#LocalNews
Published_26 May 2022
မြောက်ဦးနန်းရာကုန်းရှေ့မှာ နာရီစင်ဆောက်လို့ရှိရင် ရှေးဟောင်းအမွေအနှစ်ကို ထိခိုက်နိုင်တယ်လို့ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းက ထောက်ပြ ပြောဆိုထားပါတယ်။
#Yangon_Media_Group
#LocalNews
Published - 26 May 2022
ခရီးသွားဧည့်သည်တွေ အဝင်နည်းပါးမှုကြောင့် ပုဂံဒေသရှိ ယွန်းထည်လုပ်ငန်းများကို ယနေ့အချိန်အထိ ပြန်လည်စတင်လုပ်ကိုင်နိုင်ခြင်းမရှိသေးသလို စျေးကွက်အနေအထားကလဲ ပြန်လည်ဦးမော့လာနိုင်ခြင်းမရှိသေးဘူးလို့ ပုဂံမြို့ဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -26 May 2022
သဘာဝဘေးကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်ပြင်နေရတဲ့ မော်လမြိုင်ရှိသဘာဝဘေးသင့်ပြည်သူ(၁၆၀)အတွက် အစားအသောက်တွေချက်ပြုတ်ပြီး နေ့စဥ်ထမင်းထုတ်တွေပိုးပေးနေတယ်လို့ ပရဟိတသမားကိုဇင်မိုးက ပြောပါတယ်၊၊
#Yangon_Media_Group
Published 26 May 2022
ကလေး ၁၉ဦးနှင့် ကျောင်းဆရာ(၂)ဦးကို သတ်ပစ်ခဲ့တဲ့ အသက်၁၈နှစ်အရွယ်သေနတ်သမား ဆာဗာဒို ရာမို့စ်ရဲ့ အဖိုးဖြစ်သူ က သေဆုံးသူတွေနှင့်ကျန်ရစ်သူမိသားစုတွေအတွက် သူအလွန်ဝမ်းနည်းတယ်လို့ပြောပါတယ်။ “ ကျွန်တော် အတော် နာကျင် ခံစားရတယ်..ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးတွေအများကြီးဟာ ကျွန်တော့်သူငယ်ချင်းတွေရဲ့ မြေးတွေ” လို့ သူက ဖြည့်စွက် ပြောပါတယ်။ ရာမို့စ်က သေနတ်နှင့်ပစ်သွားတဲ့ အသက်၆၆နှစ်အရွယ်ရှိ သူ့ဇနီးကို ခွဲစိတ်တော့မယ်လို့ သူက သတင်းထောက် တွေကိုပြောပါတယ်။
Source :AFP
#DailyNews
Published - 26 May 2022
၁။ နေအိမ်ပြန်ပြင်နေရသည့်မော်လမြိုင်ရှိ သဘာဝဘေးသင့်ပြည်သူ(၁၆၀)အတွက် နေ့စဥ်ထမင်းထုတ်များလှူဒါန်း။
၂။ ပုဂံ ယွန်းစျေးကွက် ပြန်လည်ဦးမော့လာနိုင်ခြင်းမရှိသေး။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ တရုတ်နိုင်ငံတွင် အိမ်မွေးတိရိစ္ဆာန်အာမခံထားခြင်းခေတ်စားလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldInnovation
Published 25 May 2022
ထိုင်ဝမ်ကျွန်း ထိုင်ချွန်မြို့မှ ‘ဂျယ်ရီဟွမ်’ဆိုတဲ့လူဟာ လက်တွန်းလှည်းပေါ်မှာ တင်သွားလို့ရတဲ့ငါးကန်ကို တီထွင်ခဲ့ပါတယ်။
#Yangon_Media_Group
Published 25 May 2022
ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီထုတ်လုပ်တဲ့ မလေးရှားနိုင်ငံဟာ စားအုန်းဆီစိုက်ခင်းတွေမှာ နိုင်ငံခြားအလုပ်သမား မလုံလောက်မှုတွေရှိနေတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ စားအုံးဆီလိုအပ်ချက်တွေ မြင့်တက်လာနေတဲ့အပေါ် အကျိုးအမြတ်ရရှိဖို့ မလွယ်ဖြစ်နေပါတယ်။
မလေးရှားနိုင်ငံရဲ့ စားအုန်းဆီစိုက်ခင်းမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေရဲ့ ၈၄ ရာခိုင်နှုန်းဟာ နိုင်ငံခြားသားတွေဖြစ်ကြပါတယ်။ စားအုန်းဆီဈေးတွေတက်လာတာနှင့် အင်ဒိုနီးရှားက ပြည်ပတင်ပို့မှုပိတ်လိုက်တဲ့အပေါ်မှာ အဲဒီအလုပ်သမားတွေရှားပါးနေလို့ တကယ့်လက်တွေ့မှာ အကျိုးအမြတ်ထုတ်ယူဖို့ ခက်ခဲနေတာဖြစ်ပါတယ်။
Source CCTV+
Page 992 of 1096