#Local_News
Published _30 January 2023
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်၊ ကရင်၊ တနင်္သာရီဒေသတွေမှာ အခုရက် ပိုင်းအတွင်းမိုးရွာပြီး ညပိုင်းအချိန်တွေအေးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_30 January 2023
မြန်မာ-တရုတ်နယ်စပ်ဂိတ်များဖြစ်တဲ့ မူဆယ်မြို့ရှိ နန်းတော်ဂိတ်နဲ့ ဆင်ဖြူဂိတ်ကနေ အခြားတိုင်းနှင့်ဒေသမှ သွားရောက်မယ့်သူတွေကို BorderPass စာအုပ်ပြုလုပ်ပေးဖို့အတွက် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_30 January 2023
ချင်းရွှေဟော်နယ်စပ်ကနေ တရုတ်နိုင်ငံကို ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားတဲ့ ကြံတန်ချိန် (၁) သိန်း (၆) သောင်းခန့်ကို တင်ပို့သွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 30 January 2023
၁။ တရုတ်သို့ ဘိန်းအစားထိုး ကြံတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့မည်
၂။ တရုတ်နိုင်ငံဘက်သို့ အခြားတိုင်းနှင့်ဒေသမှ လာရောက်မည့်သူများအတွက် BorderPass စာအုပ်ပြုလုပ်ပေးရန် ညှိနှိုင်းနေ
၃။ မုန်တိုင်းငယ်အရှိန်ကြောင့် မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် မိုးရွာပြီး ညပိုင်းအေးနိုင်
၄။ ကမ်းခြေမရှိသော ဘရာဇီးလ်ဆော်ပေါ်လိုမြို့တွင် ကမ်းခြေတုသောင်ပြင်ကစားနည်းများ ခေတ်စားနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_30 January 2023
ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ငွေလဲနှုန်းမြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ဈေးအနည်းငယ်မြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Published 31 January 2023
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆင်းကျန်းဝိဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အက်ဆူစီရင်စု၊ ရှာယာခရိုင်မှာ ဇန်နဝါရီ ၃၀ရက် တနင်္လာနေ့ ဒေသစံတော်ချိန် မနက်၇နာရီ ၄၉မိနစ်က ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ရှားသွားပါတယ်။ ငလျင်ကြောင့် အခုထက်ထိ ထိခိုက်သေဆုံးသူမရှိသေးဘူးလို့ တရုတ်နိုင်ငံ ငလျင်ကွန်ယက်စင်တာက သတင်းထုတ်ပြန် ပါတယ်။
ငလျင်ဟာ အနက် ၅၀ကီလိုမီတာကနေ လှုပ်ရှားသွားတာဖြစ်ပြီး လူနေထူထပ်မှုမရှိတဲ့ ရှာယာခရိုင်က ၁၄၁ကီလိုမီတာအကွာ အယ်လားမြို့မှာ ဗဟိုပြုလှုပ်ရှားခဲ့တာပါ။
ငလျင်လှုပ်ရှားရာနေရာကို ယာဉ်၁၅စီးနှင့် ကယ်ဆယ်ရေးသမား ၇၀ တို့ရောက်ရှိနေကြပါတယ်။ လျှပ်စစ်ဖြန့်ဖြးရေးနှင့် ဓာတ်ငွေ့ထုတ်လုပ်ရေးတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကပြောပါတယ်။
ဆင်းကျန်းရထားဌာနကလည်း ရထားလမ်းတစ်လျောက် ရထားလမ်းတွေ၊တံတားတွေ၊ဥမင်လှိုဏ်ခေါင်းတွေနင့် အချက်ပြစနစ်တွေ ပျက်စီးခဲ့မှုရှိမရှိ စစ်ဆေးလျက်ရှိနေတယ်လို့ CCTV ကသတင်းပေးပို့ပါတယ်။
Source: CCTV+
#Xinjiang_Uygur_earthquakes
#China_ Xinjiang_Uygur_earthquakes
#China
.
Published 29 January 2023
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချစ်စတန်ပြည်နယ်က လျှိုတစ်ခုအတွင်း ဇန်နဝါရီ ၂၉ ရက်က ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၄၁ ဦးသေဆုံးခဲ့ရပါတယ်။
ဘတ်စ်ကားတိမ်းမှောက်ရာနေရာက ကားရဲ့အပျက်အစီးကြားထဲမှ အလောင်း ၄၀ ကို တွေ့ရှိခဲ့ရပြီး ဒဏ်ရာရသူ (၃)ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးဟာ ကယ်ထုတ်ပြီးသိပ်မကြာခင်သေဆုံးခဲ့ရပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ (၂)ဦးကလည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဟာ ယန္တယားအကြီးစားတွေသုံးပြီး လိမ်ကောက်နေတဲ့ သတ္တုတွေအတွင်းက လောင်ကျွမ်းနေတဲ့ အလောင်းတွေကို ထုတ်ယူနေကြပါတယ်။ ဘတ်စ်ကားဟာ ဆီပုံးတွေသယ်လာတဲ့အတွက် လျှိုထဲကျသွားတာနှင့် မီးချက်ခြင်းထလောင်တာဖြစ်တယ်လို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဘတ်စ်ကားဟာ လူ၄၈ ဦးတင်ဆောင်လာတာဖြစ်ပြီး တံတားတိုင်နှင့်တိုက်မိပြီး လျှိုထဲပြုတ်ကျခဲ့တာဖြစ်ပါတယ်။
Source :AFP
#Bus_crash_Pakistan
#Bus_plunged_off_bridge
#Pakistan_Bus_transport
Page 988 of 1358