#Daily_News
Published 7 October 2024
၁။ စားအုန်းဆီဈေးနှုန်းများ နှစ်ပတ်ဆက်တိုက်ပြန်ကျလာ
၂။ ရန်ကုန်- မန္တလေး အထူးလေအိတ်ရထားနှင့် ပုဂံရထားများပြေးဆွဲပေးနေ
၃။ ကင်ဆာကုသစက်သစ်များတိုးချဲ့တပ်ဆင်ပြီး တစ်ရက်ကိုကင်ဆာလူနာ(၂၀၀)အထိ ကုသပေးနိုင်တော့မည်
၄။ တရုတ်လျှပ်စစ်ကားများတင်သွင်းခြင်းအပေါ် အကောက်ခွန်နှုန်းတင်းကြပ်ရန် ဥရောပသမဂ္ဂကော်မရှင် အသိအမှတ်ပြုခြင်းအပေါ် ဥရောပနိုင်ငံအများအပြားမှဝေဖန်လာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံခြားဆေးဝါးဈေးကွက်ထဲမှာ ဒေါ်လာဈေးကျဆင်းချိန်မှာ ဆေးဝါးဈေးတွေ မကျဘဲ ဆေးဆိုင်အများစုကပစ္စည်းပြတ်လပ်တယ်လို့သာ ဝယ်ယူသူတွေကိုငြင်းဆိုနေကြတယ်လို့ ဝယ်ယူသုံးစွဲသူတွေဆီက သိရပါတယ်။
#Local_News
Published 7 October 2024
#ဆေးဝါးဈေးမကျ #ပစ္စည်းပြတ်
#YMG/NN #Yangon_Times
ကင်ဆာကုသစက်သစ်တွေအားလုံးတပ်ဆင်မှုပြီးစီးပါက ဒဂုံဆိပ်ကမ်း ကင်ဆာကုသရေးဌာနမှာ လာမယ့်ဒီဇင်ဘာလမှစတင်ပြီး တစ်ရက်ကိုကင်ဆာလူနာ(၂၀၀)အထိ ကုသပေးနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 7 October 2024
#ကင်ဆာကုသစက်သစ် #ကင်ဆာကုသရေးဌာန
#YMG/tthl #Yangon_Times
ရန်ကုန်- မန္တလေး အထူးလေအိတ်ရထားနဲ့ ပုဂံရထားတွေ ပုံမှန်အတိုင်းပြေးဆွဲပေးနေတယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။
#Local_News
Published 7 October 2024
#မြန်မာ့မီးရထား #အထူးလေအိတ်ရထား
#YMG/NN #Yangon_Times
အခုအပတ်မှာတော့ စားအုန်းဆီရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၆၄၅၅ ကျပ်နဲ့ရောင်းချဖို့ သတ်မှတ်လိုက်တဲ့အတွက် စားအုန်းဆီဈေးနှုန်းနှစ်ပတ်ဆက်တိုက်ကျလာတယ်လို့ သိရပါတယ်။
#Local_News
Published 7 October 2024
#စားအုန်းဆီဈေးကျ #ရည်ညွှန်းဈေး
#YMG/tthl #Yangon_Times
အစ္စရေးလ်နှင့်ဟက်ဇ်ဘိုလာပဋိပက္ခများကြောင့် လက်ဘနွန်မှထွက်ပြေးလာသည့်စစ်ဘေးရှောင်များ ဆီးရီးယားသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာ
ဟက်ဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးလ်တို့ကြား တိုက်ခိုက်မှုများ မြင့်တက်လာတာကြောင့် လက်ဘနွန်မှထွက်ပြေးတိမ်းရှောင်လာတဲ့ အရပ်သားအများအပြား ဆီးရီးယားသို့ အလုံးအရင်း ဝင်ရောက်လာကြပါတယ်။
#World_News
Published 5 October 2024
#အစ္စရေးလ်နှင့်ဟက်ဇ်ဘိုလာ #ပဋိပက္ခများ
#YMG #Yangon_Times #Yangon_Media_Group
၅ အောက်တိုဘာ ၂၀၂၄
ရန်ကုန်-ပဲခူး လမ်းပိုင်း အစုန်-အဆန်ခရီးစဉ်ကို စပိန်နိုင်ငံကနေ ဝယ်ယူထားတဲ့ လူစီးရထားတွဲ (Diesel Electric Multiple Units) အသစ်နဲ့ အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြေးဆွဲနေပါတယ်။
ရန်ကုန်-ပဲခူး ခရီးစဉ်အတွက် ရန်ကုန်ကနေ ညနေ ၄ နာရီ ၄၅ မိနစ်ထွက်ပြီး ပဲခူးကို ၆ နာရီ ၅ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။
ပဲခူး-ရန်ကုန် ခရီးစဉ်အတွက်တော့ ပဲခူးမြို့က မနက် ၆ နာရီထွက်ပြီး ရန်ကုန်ကို ၈ နာရီ ၂၀ မိနစ်မှာ ဆိုက်ရောက်မှာပါ။
ခရီးစဉ်အတွင်း ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်ကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝနဲ့ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာမှာ ရပ်မှာဖြစ်ပါတယ်။
ရထားစီးရတာ ငြိမ့်ငြိမ့်ညောင်းညောင်းရှိပြီး လေအိတ်ကားတွေ EV ကားတွေစီးရသလိုပဲလို့ ရထားစီးနင်း လိုက်ပါလာတဲ့ ခရီးသည်တွေက ပြောကြပါတယ်။
မြို့ပတ်ရထားတွဲတွေကိုလည်း ဒီလိုအဆင့်မြင့်တဲ့ ရထားတွဲတွေနှင့် ပြေးဆွဲစေချင်တယ်လို့လည်း ခရီးသည်တွေက ပြောနေကြပါတယ်။
ခရီးသည်တွေရဲ့အသံတွေနှင့် အကြံပြုချက်တွေကို နားထောင်မှတ်သားထားပြီး ပြုပြင်စရာရှိတာတွေကို တဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲသွားမှာပါလို့ ရထားနှင့်ပါလာတဲ့ မြန်မာ့မီးရထားဝန်ထမ်းတစ်ဦးက YMG ကိုပြောပါတယ်။
စျေးနှုန်းကတော့ ခရီးစဉ်တစ်ဝက်အတွက် လူတစ်ဦးကို ၁၃၀၀ ကျပ်နဲ့ ခရီးစဉ် အစအဆုံးအတွက် ၂၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။
ဒီရထားတွဲသစ်ဟာ ခရီးသွားပြည်သူများ စိတ်ဝင်စားနေကြပြီး စီးနင်းလိုက်ပါသူတွေလည်း တိုးတက် လာနေပါတယ်။
Page 394 of 1295