၁၁ ဒီဇင်ဘာ ၂၀၂၄
ရန်ကုန်မြို့၏ ပွဲတော်ညဈေးများတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ ကျွန်းတောပွဲတော်ဈေးကို စမ်းချောင်း မြို့နယ် ကျွန်းတောလမ်းမကြီးပေါ်တွင် ကျင်းပလျက်ရှိနေပါတယ်။
ယမန်နေ့ ဒီဇင်ဘာ ၁၀ရက်ကစခဲ့တဲ့ ပွဲတော်ဈေးမှာ ဒေသခံများရဲ့လက်လုပ် မြန်မာမုန့်၊ မြန်မာ့ရိုးရာ အစားအစာ များ၊အသုတ်စုံ၊အကြော်၊ရေမုန့်စသည်တို့ဖြင့် သွားရေယိုစရာအစားအစာစုံကို ခင်းကျင်း ရောင်းချနေပါတယ်။
အဲဒီအပြင် ပျော်ရွှင်ဆော့ကစားစရာ ချား၊ရဟတ်များကိုလည်း ထည့်သွင်းထားလို့ အစားအသောက်မြတ် နိုးသူတွေ၊ ဆော့ကစားသန်တဲ့ကလေးသူငယ် လူငယ်လူရွယ်တွေအများစုနှင့် ပွဲတော်ဟာ စည်ကားနေပါ တယ်။
ကျွန်းတောပွဲတော်ဈေးကို ဒီဇင်ဘာ ၁၆ ရက်နေ့အထိကျင်းပသွားမယ်လို့သိရပါတယ်။
#Daily_News
Published 11 December 2024
၁။ ပြည်တွင်းစားဆန် ဈေးကျပ်၈၅,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်အကြား သတ်မှတ်ထားပြီး ၈ ရာခိုင်နှုန်းထက်ပို၍ ရောင်းချခြင်းမပြုရ
၂။ တစ်နိုင်ငံလုံးနှင့် တိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲနိုင်သောကြောင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ယူနက်စကိုဝင်ခဲ့ဟုဆို
၃။ တရုတ်ယွမ် ၉ သိန်းနီးပါး ဗဟိုဘဏ်ထပ်မံထုတ်ရောင်း
၄။ ၂၀၂၄ ၏ ပထမ(၁၁)လသည် ကမ္ဘာ့အပူနွေးဆုံးကာလအဖြစ်စံချိန်တင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
သုခဒဂုံအငှားအိမ်ရာမှာ အိမ်ခန်းရမယ်လို့ပြောဆိုပြီး ငွေကြေး လိမ်လည်သူတွေရှိနေတာကြောင့် ပြည်သူတွေ သတိပြုကြဖို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကအသိပေးထားပါတယ်။
#Local_News
Published 11 December 2024
#သုခဒဂုံအငှားအိမ်ရာ #ငွေကြေးလိမ်လည်သူများရှိနေ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ တရုတ်ယွမ် ၉ သိန်းနီးပါးကို ယမန်နေ့က ထပ်မံထုတ်ရောင်း လိုက်ပါတယ်။
#Local_News
Published 11 December 2024
#တရုတ်ယွမ် #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/NN #Yangon_Times
တစ်နိုင်ငံလုံးရှိ လူကြီး၊ လူငယ်မရွေး တိုင်းရင်းသားအားလုံးပါဝင်ဆင်နွှဲနိုင်တဲ့ ပွဲ တော်ဖြစ်တာကြောင့် မြန်မာ့သင်္ကြန်ပွဲတော်အနေနဲ့ ကမ္ဘာ့ရှေးဟောင်းဒြပ်မဲ့အမွေအနှစ်အဖြစ် ယူနက်စကိုဝင်ခဲ့တယ်လို့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published 11 December 2024
#မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် #ယူနက်စကိုဝင်
#YMG/NN #Yangon_Times
ယခုဒီဇင်ဘာလအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း ထုတ်ပြန်ချက်အရ ပြည်တွင်းစားဆန်ဈေးကို ကျပ်၈၅,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်အကြား သတ်မှတ်ထားပြီး သတ်မှတ်စျေးအပေါ် ၈ ရာခိုင်နှုန်းထက်ပိုရောင်းချခြင်းမပြုရဘူးလို့ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 11 December 2024
#ဈေးကွက်ဈေးနှုန်း #ပိုရောင်းချခြင်းမပြုရ
#YMG/SW #Yangon_Times
၁၀ ဒီဇင်ဘာ ၂၀၂၄
တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစွမ်းဆောင်နိုင်ဆုံး ကူညီပေးနေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် တက်ကြစွာတိုးမြှင့်လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံက ပြောပါ တယ်။
ဒီဇင်ဘာ၁၀ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ မစ္စ မော်နင်းက မီဒီယာများရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
Source CCTV+
Page 385 of 1336