၈ ဖေဖော်ဝါရီ ၂၀၂၄
အသက် ၅၇နှစ်အရွယ် ဒတ်ချ်အမျိုးသားတစ်ဦးဟာ ယခုဆိုရင် အသက်အရှည်ဆုံးနေနေရတဲ့ နှလုံးအစားထိုးခွဲစိတ်ကုသမှု ခံယူခဲ့သူလူနာ အဖြစ် ကမ္ဘာ့မှတ်တမ်းဝင်သွားပါတယ်။
ဘတ်ဂျန်ဆန်ဟာ ၁၉၈၄ခုနှစ်တုန်းက လန်ဒန်မြို့ အနောက်မြောက်ပိုင်းက ဟာရီဖီးလ်ဆေးရုံကြီးမှာ အလှူရှင် တစ်ဦးရဲ့နှလုံးနှင့် နှလုံးအစားထိုးခွဲစိတ်ကုသမှုခံယူခဲ့ပြီး ယခုဆိုရင် နှစ်ပေါင်း ၃၉နှစ်ကြာသည်အထိ ကျန်းမာစွာရှိနေပါတယ်။
အဲဒီအောင်မြင်မှုကို ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းက စံချိန်တစ်ခုအဖြစ် အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။
ဇီဝဇိုး ငှက်သိုက်ဈေးကွက်ဟာ ပြီးခဲ့တဲ့ နှစ်လလောက်က အေးခဲ့ပေမယ့် အခုဝယ်လိုအားများလာပြီး ဈေးကွက်ပြန်ထိုးတတ်လာတယ် ပြောရမယ် ပြည်တွင်းသုံးစွဲမှုကလည်း များလာတယ် ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်ဈေးကွက်ကလည်း လမ်းပန်းဆက်သွယ်ရေး ပြန်ပွင့်လာတော့ ဇီဝဇိုးငှက်သိုက်ဈေးကွက်ဟာ အောက်ခြေဈေး တပိသာကို ၂၅သိန်းကျပ်ကနေ အရည်သွေးကောင်းရင် ကောင်းသလောက် သိန်း၄၀ကျော်အထိရတယ် ။
Yangon Times/LW
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးဘဝနတ်ထံပျံလွန်တော်မူ
ဆရာတော်ကြီးဟာ ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်းမှ (၁၈)ရက်ကြာ ကယ်ထုတ်လာသည့် တောဝက်ဘောလုံးအသင်းမှ လူငယ်(၁၃)ဦးအနက် ဗုဒ္ဓဘာ သာဝင် (၁၂)ဦးတို့ကို ကြွရောက်ဆံချပေးခဲ့တဲ့ ဆရာတော်ကြီးလည်းဖြစ်ပါတယ်။
ဆရာတော်ကြီးဘဒ္ဒန္တဓမ္မသီရိဟာ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲရ သာသနာ့အာဇာနည်ဆရာတော်ကြီး တစ်ပါးလည်း ဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
ဇရပ်ကြီးမြို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရတဲ့ပြည်သူ တစ်သောင်းကျော်ရှိတယ် အခုထိလဲ ကားတွေနဲ့ခေါ်ဆောင်ပေးနေရတယ် တောင်ငူမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေ အခြားဘာသာရေးအဆောက်အဦးတွေမှာ နေကျတယ် ဗြုန်းစားကြီးဖြစ်သွားတဲ့ အတွက် သူတို့ရဲ့ စားရေးသောက်ရေးတွေ နေထိုင်ရေးတွေကို အဆင်ပြေအောင် စီစဉ်နေပေမယ့် လူကများလာတဲ့အတွက် မနိုင်ဘူးဖြစ်နေတယ် အကူညီတွေကတော့ တော်တော်လေးကို လိုအပ်နေတယ်။
Yangon Times/LW
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
စက်သုံးဆီက ပြီးခဲ့တဲ့တစ်လလောက်နဲ့ စာရင်အောက်ခြေမှာ စက်သုံးဆီ၊ဒီဇယ်ဆီ ရရှိမှုအနေအထားက ပိုလွယ်ကူသွားတဲ့အခြေအနေမှာ ရှိပါတယ်၊ ဒါပေမယ့် အခက်အခဲရှိတယ်ဆိုရင်တော့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ အောက်ကအသင်းအဖွဲ့တွေ ကုမ္ပဏီတွေက ဆက်သွယ်ရင် တတ်နိုင်သမျှ ဝိုင်းဝန်းပြီးကူညီပေးပါ့မယ်
Yangon Times/NN
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
တောင်တွင်းကြီးတွင် ထမနဲစတုဒိတာအလှူ၊ဘိုးဘွားနဲ့ နွမ်းပါးသူများ အလှူလုပ်မည်
"ဖေဖော်ဝါရီလ၂၂ရက်မှာ နေကျော်ကျောင်းမှာ သံဃာတော်အပါး၄၀ကို ထမနဲဆွမ်းလောင်းပြီး ထမနဲစတုဒိတာကျွေးသွားမှာဖြစ်ပြီး လပြည့်နေ့ ဖေဖော်ဝါရီလ၂၄ရက်မှာ သံဃာတော် ၆၄ပါးကို ဆွမ်းကြီးလောင်းလှူမှာဖြစ်ပါတယ်။ဖေဖော်ဝါရီလ(၂၈)(၂၉)ရက်အတွင်းမှာတော့ အဘိုး( ၄၄)ယောက်၊အဘွား(၈၆)ယောက်တို့ကိုပူဇော်ပြီးနွမ်းပါးအိမ်ထောင်စု( ၁၄၇)စုကို ချီးမြှင့် ထောက်ပံ့ဖို့ရှိတယ်" ချမ်းမြေ့ရိပ်သာကျောင်း
Yangon Times/tthl
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ကာကွယ်ရေးပြပွဲ ဒုတိယမြောက်အကြိမ်ကို ဆော်ဒီအာရေဗျမြိုတော် ရီယက်ဒ်မှာ တနင်္ဂနွေနေ့က စတင်ပြသခဲ့ပြီး တရုတ်ကာကွယ်ရေး ကိုယ်စားလှယ်များနဲ့ တရုတ်လေတပ်တိုမှ တက်ရောက်ခဲ့ကြပါတယ်။
#World_Event
Published 7 February 2024
#ကမ္ဘာ့ကာကွယ်ရေးပြပွဲ #ဆော်ဒီအာရေဗျမြို့တော်တွင်စတင်ပြသ
#YMG #Yangon_Times #Yangon_Media_Group
Page 625 of 1334