#Daily_News
Published 14 December 2023
၁။ ဆောင်းမြေပဲကို ကုန်သည်များမှ ဈေးထက်ဝက်လျှော့ဝယ်သဖြင့် တောင်သူများ ဈေးကောင်းမရဘဲ အခက်တွေ့နေ
၂။ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်အ၀င်နည်းနေတာကြောင့် ရှမ်းကြက်သွန်ဖြူ တစ်ပိသာ ကျပ်၂၀၀၀ကျော် ဈေးမြင့်တက်
၃။ မလေးရှား၌ စက်ရုံပိတ်သိမ်းမှုအချို့ပင် ရှိနေပြီး ပြည်ပလုပ်သားခေါ်ယူမှု လျော့ကျနေ၊ တရုတ်နှစ်ကူးပြီးလျှင်လည်း လုပ်သားသစ်ခေါ်ယူမှု ဆက်လက်လျော့ကျနိုင်
၄။ ရှန်ဟိုင်းရုပ်ရှင် ဝေဖန်ရေးအဖွဲ့၏ အကြိမ်(၃၀)မြောက် ဆုပေးပွဲကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
"ပုံမှန်သုံးလကို ဆီကြိတ်စက်အကြီး ၇လုံး၈လုံးလောက် ရောင်းချနေရာမှ အခုသုံးလအတွင်း ဆီစက်လုံးရေ ၂၀လောက်ရောင်းချရတယ်။ မနှစ်ကထက် နှစ်ဆလောက်ပိုရောင်းရတယ်။ သယ်ယူပို့ဆောင်စရိတ်တွေ တိုးလာတဲ့အတွက် ဆီစက်တွေ ဈေးကျပ်၅သိန်းမှ ၁၀သိန်းအထိ တက်လာတယ်" အောင်ဇမ္ဗူ ဆီစက်ရောင်းချသည့်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး
Yangon-Times/tthl
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိတဲ့ ပဲစဉ်းငုံများကို ပွဲခမယူဘဲ ကာလပေါက်ဈေး အတိုင်ပေးပြီး တန်၂၀၀၀ကျော် ၀ယ်ယူသွားမယ်လို့ မကွေးတိုင်း တောင်သူဖွံဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မလေးရှားမှာ နိုင်ငံတကာက အော်ဒါရရှိမှုနည်းပါးနေတာကြောင့် စက်ရုံပိတ်သိမ်းမှု အချို့ပင်ရှိနေပြီး ပြည်ပလုပ်သားခေါ်ယူမှု လျော့ကျနေကာ လာမယ့်တရုတ်နှစ်ကူးပြီးလျှင်လည်း လုပ်သားသစ်ခေါ်ယူမှု ဆက်လက်လျော့ကျနိုင်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) ကသိရပါတယ်။
Yangon-Times/NN
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လမ်းပန်းဆက်သွယ်ရေး အခက်ခဲနဲ့ ကုန်အ၀င်နည်းလာတဲ့အတွက် ရှမ်းကြက်သွန်ဖြူ တစ်ပိသာကိုကျပ် ၂၀၀၀ ကျော် ဈေးမြင့်လာတယ်လို့ ရန်ကုန်ရှိ ကြက်သွန်ပွဲရုံတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၀၂၃ ကမ္ဘာ့စွမ်းအင်သစ်ယာဥ်များကွန်ဂရက် (WNEVC)ဟာ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်ကော်မှာ စနေနေ့က ပြီးဆုံးခဲ့ပြီး စွမ်းအင်သစ် မော်တော်ယာဥ်လုပ်ငန်းကဏ္ဍရဲ့ နောက်ဆုံးပေါ်တိုးတက်မှုများနဲ့ အနာဂတ်လမ်းကြောင်းများကို ပြသခဲ့ပါတယ်။
၃ ရက်တာပွဲမှာ စတီယာရင်မပါတဲ့ အဆင့်မြင့်မောင်းသူမဲ့ယာဥ်များနဲ့ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကနေ အဓိကနဲ့ နေရာခွဲများကြား စီးနင်းသူများကို လမ်းပြပေးပါတယ်။
#Asia_Industry
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 673 of 1334