ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ တညင်းကုန်း လက်ကားဈေးကြီးမှာ မကြာခင်ဖွင့်လှစ် တော့မယ့် ဈေးရုံအသစ်ဖြစ်တဲ့ ဈေးရုံအမှတ်(၅) မှာ ရောင်းချဖို့အတွက် ဆိုင်ခန်းနေရာ လာရောက်လျှောက်ထားတဲ့ သူများနေတယ်လို့ Myanmar Argo Echange published Co.ltd ထံက သိရပါတယ်။
#Local_News
Published 11 December 2023
#တညင်းကုန်းဈေး #တညင်းကုန်းလက်ကားဈေးကြီး
#YMG/LW #Yangon_Times
၁၀ ဒီဇင်ဘာ ၂၀၂၃
နစကဥက္ကဋ္ဌ လားရှိုးမြို့သို့သွားရောက်၍ တိုင်းရင်းသားပြည်သူများကို ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံအားပေးစကားပြောကြား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လားရှိုးမြို့စစ်ဆေးရုံသို့သွားရောက်၍ စစ်သည်များ၊မိသားစုဝင်များ၏ကျန်းမာရေး အခြေ အနေများကို သွားရောက်ကြည့်ရှ
ပြည်ထောင်စုအဆင့်ဝန်ကြီးများမှ သက်ဆိုင်ရာ ဆေးရုံများ၊ ယာယီတိုက်ပွဲရှောင်စခန်းနေရာများနှင့် ကျောင်း များသို့ သွားရောက်၍ အားပေးစကားပြောကြား
၁၀-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍
နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြ ပေးအပ်ပါတယ်။
-ymg/knl
၁၀ ဒီဇင်ဘာ ၂၀၂၃
တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်တွင် တနင်္လာနေ့မှစကာ မောင်းသူမဲ့ အလိုလိုမောင်းနှင်ပေးသည့် ညကြီးပိုင်းဘတ်စ်ကားများ စတင်ပြေးဆွဲ လျက်ရှိနေပါတယ်။ ဒါဟာ မီဂါမြို့တော်ကြီးမှာ အလိုအလျောက်ယာဉ်များသွားလာမှု တစ်ဆင့်တက်လှမ်းလိုက်တာဖြစ်ပါတယ်။
ရှေ့ပြေးအစီအစဉ်အရ လောလောဆယ်တော့ မောင်းသူမဲ့ဘတ်စ်ကားနှစ်စီးနှင့်စတင်ပြေးဆွဲနေပြီး လမ်းကြောင်းမှာ ဘတ်စ်ကားမှတ်တိုင်ပေါင်း ၄၀ ရှိပါတယ်။ ဒွန်ဒေးမွန်နှင့် ဟွန်ဒေးတို့လို ဆိုးလ်မြို့တော်ရဲ့ အစည်ကားဆုံးရပ်ကွက်တွေကို ယခုဘတ်စ် လိုင်းက ၉.၈ ကီလိုမီတာ ခရီးရှိတဲ့လမ်းကြောင်းနှင့် ချိတ်ဆက်ပေးတာဖြစ်ပါတယ်။ အဲဒီဘတ်စ်ကားတွေကို ည ၁၁နာရီခွဲမှ မနက် ၅နာရီ ၁၀မိနစ်အထိပြေးဆွဲနေပြီး ခရီးသည်တွေအားလုံးထိုင်ခုံခါးပတ်ပတ်ပြီးစီးနင်းဖို့လိုအပ်ပါတယ်။ မတ်တပ်ရပ်ခရီးသည်ကိုလည်း ခွင့်မပြုပါဘူး။
ကားစီးရတာညင်သာတယ်လို့ ခရီးသည်တော်တော်များများက သတိပြုပြောဆိုကြပေမယ့် အချို့သော အခြေအနေတွေမှာ အန္တရာယ် တစ်ခုခုဖြစ်မှာကိုတော့ စိတ်ပူနေကြပါတယ်။
“ ရာသီဥတုက ဒီနေ့သာယာတယ်။ အဲဒါကြောင့် သက်သောင့်သက်သာတော့ အတော်ရှိပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့ရာသီဥတုအောက်မှာ ဒီဘတ်စ်ကားတွေ ချောချောမွေ့မွေ့မောင်းနိုင်ပါ့မလားဆိုတာတော့စိတ်ပူမိတယ်” လို့ ခရီးသည်တစ်ဦးကပြောပါတယ်။
မောင်းသူမဲ့အလိုအလျောက်မောင်းယာဉ်တစ်စီးမှာ ဘေးကင်းရှင်းရေးဆိုင်ရာ အရာရှိနှစ်ဦးအနည်းဆုံးလိုက်ပါရပြီး အဲဒီသူတွေဟာ ခရီးသည် တွေဘေးကင်းရှင်းရေးအတွက် ယာဉ်မောင်းနှင်နေမှုကို အမြဲစောင့်ကြည်ကြည့်ရှုရမှာဖြစ်ပြီး အန္တရာယ်မဖြစ်ခင် ကြိုတင်တုန့်ပြန်မှုလုပ်ရမယ် လို့တော့ တောင်ကိုရီးယားနိုင်ငံ မြေယာ၊အခြေခံအဆောက်အဦနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနက စည်းမျဉ်းတွေချမှတ်ထားပါတယ်။
လက်ရှိ ရှေ့ပြေးအစီအစဉ်အရ ညကြီးပိုင်းဘတ်စ်ကားမှာ ခရီးသည်တွေအားလုံးကို အခမဲ့စီးနင်းခွင့်ပြုထားပြီး မြို့အာဏာပိုင်တွေက ဘတ်စ်ကားခပေးစီးနင်းရမယ့်အစီအစဉ်နှင့်လမ်းကြောင်းတွေတိုးချဲ့ဖို့ ကို လာမယ့် နှစ်ပထမခြောက်လတာအတွင်း အကောင်အထည်ဖော်ဖို့ စဉ်းစားနေကြပါတယ်။
Source CCYV
"EVကားတွေ ဒီရက်ပိုင်းကို Instock ပြတ်သွားတဲ့အထိကို ရောင်းရတယ်" (ကိုမိုး အနုပညာ) car sale center
ပိုင်ရှင် ဦးမိုးကျော်သူ
#Local_News
Published 10 December 2023
#စက်သုံးဆီအခက်အခဲ #EVကားInstockပြတ်
#YMG/NN #Yangon_Times
"ပန်းပွဲတော်မှာ ထိုင်းနိုင်ငံကပန်းမျိုးစိတ် အမျိုး၄၀၊ အပင်အရေ အတွက်အားဖြင့် ၂ သိန်းနဲ့ မြန်မာပန်းမျိုးရင်း ပန်းပြကွက်တစ်ခုလည်း ထည့်သွင်းပြသသွားမှာဖြစ်တယ်" ထူးကုမ္ပဏီဥယျာဉ်ဌာန၊ Deputy Managing Director ကိုဝေမျိုးအောင်
#Local_News
Published 10 December 2023
#ပြင်ဦးလွင်ပန်းပွဲတော် #မြန်မာပန်းမျိုးရင်း
#tthl #Yangon_Times
၉ ဒီဇင်ဘာ ၂၀၂၃
#ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှုမရှိစေဖို့ ဘယ်လို ဝယ်ယူတင်သွင်းနေပါသလဲ
#တစ်နိုင်ငံလုံးသုံးစွဲမှုအခြေအနေအရ စက်သုံးဆီဖူလုံမှုရှိအောင် ဘယ်လိုတွေဆောင်ရွက်နေသလဲ
#စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ကောလာဟလသတင်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုသတင်းစကားပါးလိုသလဲ
အထက်ပါအချက်များနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
အတွင်းရေးမှူး ဦးသန်းဇော်က ယခုလိုဖြေကြားထားပါတယ်။
-ymg/knl
၉ ဒီဇင်ဘာ ၂၀၂၃
#တိုင်းဒေသကြီး၊ပြည်နယ်အချို့တွင် စက်သုံးဆီများ တန်းစီဝယ်ယူနေရတာ ဘာကြောင့်လဲ။
#လက်ရှိစက်သုံးဆီဈေးနှုန်းနှင့် ပြည်တွင်းပြည်ပ စက်သုံးဆီဈေးနှုန်းအခြေအနေတွေဘယ်လိုရှိပါသလဲ။
#ယခုလက်ရှိအခြေအနေမှာ စက်သုံးဆီတွေကို ဘယ်လိုဖြန့်ဖြူးပေးနေပါသလဲ။
အထက်ပါအချက်များနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
အတွင်းရေးမှူး ဦးသန်းဇော်က ယခုလိုဖြေကြားထားပါတယ်။
-ymg/knl
Page 677 of 1334