ဘရာဇီးလ်ခရီးသည်တင်လေယာဉ်ပျက်ကျရသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ အကြိုစီရင်ခံစာထုတ်ပြန်
ဩဂုတ် ၉ ရက်နေ့ ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမှာတိုက်ခဲ့တဲ့ လေယာဉ်ရဲ့တောင်ပံတွေမှာ ရေခဲဖြစ်ပေါ်နေတာကို ဘရာဇီးလ်လေကြောင်း အာဏာပိုင်များ တွေ့ရှိခဲ့ကြောင်း သောကြာနေ့က အကြိုအစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
#World_News
Published 12 September 2024
#ခရီးသည်တင်လေယာဉ်ပျက်ကျ #အကြိုစီရင်ခံစာထုတ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 12 September 2024
၁။ လေပွေလှိုင်းကြောင့် ဒေသအချို့မိုးသက်လေပြင်းတိုက်ပြီး သဘာဝဘေးထပ်ကြုံနိုင်
၂။ နေပြည်တော်၊ ပျဉ်းမနားရေဆက်ကြီးနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေ
၃။ ပေါင်းလောင်း၊ ငလိုက်တမံရေပြည့်လျှံနေ၊ ရေပြည့်လျှံလာသောရေလှောင်တမံများကိုအနီးကပ်စောင့်ကြပ်စီမံရန်ညွှန်ကြားထား
၄။ ဘရာဇီးလ်ခရီးသည်တင် လေယာဉ်ပျက်ကျရသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ အကြိုစီရင်ခံစာထုတ်ပြန်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စစ်တောင်းမြစ်ရေကြီးနေတဲ့အတွက် တောင်ငူမှာရေကြီးပြီး ပိတ်မိသူများနေပြီး ကယ်ဆယ်ရေးအကူအညီ တောင်းခံနေရတယ်လို့ သိရပါတယ်။
#Local_News
Published 12 September 2024
#တောင်ငူ #ကယ်ဆယ်ရေးအကူအညီတောင်းခံ
#YMG/tthl #Yangon_Times
ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးတွင် သီတင်းကျွတ်ဈေးပွဲတော်ကို လာမယ့်လအတွင်း ကျင်းပသွားမယ်လို့ ပွဲတော်စီစဉ်သူတွေထံက သိရပါတယ်။
#Local_News
Published 12 September 2024
#ဝန်ကြီးများရုံး #သီတင်းကျွတ်ဈေးပွဲတော်ကျင်းပ
#YMG/NN #Yangon_Times
အခုရက်တွေမှာ မိုးသည်းထန်စွာရွာသွန်းတာ၊ တောင်ကျရေများ စီးဝင်လာနိုင်တာတို့ကြောင့် ရေလှောင်ပမာဏသေးငယ်တဲ့ တမံငယ်တွေ ရုတ်တရက်ရေအလုံးအရင်းနဲ့ ဝင်ရောက်လာနိုင်လို တာဝန်ရှိသူတွေက အနီးကပ်စဉ်ဆက်မပြတ် စောင့်ကြည့်စီမံမှုများဆောင်ရွက်ဖို့နဲ့ ရေလှောင်တမံတွေအတွင်း ရေဝင်ရောက်မှုကို အချိန်နာရီစဉ်အလိုက် ရုံးချုပ်သို့တင်ပြဖို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကမှာကြားထားတယ်လို့ သိရပါတယ်။
#Local_News
Published 12 September 2024
#ရေလှောင်တမံ #အနီးကပ်စောင့်ကြပ်စီမံရန်ညွှန်ကြား
#YMG/tthl #Yangon_Times
ရာဂိမုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွေမှာ မိုးသည်းထန်းစွာရွာသွန်းပြီး ရေဆက်ကြီးနေတဲ့အတွက် ဒီကနေ့မနက်ပိုင်းအထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆက်
လက်လုပ်ဆောင်နေတယ်လို့ ပရဟိတအသင်းနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
#Local_News
Published 12 September 2024
#ရာဂိမုန်တိုင်းငယ် #ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်
#YMG/NN #Yangon_Times
လေပွေလှိုင်းကြောင့် ဒေသအချို့ သဘာဝဘေးထပ်ကြုံနိုင်တယ်လို့ အထူးမိုးလေဝသသတင်းအဖြစ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 12 September 2024
#လေပွေလှိုင်း #သဘာဝဘေးထပ်ကြုံနိုင်
#YMG/tthl #Yangon_Times
Page 341 of 1222