#Local_News
Published - 6 September 2022
တနင်္သာရီမြို့နယ်၊ တနင်္သာရီမြို့ဟောင်းထဲက တနင်္သာရီအမျိုးသားပြတိုက်မှာ တနင်္သာရီဒင်္ဂါးတွေ၊ ကျောက်လက်နက်တွေ၊ နဂါးလှေနှင့်အသုံးအဆောင်ပစ္စည်းတွေ၊ စပါးကြိတ်ဆုံ၊ သစ်သားထွင်းဆုံနဲ့မြေ ထည်၊ ကြွေထည်တွေကို အခမဲ့ပြသထားပါတယ်၊၊
#Yangon_Media_Group
Published 6 Sept 2022
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်မှာ ၆.၈ပြင်းအားအဆင့်ရှိတဲ့ ငလျင်ကြီး စက်တင်ဘာ ၅ ရက် မနက်က လှုပ်ရှားသွားတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ဝန်ထမ်း ၆၅၀၀ကျော်ကို ငလျင်ဒဏ်ခံရတဲ့ဒေသတွေကို စေလွှတ်ထားတယ်လို့ တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြောပါတယ်။
တနင်္လာနေ့ မနက်အကူး ဘေဂျင်းစံတော်ချိန် ည၁၂နာရီ ၅၂ မိနစ်မှာ အဲဒီငလျင်ကြီးဟာ လူဒင်းခရိုင်မှာ လှုပ်ရှားခဲ့တာဖြစ်တယ်လို့ တရုတ်ငလျင်ကွန်ယက်စင်တာကသိရပါတယ်။
ငလျင်ကြောင့် ယခုထက်ထိ သေဆုံးသူပေါင်း ၆၅ ဦးရှိပြီဖြစ်ပါတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ၃၇ ဦးဟာ ဂန်ဇီတိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဖြစ်ပြီး ကျန် ၂၈ ဦးက ရှီမီယန်ခရိုင် ယန်းအန်မြို့က ဖြစ်ကြပါတယ်။
စီချွမ်းက ငလျင်ကယ်ဆယ်ရေးဌာနချုပ် က အထွေထွေလေကြောင်းသုံး ရဟတ်ယာဉ်လေးစီးနှင့် ဒရုန်းကြီးနှစ်စီးကို လူဒင်းနှင့် ရှီမီယမ်ဒေသတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ပေးပို့ခဲ့ပါတယ်။
လက်ရှိအခြေအနေမှာ ဒေသဆိုင်ရာအစိုးရတွေဟာ ဗဟိုအစိုးရ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ရဟတ်ယာဉ်ကြီးတွေနှင့် အကြီးစားယန္တယားတွေကို လူဒင်းမှာရှိတဲ့ ငလျင်ကြောင့်ဖြစ်လာတဲ့ အတားအဆီးကန်တွေ ဆီစေလွှတ်ဖို့ ဆောင်ရွက်နေကြပါတယ်။
လူဒင်းက ဒီတာအိုမြို့မှာ ငလျင်ကြောင့် မြေပြိုကျမှုတွေဖြစ်ပြီး လမ်းတွေပျက်စီးခဲ့ရတဲ့အတွက် သွားလာမှုတွေ ရပ်တန့်ခဲ့ကြရပါတယ်။ အဲဒါကြောင့် ဒေသခံတွေလည်း ပိတ်မိနေပါတယ်။
ဒေသခံ မီးသတ်ဌာနဟာ ငလျင်ဒဏ်ခံခဲ့ရတဲ့နေရာတွေဆီချက်ခြင်းသွားရောက်ပြီး ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်နေကြပါတယ်။
ယခုအင်္ဂါနေ့ မနက်၁၁နာရီ ၅၀ အထိ စီချွမ်းပြည်နယ် သစ်တောမီးသတ်ဌာနဟာ ဒဏ်ရာရသူ (၆)ဦးအပါအဝင် လူ ၁၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Source: CCTV+
#Sichuan_Province
#China_Earthquake
#China
#Local_News
Published _ 6 September 2022
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်က နေရာ ၅ ခုမှာ လျှပ်စစ်ကားတွေ ဘက်ထရီ Charging သွင်းနိုင်မယ့် နေရာ ၅ နေရာကို မကြာခင် စတင် တည်ဆောက်ဖို့လုပ်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 6 September 2022
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှုဟာ မက်ထရစ်တန်ချိန် ၁၅၀၀၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 6 September 2022
၁။ သြဂုတ်လအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၁၅၀၀၀၀ ကျော်တင်ပို့ခဲ့
၂။ အမြန်လမ်း နေရာ ၅ ခုတွင် လျှပ်စစ်ယာဉ်သုံး Charging Station များ လပိုင်းအတွင်း တည်ဆောက်မည်
၃။ တနင်္သာရီပြတိုက်တွင် အဖိုးတန်ပစ္စည်းများ ပြသနိုင်အောင် ဆောင်ရွက်ပေးရန်လိုဟုဆို
၄။ ရေရပိုင်ခွင့်ကို ပုဂ္ဂလိကလုပ်ငန်းများလက်ကနေ လူ့အခွင့်အရေးထံ ရောက်ရှိစေမည့် အခြေခံဥပဒေမူကြမ်းအသစ်အား ချီလီတွင်တင်သွင်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 6 September 2022
သင်္ဘောသား အလုပ်သမားတွေရင်ဆိုင်နေရတဲ့ အမှုအခင်းတွေနည်းပါးသွားစေဖို့ ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲတွေ အပတ်စဉ်ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးအလုပ်သမားများ အဖွဲ့ချုပ် MSF ဥက္ကဌဦးစိုးမင်းအောင်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 5 September 2022
အနုပညာဝန်ဆောင်မှုလုပ်ငန်းတွေအဖြစ် လတ်တလောမှာအွန်လိုင်းကြော်ငြာရိုက်ကူးရေးလုပ်ငန်းတွေနဲ့ Billboard ရိုက်ကူးရေး အချို့သာပြန်လည်စတင်နိုင်သေးတယ်လို့ အနုပညာဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1006 of 1213