ဖွဲနုဆီ တစ်နှစ်လျှင် တန်ချိန်(၁၅၃၀၀)ထုတ်လုပ်နိုင်မည့် စက်ရုံဆောက်နေ
အခုစတင် အကောင်အထည်ဖော် ဆောင်ရွက်မယ့် ဖွဲနုဆီကြမ်း၊ ဆီချောနဲ့စားသုံးဆီထုတ်လုပ်ရေးစက်ရုံဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဖွဲနုဆီဆီကြမ်းနှင့် ဆီချော(Refinery) ပါဝင်တဲ့စက်ရုံဖြစ်ပြီး တစ်နှစ်လျှင် ဆီကြမ်း တန်ချိန်(၉၀၀၀)၊ ဆီချောတန်ချိန်(၆၃၀၀)ခန့် စုစု ပေါင်းဖွဲနုဆီ တန်ချိန် (၁၅၃၀၀)ကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရဲ့ အိုအေစစ်လို့ တင်စားခေါ်ဝေါ်တဲ့ ပုပ္ပါးတောင်မကြီးပေါ် သန့်ရှင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စိတ်ပါဝင်စားသူတွေ စုပေါင်းပြီး အမှိုက်ကောက်ကမ်ပိန်းတစ်ခုကိုဖေဖေါ်ဝါရီ ၁၈ရက်တွင် ပြုလုပ်မယ်လို့ သိရပါတယ်။ စိတ်ပါဝင်စားပြီး ပါဝင်ဖို့ ဆက်သွယ်လာသူတွေက သတ်မှတ်ထားတဲ့ ဦးရေထက် ပိုများပါတယ်။
Yangon Times/LW
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
' ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးကို ထိန်းညှိဆောင်ရွက်နိုင်ဖို့ ၂၀၂၃_၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ဖေဖော်ဝါရီ၊မတ်နဲ့ ဧပြီလတွေမှာ တစ်လကို တန်ချိန်တစ်သိန်းခွဲနဲ့ ပျှမ်းမျှစုစုပေါင်းတန်ချိန် လေးသိန်းခွဲအထိ တင်ပို့သွားဖို့ လျာထားတယ် ဆန်ကွဲ၊ ပေါင်းဆန်နဲ့ တန်းမြင့်ဆန် (၅ မှတ်ဆန်) တွေကိုသာ ဦးစားပေး တင်ပို့သွားမယ်၊ ' မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) '
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မော်တင်စွန်းဘုရားပွဲတော်မတ်လတွင်ကျင်းပမည်၊EVဖြင့်ပါလာရောက်ကြ
"မော်တင်စွန်းဘုရားကို တစ်နှစ်ပတ်လုံးဖွင့်ထားတာဖြစ်ပြီး လမ်းသစ်တည်ဆောက်ထားတဲ့အတွက်လည်း သွားလာရေးတွေ လွယ်ကူအဆင်ပြေနေသလို လျှပ်စစ်မီးလည်းရလို့ ဟိုတယ်၊ တည်းခိုခန်းနဲ့ EVကားတွေအတွက်လည်း အဆင်ပြေတယ်။ ဘုရားပွဲက တပေါင်းလဆန်း(၁)ရက်နေ့ကနေစတင်ကျင်းပမယ်" ပပဝတီResortမှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၉ ဖေဖော်ဝါရီ ၂၀၂၄
တရုတ်နိုင်ငံရဲ့ အကောင်းဆုံး ခေါက်ဆွဲဆရာကြီးတွေဟာ တရုတ်နှစ်သစ်ကူးအကြိုဖျော်ဖြေပွဲမှာ ခေါက်ဆွဲလုပ်နည်း အနုပညာတင်ဆက်ဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။ အဲဒီအစီအစဉ်ကို တရုတ်အစိုးရပိုင် တရုတ်မီဒီယာအုပ်စုရဲ့ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲညမှာ ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။
Source CCTV+
လတ်တလော အမေရိကန်မှ လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရတ်မှာ ထိခိုက်ပျက်စီးနေပြီး ကန့်ကွက်သံများ ထွက်ပေါ်လာကြကာ အီရတ်အချုပ်အခြာနဲ့ ပတ်သက်ပြီး စိုးရိမ်လာရပါတယ်။
ဒါဟာ ထိုဒေသအတွင်း အမေရိကန်ရဲ့ အခြေအနေကို အားလျော့လာစေတဲ့ အီရန်ရဲ့ ဗျူဟာဖြစ်တယ်လို့ ကျွမ်းကျင်သူတစ်ဦးက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_Military
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 8 February 2024
၁။ တောင်တွင်းကြီးမြို့တွင် ထမနဲစတုဒိတာအလှူ၊ ဘိုးဘွား(၁၃၀)ကို ပူဇော်ပွဲနှင့် ရှေးဟောင်းဂူဘုရားပြုပြင်မှု ရေစက်ချပွဲ လုပ်မည်
၂။ နွေစပါးစိုက်ပျိုးရိတ်သိမ်းချိန်၌ စက်သုံးဆီအခက်အခဲရှိပါက ဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်နိုင်
၃။ ပဲခူးတိုင်း ဇရပ်ကြီးမြို့အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူ သောင်းနှင့်ချီရှိပြီး အရေးပေါ်အကူညီများ လိုအပ်နေ
၄။ အမေရိကန်လေကြောင်း တိုက်ခိုက်မှုများကြောင့် အီရတ်တွင် ထိခိုက်သေဆုံးမှုများရှိလာကာ ကန့်ကွက်ရှုတ်ချသံများထွက်ပေါ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 624 of 1334