#Daily_News
Published_ 7 February 2024
၁။ တရုတ်နှစ်ကူးနားနီးသော်လည်း ဝယ်လိုအားလျော့ကျ၍ ဖရဲစိုက်တောင်သူများတွက်ခြေကိုက်မှုနည်းပါးနေ
၂။ ဂိုးသမားအောင်ကျော်ကျော်ကို ရန်ကုန်ယူနိုက်တက်လူငယ်အသင်းအတွက် ဂိုးနည်းပြအဖြစ်ပြန်လည်ခေါ်ယူ
၃။ ဝူရှူးအားကစားနည်း စိတ်ဝင်စားသူများအတွက် နွေရာသီသင်တန်းအခမဲ့သင်ကြားပေးမည်
၄။ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ကာကွယ်ရေးပြပွဲအား ဆော်ဒီအာရေဗျမြို့တော်တွင် စတင်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မတ်ပဲတစ်တန် ၃၆ သိန်းကျော်အထိ မြင့်တက်လာ 'အိန္ဒိယကုန်သည်တွေဈေးကစားနေတာနဲ့ ပြည်တွင်းကမတ်ပဲကုန်သည်တွေ အတက်ဈေးစောင့်ပြီး အရောင်းအဝယ်လုပ်နေတာကြောင့် မြန်မာ့မတ်ပဲဈေးနှုန်းတွေ မြင့်တက်လာတာပါ၊ အိန္ဒိယနိုင်ငံ ချနိုင်းဈေးကွက်မှာ ယခင်လကာလတူနှိုင်းယှဉ်ချက်အရ ဈေးနှုန်းခြားနားချက် ၆.၅% အထိမြင့်တက်လာတာဖြစ်ပြီး မြန်မာမတ်ပဲပြည်တွင်းဈေးနှုန်းရဲ့ ယခင်လနဲ့ ယခုလ ဈေးနှုန်းခြားနားချက်ကတော့ ၁၄%ဖြစ်ပါတယ်'
#Local_News
Published_ 7 February 2024
#မတ်ပဲတစ်တန်၃၆သိန်းကျော် #ဈေးနှုန်းခြားနားချက်
#YMG/NN #Yangon_Times
"အခုနှစ်ဟာ နဂါးနှစ်ဖြစ်လို နဂါးအကနဲ့လာဘ်ဖွင့် လာဘ်ခေါ်ရတဲ့ဝန်ဆောင်မှုတွေပိုမိုဆောင်ရွက်ပေးနေရတယ်"
မိုးနဂါးခြင်္သေ့အဖွဲ့မှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_ 7 February 2024
#တရုတ်နှစ်သစ်ကူးချိန် #နဂါးအကနဲ့လာဘ်ဖွင့်လာဘ်ခေါ်
#tthl #Yangon_Times
ဝူရှူးအားကစားနည်း စိတ်ဝင်စားသူတွေအတွက် နွေရာသီသင်တန်း အခမဲ့သင်ကြားပေးမှာပါ အသက် ၅နှစ်ကစပြီး သင်ကြားနိုင်တယ် သင်တန်းသားဦးရေ ကန့်သတ်ထားခြင်းမရှိပါဘူး စိတ်ဝင်စားလို သင်တန်းတက်လိုသူတွေ အနေနဲ့ နဲ့မန္တလေးဝူရှူးအသင်းရဲ့ ဖုန်းနံပတ်၀၉၄၄၄၀၂၉၂၀၀၊ ၀၉၇၇၇၇၉၉၉၆၆ ကိုဆက်သွယ်စာရင်းပေးနိုင်ပါတယ်၊
#Local_News
Published_ 7 February 2024
#ဝူရှူးအားကစားနည်း #
#YMG/LW #Yangon_Times
ငွေခေတ် အားကစားသမားဂိုးအောင်ကျော်ကျော်ကို ဂိုးနည်းပြအဖြစ်ပြန်ခေါ် "ဗီယက်နမ်ဆီးဂိမ်းပြီးချိန်မှာ အနားယူခဲ့တဲ့ ငွေခေတ်အားကစားသမား၊ဂိုးသမားအောင်ကျော်ကျော်ကို ရန်ကုန်ယူနိုက်တက်လူငယ်အသင်းအတွက်ဂိုးနည်းပြအဖြစ်ခေါ်ယူလိုက်ပြီဖြစ်တယ်"
Yangon United Football Club
#Local_News
Published_ 7 February 2024
#ဂိုးသမားအောင်ကျော်ကျော် #ဂိုးနည်းပြအဖြစ်ပြန်လည်ခေါ်ယူ
#tthl #Yangon_Times
'ပြီးခဲ့တဲ့နှစ် ဖရဲရာသီချိန်က တရုတ်နိုင်ငံကိုတင်ပို့ခဲ့တာကြောင့် ၁၆ တန်တင်နိုင်တဲ့ ၁၂ဘီး ဖရဲကားတစ်စီးကို ကျပ်သိန်း ၁၇၀ အထိ အမြတ်အစွန်းရရှိပေမယ့် အခုနှစ်ရာသီချိန်မှာတော့ပြည်တွင်းဈေးကွက်သာအားထားနေရတာကြောင့် ဖရဲကားတစ်စီးကို ကျပ်၁၀သိန်းခန့်သာ အမြတ်အစွန်းရရှိနိုင်တော့တယ်၊ မရှုံးပေမယ့်မကိုက်ဘူး ၊ 'ခရမ်းမြို့နယ်က ဖရဲစိုက်ပျိုးသူ စိုင်းကျော်မိုး
#Local_News
Published_ 7 February 2024
#တွက်ခြေကိုက်မှုနည်းပါးနေ #ဖရဲစိုက်တောင်သူ
#YMG/NN #Yangon_Times
အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်ကြား တရားမဝင် လူဝင်မှုတွေနဲ့ ပတ်သက်ပြီး တက္ကဆပ်အုပ်ချုပ်ရေးမှူး ဂရက်ဂ်အက်ဘော့နဲ့ သမ္မတဂျိုးဘိုင်ဒင်တို့ ပြိုင်ဆိုင်မှုများကြောင့် ကြားညပ်နေတဲ့ တက္ကဆပ် အီးဂဲလ်ပတ်စ်မှ ဒေသခံတွေဟာ နိုင်ငံရေးကိစ္စများကြောင့် အစိုးရနဲ့ ပြည်နယ်အာဏာပိုင်များက ပြိုင်ဆိုင်နေကြတာဖြစ်ပြီး ယင်းတို့ရဲ့ မြို့လုံခြုံရေးကို စိုးရိမ်ကြတာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
#World_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
Page 626 of 1334