နစကတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ တစ်ဖွဲ့ချင်း တင်ပြစရာတွေလည်း ရှိမယ်ဆိုပေမယ့် တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဆွေးနွေးစရာအကြောင်းအရာတွေကတော့ ရည်မှန်းချက်တူကြမှာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ (PPST) ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ နာယကလည်း ဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published - 13 May 2022
မန္တလေးမြို့တွင် အုပ်စုဖွဲ့လုယက်သူများကြောင့် မြို့နေဒေသခံများ အနေနဲ့ စိုးရိမ်နေရတယ်
လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published -13 May 2022
မေလ(၁၄)ရက်၊ ကဆုန်လပြည့်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ၊တိုက်ကြီးမြို့နယ်ရှိ ပန်းတစ်ပွင့်တောင်တော်မြတ်ကြီးမှာ ကန်တော်မင်္ဂလာနဂါးရုံဘုရားထီးတော်တင်တာ၊ အမျိုးခေါ်အိုးပေါ်စေတီတော်အတွက် ပန္နက်ရိုက်အုတ်မြစ်ချမင်္ဂလာတွေ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပန်းတစ်ပွင့်တောင်ဆရာတော်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 13 May 2022
၁။ ကဆုန်လပြည့်နေ့တွင် ပန်းတစ်ပွင့်တောင်၌ ဘုရားထီးတင်ခြင်း၊ စေတီတော်ပန္နက်ရိုက်ခြင်းနှင့် ညောင်ရေသွန်းလောင်းပူဇော်ခြင်းများ ကျင်းပပြုလုပ်မည်။
၂။ မန္တလေးမြို့တွင် သံအုပ်စုဖွဲ့လုယက်သူများကြောင့် မြို့နေဒေသခံများ စိုးရိမ်နေရ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ တိုကျိုမှ ခေတ်မီသန့်စင်ခန်းများအကြောင်း ဂျာမန်ဒါရိုက်တာကြီးတစ်ဦးက ဇာတ်ကားရိုက်ကူးသွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 13 May 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သမိုင်းဝင် အမေရိန်-အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အာဆီယံခေါင်းဆောင်တွေကို မေ၁၂ရက်က ဝါရှင်တန်ဒီစီမှာ ကြိုဆိုခဲ့ပါတယ်။ ဘိုင်ဒင်နှင့် အာဆီယံခေါင်းဆောင်တွေဟာ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်မှာ အမှတ်တရ အုပ်စုဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။
ဘိုင်ဒင်က သန့်ရှင်းသောစွမ်းအင်နှင့် ရေကြောင်းလုံခြုံရေးကိစ္စတွေကို ကူညီဖို့ ကတိပေးခဲ့ပါတယ်။
နှစ်ရက်ကြာ ဆွေးနွေးပွဲဟာ ရုရှားရဲ့ယူကရိန်းကျူးကျော်မှု အပေါ် အာရုံစိုက်နေရသော်ငြား အမေရိကန် ပြည်ထောင်စုအနေနှင့် အာရှကို ဦးစားပေးအဆင့်ဆက်လက်ထားရှိနေဆဲဆိုတာကို ပြသလိုက်တာဖြစ်ပါတယ်။
Source AFP
Page 1087 of 1179