#Daily_News
Published 16 December 2023
၁။ ရန်ကုန်အပါအဝင် ဒေသအချို့တွင် ဆောင်းတွင်း သိပ်မအေးရသည့် အကြောင်းရင်းနှစ်ရပ်ရှိနေ
၂။ လာမည့်နှစ်အတွင်း စေလွတ်ရန်စီစဉ်နေသည့် တောင်ကိုရီးယားရာသီချိန် အလုပ်သမားတစ်ဦးလျှင် ဝမ်၁၀သိန်းခန့် ပေးသွင်းရန် ကနဦးတင်ပြထား
၃။ အယ်လ်နီညိုရာသီ ဖြစ်စဉ်အတွင်း စိုက်ပျိုးရေးလုပ်ငန်း များအတွက် ဆောင်ရန်ရှောင်ရန်များကို တောင်သူများအားသင်တန်းများ ပို့ချပေးနေဟုဆို
၄။ ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးတွန်းသင်္ဘော ဘယ်လ်ဂျီယံဆိပ်ကမ်းတွင် စတင်လည်ပတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လာမယ့် အယ်လ်နီညို ဖြစ်စဉ်အတွင်း စိုက်ပျိုးရေး လုပ်ငန်း များ အတွက် ဆောင်ရန် ရှောင်ရန်များကို တောင်သူများ အားသင်တန်းများ ပို့ချပေးနေတယ်လို့ တိုင်းတောင်သူဖွံဖြိုးရေးအဖွဲထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လာမယ့်နှစ်အတွင်း စေလွတ်ဖို့စီစဉ်နေတဲ့ တောင်ကိုရီးယားရာသီချိန် စိုက်ပျိုးရေးအလုပ်သမားတစ်ဦးကို ဝမ်၁၀သိန်းခန့် ပေးသွင်းဖို့ သက်ဆိုင်ရာတွေကို ကနဦးတင်ပြထားတယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) ကသိရပါတယ်။
Yangon-Times/NN
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
‘လေနွေးတွေနဲ့ အယ်နီညိုသက်ရောက်မှုအနည်းငယ်ကြောင့် ဆောင်းတွင်းမှာ အရင်နှစ်တွေကလို မအေးတဲ့ ဒေသတွေကတော့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စတဲ့မြစ်ဝကျွန်းပေါ်ဒေသတွေ၊ မွန်၊ ကရင်၊ တနင်္သာရီစတဲ့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ၊ မန္တလေး၊ မကွေး၊ နေပြည်တော်စတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်ပြီး ဒီဇင်ဘာလ ကုန်ပိုင်းနဲ့ဇန်နဝါရီလမှာသာ ပုံမှန်အအေးဓာတ်အနည်းငယ်သာရပြီး ဖေဖော်ဝါရီလမှာ ပြန်ပူမှာဖြစ်တယ်’
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
Yangon-Times/tthl
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့အပြင် တရုတ်သမ္မတလည်းဖြစ်တဲ့ ရှီကျင့်ဖင်ဟာ ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ ဗုဒ္ဓဟူးနေ့နံနက်က ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
တရုတ်သမ္မတဖြစ်လာပြီးနောက် ရှီကျင့်ဖင်ဟာ ဗီယက်နမ်သို့ တတိယအကြိမ် ရောက်ရှိတာဖြစ်ပြီး ၂၀၁၇ နိုဝင်ဘာလက နောက်ဆုံးရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
#Asia_Development
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၅ ဒီဇင်ဘာ ၂၀၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပဋိပက္ခများနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ နယ်မြေငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက် ကူညီနေမှုများအပေါ် ဝေဖန်ချက်အမျိုးမျိုးဖြင့် ထုတ်လွှင့်ပြောဆိုနေမှုများ
၁၅-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ
ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ
နှင့် ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို
ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
#Daily_News
Published 15 December 2023
၁။ တက္ကသိုလ်ဝင်စာမေးပွဲ(ဆယ်တန်း) လာမည့်မတ်လ ၁၁ရက်တွင် စတင်ကျင်းပမည် ၊ ပြင်ပဖြေဆိုသူနှင့် ပုဂ္ဂလိကကျောင်းများမှ ဖြေဆိုသူများစာရင်း ကောက်ခံနေဟုဆို
၂။ စားဝတ်နေရေး အခက်ခဲတွေကြောင့် စစ်ရှောင်စခန်းမှ အမျိုးသားအများစု ပြည်ပကို အဆင်ပြေသလို သွားရောက် အလုပ်လုပ်ကိုင်မှု များလာဟုဆို
၃။ ထိုင်း၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့ ပုဂ္ဂလိက လုပ်ငန်းအချင်းချင်း B to B စနစ်ဖြင့် မြန်မာ့ပြောင်းတန်ချိန်ခုနှစ်သိန်း ဧပြီလနောက်ဆုံး တင်ပို့သွားမည်
၄။ ဗီယက်နမ်သို့ တရုတ်သမ္မတရှီကျင့်ဖင်လာရောက်ကာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရေးအတွက် ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 671 of 1334