Published 19 December 2022

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုအီဂူဟာ စစ်ဝတ်စုံဝတ်ဆင်လျက် စစ်ရဟတ်ယာဉ်အတွင်း စီးနင်းလိုက်ပါကာ ယူကရိန်းမှာရှိတဲ့ ရုရှားတပ်တွေကို စစ်ဆေးခဲ့ရာ အဲဒီ ဗွီဒီယိုကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက  သတင်းထုတ်ပြန်ပေးပါတယ်။

အထူးစစ်ဆင်ရေးဇုန်အတွင်းက ရုရှားတပ်ဖွဲ့တွေ ရှေ့သို့နေရာယူထားတဲ့အခြေအနေတွေနှင့် တပ်ဖြန့်ထားရှိမှုတွေကို ရုရှားစစ်ဝန်ကြီးဌာနအကြီးအကဲဟာ ပျံသန်းပြီးကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒီခရီးစဉ်ဘယ်တုန်းကလုပ်ခဲ့တယ်ဆိုတာတော့ သတင်းထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။   ဒါပေမယ့် အဲဒီခရီးစဉ်ဟာ သမ္မတပူတင်နှင့် ရှိုအီဂူအပါအဝင်ရုရှားရဲ့ ယူကရိန်းစစ်ဆင်ရေးအကြီးအကဲတွေ တွေ့ဆုံကြအပြီး နှစ်ရက်အကြာမှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

Source: AFP

#Russia_Defense_Minsiter_Inspection

#Sergei_Shoigu

#Russia_Ukraine_Crisis

Published 19 December 2022 ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုအီဂူဟာ စစ်ဝတ်စုံဝတ်ဆင်လျက် စစ်ရဟတ်ယာဉ်အတွင်း စီးနင်းလိုက်ပါကာ ယူကရိန်းမှာရှိတဲ့"/>