"တိုက်ကြီးမှာ ညတိုင်း ဆင်ဝင်မလားဆိုပြီး ကြောက်နေရတယ်။ အစားအစာရှားပါးလာမှုကြောင့် တောတွင်းနေ ဆင်အချို့ဟာ လူနေအိမ်တွေအနီးအထိ အစာရှာထွက်ကြတဲ့အတွက် ညပိုင်းမှာ ဆင်တွေကို ခြောက်လှန့်ပြီး မောင်းထုတ်နေရတယ်' တိုက်ကြီးဒေသခံတစ်ဦး
#Local_News
Published_ 3 February 2024
#တိုက်ကြီး #လူနေအိမ်များကိုဆင်ဝင်ရောက်
#tthl #Yangon_Times
လိုင်စင်မလိုအပ်တဲ့ ရောင်းဝယ်ရေးများ၊ စတော့စီးဆင်းမှုများ အပါအဝင် ကမ္ဘာ့ရွှေဝယ်လိုအားက ၂၀၂၃ ခုနှစ်မှာ ၃ ရာခိုင်နှုန်းတက်လာပြီး ၄၈၉၉ တန်အထိ မြင့်တက်လာကြောင်း ကမ္ဘာ့ရွှေကောင်စီ(WGC)က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_Trend
Published_ 3 February 2024
#ကမ္ဘာ့ရွှေဝယ်လိုအားမြင့်တက် #ကမ္ဘာ့ရွှေကောင်စီ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 3 February 2024
၁။ တရုတ်ဒြပ်မဲ့အမွေအနှစ်ကို လေ့လာနိုင်မည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌(၂)ရက်တိုင်တိုင်ကျင်းပမည်
၂။ မလေးရှားလုပ်သားဈေးကွက် လာမည့် ဧပြီလမှစပြီး ပြန်လည်ကောင်းနိုင်မည့် အနေထားရှိဟုဆို
၃။ အကယ်ဒမီဆုပေးပွဲတက်ရန် သက်ကြီးအနုပညာရှင်များနှင့် အနုပညာရှင်၊ အတတ်ပညာရှင်(၂၅၀) ကျော် နေပြည်တော်သို့ရောက်ရှိနေ
၄။ (၂၀၂၃)ခုနှစ်အတွင်းကမ္ဘာ့ရွှေဝယ်လိုအားမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီဖော်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
သက်ကြီးအနုပညာရှင်တွေ လေကြောင်းခရီးနဲ့နေပြည်တော်သို့ ထွက်ခွာသွားပြီဖြစ်သလို အလွှာအသီးသီးမှ အနုပညာရှင်၊ အတတ်ပညာရှင် (၂၅၀)ဦးဟာလည်း Express ကားတွေနဲ့ရန်ကုန်မြို့ ရွှေထွဋ်တင်ဝန်းမှ နေပြည်တော်သို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။
#Local_News
Published_ 3 February 2024
#သက်ကြီးအနုပညာရှင်များ #နေပြည်တော်သို့ရောက်ရှိ
#tthl #Yangon_Times
မလေးရှားအစိုးရမှ နိုင်ငံခြားသားလုပ်သားသစ်များ ခေါ်ယူခွင့်ကို လာမယ့်ဧပြီလလောက်မှာ ပြန်လည်ခွင့်ပြုပေးမယ့် အနေထား ရှိတဲ့အတွက် ပြည်တွင်းမှ မလေးရှားကို လုပ်သားပို့ပေးနေတဲ့ ဈေးကွက် ပြန်လည်ကောင်းလာမယ့်အနေထား ရှိတယ်လို့ မြန်မာပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA) မှ သိရပါတယ်။
#Local_News
Published_ 3 February 2024
#မလေးရှားလုပ်သား #ပြန်လည်ကောင်းနိုင်မည့်အနေထား
#YMG/LW #Yangon_Times
တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်၌ (၂)ရက်တိုင်တိုင်ကျင်းပမည် "ဖက်ထုပ်၊ တံတားကူးမြီးရှည် အစရှိတဲ့ တရုတ်ရိုးရာအစားအစာတွေကို မြည်းစမ်းသုံးဆောင်နိုင်သလို ဓာတ်ပုံရိုက်ဝါသနာပါသူများအနေနဲ့လည်း ရှေးခေတ်လူတွေအတိုင်းတရုတ်ရိုးရာဝတ်စုံတွေနဲ့ ကိုယ်တိုင်ဝတ်စားပြင်ဆင်ကြည့်နိုင်မှာဖြစ်တယ်။ တရုတ်ရိုးရာ ဆေးဆိုးပန်းရိုက်ပညာ၊ စက္ကူအလှညှပ်ပညာ အစရှိတဲ့ တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်း ကိုယ်တိုင်ပြုလုပ် လေ့လာနိုင်မယ်" ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ
#Local_News
Published_ 3 February 2024
#တရုတ်နှစ်သစ်ကူးပွဲတော် #တရုတ်ယဉ်ကျေးမှုစင်တာ
#tthl #Yangon_Times
တရုတ်တောင်ပိုင်း ဓာတ်အားလိုင်း(CSG)နဲ့ လာအိုနိုင်ငံပိုင် အီလက်ထရီဆိုက်ဂျူလာအို (EDL)တို့ ပူးပေါင်းဆောင်ရွက်တဲ့ အီလက်ထရီဆိုက်ဂျူလာအို ထရန်စ်မစ်ရှင်ကုမ္ပဏီလိမိတက်ဟာ တနင်္လာနေ့မှာ တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး နှစ်နိုင်ငံကြား စွမ်းအင်ကဏ္ဍ အပြန်အလှန် အကျိုးသက်ရောက်မှုမှာ ကဏ္ဍသစ်ဖြစ်လာပါတယ်။
#Asia_Corporation
Published 2 February 2024
#တရုတ်နှင့်လာအို #ဓာတ်အားလိုင်းကုမ္ပဏီစတင်ဖွင့်လှစ်
#Yangon_Times #YMG_News #Yangon_Media_Group
Page 629 of 1334