#LocalNews
Published_12 July 2022
ဆီထွက်သီးနှံတွေကလွဲလို့ ကျန်တဲ့လယ်ယာထွက်ကုန်တွေကို တရုတ်နိုင်ငံကို ပို့တဲ့အခါ တရုတ်ယွမ်နဲ့ပဲ ရောင်းချခွင့်ရတာကြောင့် ကုန်သည်တွေ အဆင်ပြေကြတယ်လို့ မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published_12 July 2022
မြန်မာ့ခရီးသွားဘဏ်အနေနဲ့ ဘဏ်အသိုင်းအဝိုင်းမှာ နောက်ကျမှဖွင့်ခဲ့တဲ့ ဘဏ်ဖြစ်ပေမဲ့လည်း ချေးငွေလျှောက်ထားသူတွေအနေနဲ့ သတ်မှတ်ချက် ပြည့်စုံတယ်ဆိုရင် အမြန်ဆုံး ထုတ်ချေးပေးနိုင်အောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 12 July 2022
၁။ဆန်နှင့်ဆန်ကွဲပို့ကုန်ကို တရုတ်ယွမ်ဖြင့်သာ ရောင်းချခွင့်ရကြသောကြောင့်ကုန်သည်များအဆင်ပြေ
၂။ကိုဗစ်ရောဂါ ပြည်တွင်းသို့ပြန်ဝင်ကူးစက်မှုမရှိစေရေး ထပ်ဆောင်းကာကွယ်ဆေး မဖြစ်မနေထိုးနှံရန်လိုဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ငွေချည်မျှင်များဖြင့်ရက်လုပ်သည့် လစ်ဗျားရိုးရာရတနာလက်မှုပညာပြန်လည်ပေါ်ထွန်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 12 July 2022
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးရဲ့ရုပ်အလောင်းကို တင်ဆောင်လာတဲ့ နိဗ္ဇာန်ယာဉ်ဟာ ဇူလိုင် ၁၂ရက်က ဂျပန်ဝန်ကြီးချုပ်ရုံးအပြင်ဘက်မှာ အလေးအမြတ်ပြုဖို့အတွက် ခေတ္တရပ်ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် အဆင့်မြင့်အစိုးရအရာရှိကြီးတွေက သူတို့ရဲ့ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ ရုပ်ကလပ်ကို လက်အုပ်ချီကန်တော့ပြီး အလေးအမြတ်ပြုခဲ့ကြပါတယ်။
အာဘေးဟာ နာယာမြို့မှာ သေနတ်သမာတစ်ဦးရဲ့ အနီးကပ်ပစ်ခတ်လုပ်ကြံမှုကြောင့်ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရုံးက အလံတိုင်မှာလည်း ဂျပန်နိုင်ငံတော်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ် တိုင်တစ်ဝက်လွှင့်ထူထားပါတယ်။
ဒီကနေ့ ဇူလိုင် ၁၂ ရက်မှာ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ ဈာပနကို မိသားစုသီးသန့် ပြုလုပ်မှာဖြစ်ပြီး ဂျပန်တစ်နိုင်ငံလုံးက ပြည်သူတွေက ကွယ်လွန်သူ ခေါင်းဆောင်ဟောင်းအတွက် ကြေကွဲဝမ်းနည်းနေကြပါတယ်။
Source AFP
#Japan_Former_PM_Abe_Funeral
#Shinzo_Abe_Funeral
#Japan_Poliitcs
#ရှင်ဇိုအာဘေး
#AsiaArchaeology
Published 11 July 2022
တရုတ်နိုင်ငံမြောက်ပိုင်း ဟူဘေဒေသ ကျန်ကျာကော်မြို ရွှမ်ဟွာခရိုင်မှာ လတ်တလောကာလအတွင်း ဒိုင်နိုဆောခြေရာအများအပြား တွေ့ရှိခဲ့ရပြီး လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၀၀ ကျော်က အစောဆုံးခြေရာများဖြစ်နိုင်ပါတယ်။
#Yangon_Media_Group
Published 11 July 2022
နော့ဒ်စီးကြောင်း-၁ လို့အမည်ပေးထားတဲ့ ရုရှားကနေ ဥရောပကို ဓာတ်ငွေ့ပို့လွှတ်တဲ့ အဓိက ပိုက်လိုင်းကို တစ်နှစ်တစ်ကြိမ်ပြုလုပ်တဲ့ ပြုပြင်ထိန်းသိမ်းရေးအတွက်ဆိုပြီး တနင်္လာနေ့က ပိတ်လိုက်ပြီး ပိုက်လိုင်းပိတ်တာ ၁၀ရက်ခန့်ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပိတ်လိုက်လို့ ဥရောပမှာ ဓာတ်ငွေ့မလုံလောက်မှု ပိုကြီးမားလာလိမ့်မှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။
အစိုးရဟာ ရုရှားရဲ့ ဓာတ်ငွေ့ထောက်ပံ့ပို့ဆောင်မှု အပြည့်အဝဖြတ်တောက်တာအတွက် အစီအစဉ်တွေလုပ်နေတယ်လို့ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလေမာရီက ပြောပါတယ်။
ပြင်သစ်ရဲ့ ဓာတ်ငွေ့ရရှိမှုစုစုပေါင်းရဲ ၁၇ရာခိုင်နှုန်းခန့်ကို ရုရှားက တင်သွင်းနေရတာပါ။ ရုရှား-ယူကရိန်း ပဋိပက္ခစကတည်းက ဥရောပနိုင်ငံတွေဟာ ရုရှားကလွဲပြီး အခြားနိုင်ငံတွေထံမှ သဘာဝဓာတ်ငွေ တင်သွင်းမှုကို တိုးမြှင့်နေခဲ့ကြပါတယ်။
ဒါပေမယ့် ဖင်လန်နိုင်ငံရဲ့ စွမ်းအင်နှင့်သန့်စင်လေ သုတေသနစင်တာရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ပြင်သစ်ဟာ ရုရှားထံက ရေနံဓာတ်ငွေ့ရည်(LNG) ကို အများအပြားဝယ်ယူနေတုန်းပဲလို့ ဖော်ပြထားပါတယ်။
နှစ်ပတ်လည်ပြုပြင်မွမ်းမံမှုအပြီးမှာ နော့ဒ်စီးကြောင်း-၁ ပိုက်လိုင်းကို ရုရှားက ဆက်ပြီးပိတ်ထားမယ်ဆိုရင် ဖြစ်နိုင်ချေရှိနေတဲ့ ပြိုလဲကျမှုတွေကို ဂျာမနီကလည်း စိတ်ပူပန်နေပါတယ်။
ဂျာမနီဟာ နိုဝင်ဘာအထိ သူတို့ရဲ့သိုလှောင်နိုင်စွမ်းရဲ့ ၉၀ရာခိုင်နှုန်းအထိ စုဆောင်းရရှိထားဖို့ ရည်မှန်းထားပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ၆၂.၆ ရာခိုင်နှုန်းပဲရှိနေပါတယ်။
စွမ်းအင်မလုံလောက်မှုတွေဟာ ဂျာမန်ကို နှစ်ပေါင်းမျာစွာ ရိုက်ခတ်နေလိမ့်မယ်လို့ ဂျာမန် အဓိပတိ အိုလက်ရှခိုးလ်က စနေနေ့တုန်းက သတိပေးလိုက်ပါတယ်။
စွမ်းအင်မလုံလောက်မှုတွေအတွက် ပြင်ဆင်ဖို့ ရေတိုအဆင့်တွေ အတော်များများကို အစိုးရက လုပ်ဆောင်ပြီးပါပြီလို့ သူကပြောပါတယ်။ ဂျာမနီဟာ ရေနံ၊ကျောက်မီးသွေးနှင့်သဘာဝဓာတ်ငွေ့တွေကို အမှီအခိုကင်းလာအောင်နှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အချိုးအစားတိုးချဲ့ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
Source CCTV+
#Russia_Gas
#Nord_Stream_1
#Russia_Ukraine_war
#Local_News
Published - 11 July 2022
မြန်မာနိုင်ငံအနေနဲ့ ဆူနာမီနဲ့ပတ်သက်လို့ ရခိုင်ဘက်မှာအင်အားပြင်းငလျင်ကြောင့် ဆူနာမီလှိုင်းတွေဖြစ်ပေါ်ခဲ့ဖူးတဲ့အတွက် ဆူနာမီကိုလည်းသတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာယဥ်မျိုးမင်းထွေးက သတိပေးပြောပါတယ်၊၊
#Yangon_Media_Group
Page 1002 of 1149