#Local_News
Published_26 January 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်မောင်းတွေထဲက ဝန်ဆောင်မှုကောင်းပြီး ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်တဲ့ ယာဉ်မောင်းတွေကို စံပြအနေနဲ့ ဂုဏ်ပြုဆု ချီးမြှင့်သွားမယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
#World_Politics
Published 25 January 2023
ဘာကီနာဖာဆိုနိုင်ငံရဲ့စစ်အစိုးရက သူတို့နိုင်ငံထဲမှာ တပ်စွဲထားတဲ့ ပြင်သစ်တပ်တွေ တစ်လအတွင်းဆုတ်ခွာပေးဖို့ ပြောကြားလိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာန AIB က စနေနေ့မှာ ဖော်ပြလိုက်ပါတယ်။
#Yangon_Media_Group
#Local_News
Published_25 January 2023
၂၀၂၃ ခုနှစ်ရဲ့ ခရီးသွားရာသီချိန်မှာ အင်းလေးဒေသကနေလွဲပြီး ကျန်တဲ့ဒေသတွေကို ခရီးသွားတွေအနေနဲ့ ပုံမှန်အတိုင်းဝင်ထွက်သွားလာလည်ပတ်မှုရှိနေတယ်လို့ ခရီးသွားကုမ္ပဏီတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_25 January 2023
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆ ဘီလီယံကျော်ရရှိထားပြီး ယမန်နှစ်ထက် အမေရိကန်ဒေါ်လာသန်း ၂၅၀ ကျော် ပိုမိုရရှိထားတာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_25 January 2023
ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၇ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 25 January 2023
၁။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၇ သန်းရရှိထား
၂။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော် ပိုမိုရရှိထား
၃။ အင်းလေးဒေသမှအပ တခြားဒေသများ ပုံမှန်အတိုင်းသွားရောက်လည်ပတ်သူများရှိနေ
၄။ ပြင်သစ်တပ်များ တစ်လအတွင်းနိုင်ငံတွင်းမှ ထွက်သွားရန် ဘာကီနာဖာဆိုနိုင်ငံအမိန့်ထုတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 25 January 2023
အမိုးနီးယားဓာတ်ငွေ့ပိုက်လိုင်းပေါက်ရာမှာ ပါဝင်ကူညီခဲ့ရင်း နမိုးနီးယားဓာတ်ငွေ့ကြောင့် နှလုံးခဏရပ်သွားတဲ့ ပရဟိတသမား ကိုမင်းခန့်ဟာ ကျန်းမာရေးပြန်ကောင်းလာပြီဖြစ်တယ်လို့ Medical လူငယ်များလူမှုကူညီရေးအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 993 of 1358