ဘွန်ဆိုင်းပင်များဖန်တီးရာ၌ မြေပြင်တွင်ပေါက်ရောက်နေသည့် အပင် သဘာဝအားသွေဖယ်မသွားရန်လိုအပ်ဟုဆို
တကယ့်ကိုမြေပြင် မှာရှိတာ၊ကျောက်တောင်၊ကျောကိကမ်းပါးက သစ်ပင်ကြီးတွေကိုပုံစံယူပြီးလုပ်ကြတာ၊အခုနောက်ပိုင်းကျတော့ဖန်တီးသူရဲ့ စိတ်ကူးဉာဏ်၊အနုပညာနဲ့ကွန့်မြူးပြီး လုပ်လာကြတယ်၊ဖန်တီးတဲ့အခါမှာလည်းပဲစိတ်ဝင်စားအောင်မျက်စိပသာဒဖြစ်အောင် လုပ်လို့ရတယ်၊ဒါပေမယ့် မြေပြင်မှာပေါက်နေတဲ့အပင်ကြီးတွေရဲ့ ပုံစံနဲ့ သွေဖယ်မသွာဖို့လိုပါတယ်။
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဖွဲနုဆီ တစ်နှစ်လျှင် တန်ချိန်(၁၅၃၀၀)ထုတ်လုပ်နိုင်မည့် စက်ရုံဆောက်နေ
အခုစတင် အကောင်အထည်ဖော် ဆောင်ရွက်မယ့် ဖွဲနုဆီကြမ်း၊ ဆီချောနဲ့စားသုံးဆီထုတ်လုပ်ရေးစက်ရုံဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဖွဲနုဆီဆီကြမ်းနှင့် ဆီချော(Refinery) ပါဝင်တဲ့စက်ရုံဖြစ်ပြီး တစ်နှစ်လျှင် ဆီကြမ်း တန်ချိန်(၉၀၀၀)၊ ဆီချောတန်ချိန်(၆၃၀၀)ခန့် စုစု ပေါင်းဖွဲနုဆီ တန်ချိန် (၁၅၃၀၀)ကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရဲ့ အိုအေစစ်လို့ တင်စားခေါ်ဝေါ်တဲ့ ပုပ္ပါးတောင်မကြီးပေါ် သန့်ရှင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စိတ်ပါဝင်စားသူတွေ စုပေါင်းပြီး အမှိုက်ကောက်ကမ်ပိန်းတစ်ခုကိုဖေဖေါ်ဝါရီ ၁၈ရက်တွင် ပြုလုပ်မယ်လို့ သိရပါတယ်။ စိတ်ပါဝင်စားပြီး ပါဝင်ဖို့ ဆက်သွယ်လာသူတွေက သတ်မှတ်ထားတဲ့ ဦးရေထက် ပိုများပါတယ်။
Yangon Times/LW
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
' ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးကို ထိန်းညှိဆောင်ရွက်နိုင်ဖို့ ၂၀၂၃_၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ ဖေဖော်ဝါရီ၊မတ်နဲ့ ဧပြီလတွေမှာ တစ်လကို တန်ချိန်တစ်သိန်းခွဲနဲ့ ပျှမ်းမျှစုစုပေါင်းတန်ချိန် လေးသိန်းခွဲအထိ တင်ပို့သွားဖို့ လျာထားတယ် ဆန်ကွဲ၊ ပေါင်းဆန်နဲ့ တန်းမြင့်ဆန် (၅ မှတ်ဆန်) တွေကိုသာ ဦးစားပေး တင်ပို့သွားမယ်၊ ' မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) '
Yangon Times/NN
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မော်တင်စွန်းဘုရားပွဲတော်မတ်လတွင်ကျင်းပမည်၊EVဖြင့်ပါလာရောက်ကြ
"မော်တင်စွန်းဘုရားကို တစ်နှစ်ပတ်လုံးဖွင့်ထားတာဖြစ်ပြီး လမ်းသစ်တည်ဆောက်ထားတဲ့အတွက်လည်း သွားလာရေးတွေ လွယ်ကူအဆင်ပြေနေသလို လျှပ်စစ်မီးလည်းရလို့ ဟိုတယ်၊ တည်းခိုခန်းနဲ့ EVကားတွေအတွက်လည်း အဆင်ပြေတယ်။ ဘုရားပွဲက တပေါင်းလဆန်း(၁)ရက်နေ့ကနေစတင်ကျင်းပမယ်" ပပဝတီResortမှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 9 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၉ ဖေဖော်ဝါရီ ၂၀၂၄
တရုတ်နိုင်ငံရဲ့ အကောင်းဆုံး ခေါက်ဆွဲဆရာကြီးတွေဟာ တရုတ်နှစ်သစ်ကူးအကြိုဖျော်ဖြေပွဲမှာ ခေါက်ဆွဲလုပ်နည်း အနုပညာတင်ဆက်ဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။ အဲဒီအစီအစဉ်ကို တရုတ်အစိုးရပိုင် တရုတ်မီဒီယာအုပ်စုရဲ့ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲညမှာ ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။
Source CCTV+
လတ်တလော အမေရိကန်မှ လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရတ်မှာ ထိခိုက်ပျက်စီးနေပြီး ကန့်ကွက်သံများ ထွက်ပေါ်လာကြကာ အီရတ်အချုပ်အခြာနဲ့ ပတ်သက်ပြီး စိုးရိမ်လာရပါတယ်။
ဒါဟာ ထိုဒေသအတွင်း အမေရိကန်ရဲ့ အခြေအနေကို အားလျော့လာစေတဲ့ အီရန်ရဲ့ ဗျူဟာဖြစ်တယ်လို့ ကျွမ်းကျင်သူတစ်ဦးက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_Military
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
Page 401 of 1111