၁၃ ဒီဇင်ဘာ ၂၀၂၃
KNLA နှင့် PDFများမြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ဖျက်ဆီး
ကျောက်တံခါးမြို့နယ်အတွင်း မန္တလေး-ရန်ကုန် လူစီး ရထားအား ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးခံရ
၁၃-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ မြောက်ဦးမြို့နှင့် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်
ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည် ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
#Daily_News
Published 13 December 2023
၁။ ကျိုက်ထီးရိုးသို့ ပိတ်ရက်ဘုရားဖူးတစ်ထောင်ခန့် ဝင်ရောက်၊ ဇန်နဝါရီလ၌ ပဌာန်းပွဲ၊ ဆီမီးကိုးထောင်ပူဇော်ပွဲများရှိ
၂။ ရန်ကုန်ကားဈေးကွက် အရောင်းအဝယ်အေးနေပြီး ပွဲတော်ချိန်များ၌ ဈေးမာနိုင်
၃။ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူများပြားနေပြီး စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေဟုဆို
၄။ ကမ္ဘာ့စွမ်းအင်သစ်ယာဥ်များ ကွန်ဂရက်တွင် နောက်ဆုံးပေါ်ထုတ်လုပ်မှုများနှင့် အနာဂတ်လမ်းကြောင်းများ ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေး Belt and Road(၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ဆီမီး(၁၀၀၀၀)ထွန်းညှိပူဇော်တာ၊ ဆွမ်းကပ်တရားနာ ဆုတောင်းပွဲတွေ ပြုလုပ်သွားဖို့ရှိတယ်။ မန္တလေးနှင့်ပုဂံမှာလည်းကျင်းပဖို့ရှိပါတယ်။ မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ ဒေါ်အေးသဉ္ဇာသူ
Yangon-Times/tthl
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
' စက်သုံးဆီ အရောင်းဆိုင်များထံ ဆီတွေလုံလောက်အောင် ရောင်းချပေးထားပြီးဖြစ်တာကြောင့် မကြာမီရက်ပိုင်းအတွင်း ပုံမှန်အနေအထားအဖြစ် ပြန်လည်ရောက်ရှိနိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင် ရောင်းချ ဖြန့်ဖြူးရေးအသင်း ကသိရပါတယ်။
Yangon-Times/NN
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့သူတွေ များနေပြီး ယင်းစစ်ရှောင်တွေ အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို ကရင် ပြည်နယ်မှာရှိတဲ့ လူမှုကူညီရေး အသင်းတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
'ပြီးခဲ့တဲ့ တစ်လဝန်းကျင်လောက်က အရောင်းအဝယ်သွက်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သီတင်းကျွတ် တန်ဆောင်တိုင် ရှိတယ်ဆိုတော့ မြန်မာလူမျိုးတွေရဲ့ ဓလေ့အတိုင်း ပိုက်ဆံတွေ သုံးကြစွဲကြတော့ အရောင်းအဝယ်သွက်ခဲ့ပါတယ်၊ ဒါပေမယ့်အခု ၁၅ရက်လောက်ရှိပြီ အရောင်းအဝယ် နည်းနည်းလေးအေးပါတယ် '
Yangon-Times/NN
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
‘ ပုံမှန်ကြားရက်တွေမှာ ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွား(၅၀၀)ခန့် ဝင်ရောက်ပြီး ပိတ်ရက်တွေမှာ တော့ (၁၀၀၀)လောက် ဝင်ရောက်လာတယ်။ နှစ်စဉ် ဇန်နဝါရီ ၁ရက်ရောက်တိုင်း ပဌာန်းပူဇော်ပွဲတွေနဲ့ ဆီမီးကိုးထောင်စတဲ့ဆီမီးပူဇော်ပွဲတွေရှိတဲ့အတွက် ဘုရားဖူးပြည်သူတွေ လာရောက်ဖူးမြော် ကြည်ညိုနိုင်တယ်’
ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲဝင်တစ်ဦး
Yangon-Times/tthl
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 674 of 1334