ပြောင်းစျေးမြင့်တက်လာချိန်မှာတော ပွဲရုံတွေနဲ့ကုန်သည်တွေလက်ထဲမှာပဲ ပြောင်းအများဆုံးရှိနေပြီး တောင်သူတွေလက်ထဲမှာတော့ အနည်းငယ်သာရှိတော့တယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းမှ သိရပါတယ်။
#Local_News
Published_ 21 May 2024
#ပြောင်းစျေးမြင့်ချိန် #ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ
#YMG/LW #Yangon_Times
၂၀ မေ ၂၀၂၄
မြန်မာနိုင်ငံသည် တိုင်ဝမ်နှင့်သံတမန်ဆက်သွယ်မှုမရှိသလို နိုင်ငံတစ်ခုအဖြစ်အသိအမှတ်လည်းမပြုဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
ယနေ့ကျင်းပခဲ့တဲ့ တိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုအပေါ် မြန်မာနိုင်ငံရဲ့သဘောထားရပ်တည်ချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းကရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏သဘောထားရပ်တည်ချက်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
တိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုမှုနှင့် မြန်မာနိုင်ငံ၏သဘောထားရပ်တည်ချက်
၁။မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ People's Republic of China(PRC) စတင် တည်ထောင်ကတည်းက အစောဆုံး အသိအမှတ်ပြုထောက်ခံအားပေးခဲ့သော နိုင်ငံများ၌ ပါဝင် ခဲ့သော နိုင်ငံဖြစ်သည်။
၂။ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအား အစဉ်အဆက် ထိန်းသိမ်းခဲ့သည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်သည်။
၃။ တရုတ်နိုင်ငံမှ စစ်ရှုံးပြီး မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်၍ တရုတ်နိုင်ငံအား ပြန်လည် တိုက်ခိုက်ရန်လုပ်ဆောင်ခဲ့သော ကူမင်တန်တပ်များအား မြန်မာ့တပ်မတော်က စစ်ဆင် ရေးကြီး ၁၁ ခုဖြင့် ချေမှုန်း ခဲ့ရသည်။ မြန်မာ့တပ်မတော်နှင့် မြန်မာပြည်သူများ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ရသည်။
၄။ တိုင်ဝမ်နှင့်သံတမန်ဆက်သွယ်မှုမရှိသလို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းမရှိ။
၅။ မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာကတည်းက ယနေ့ အထိ တရုတ်တစ်နိုင်ငံတည်းမူဝါဒ(One China Policy)အပေါ် ခိုင်မာစွာရပ်တည်၍ ထောက်ခံ ခဲ့သောနိုင်ငံဖြစ်ပြီး ဆက်လက်ခိုင်မြဲစွာရပ်တည်သွားမည်ဖြစ်သည်။ . နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို အမြဲအလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။
@ymg/knl
ဂါဇာဒေသမှာ အစ္စရေးလ်စစ်ဆင်ရေး ဆင်နွှဲနေတာကို ရပ်ဆိုင်းရန် တောင်အာဖရိကရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ ကြာသပတေးနေ့မှာ နိုင်ငံတကာတရားရုံး ICJက နှစ်ရက်တာကြားနာမှု စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဂါဇာတောင်ပိုင်းမြို့ ရာဖာမှာ အစ္စရေးလ်တိုက်ခိုက်နေတာတွေက လူမျိုးသုဥ်းသတ်ဖြတ်မှု ကာကွယ်ရေးနဲ့ ပြစ်ဒဏ်ပေးခြင်းပြစ်မှုဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာကျပြီး ICJ အနေဖြင့် ထိုလုပ်ရပ်တွေ ချက်ချင်းရပ်တန့်သွားအောင် လုပ်ဆောင်သင့်ကြောင်း နယ်သာလန်ဆိုင်ရာ တောင်အာဖရိကသံအမတ် ဗူဆီမူဇီမာဒုံဆယ်လာက တရားရုံးကြားနာမှုမှာ ပြောကြားသွားပါတယ်။
#World_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 20 May 2024
၁။ ကဆုန်လပြည့်နေ့တွင် ဒံပေါက်စတုဒိသာနှင့် နိဗ္ဗာန်ဈေးလှူမည်
၂။ ပြည်တွင်းဝယ်လိုအားများသည့်အတွက် အုန်းသီးဈေး အမြင့်ဆုံးသို့ရောက်ရှိနေ
၃။ ရွှေဈေးကွက်အတွင်း အရောင်းအဝယ်မသမာမှုများ ပပျောက်သွားနိုင်သည့် ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် ဥပဒေရေးဆွဲနေ
၄။ ဂါဇာတွင်စစ်ပွဲဆင်နွှဲနေသည့် အစ္စရေးလ်အား တောင်အာဖရိကတရားစွဲဆိုသော အမှုကိစ္စ နိုင်ငံတကာတရားရုံးတွင် ကြားနာမှုစတင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ထိုင်းနိုင်ငံကကွန်ဒိုတွေကို မြန်မာနိုင်ငံသားများ ဝယ်ယူတာများပြားနေပြီး ဆက်လက်ပြီး ထပ်မံတိုးတက်နိုင်တယ်လို့ ထိုင်းနိုင်ငံရှိ ကွန်ဒိုနှင့် အိမ်ရာစီမံကိန်း ရောင်းချပွဲများ စီစဉ်ပေးနေတဲ့ 2B ASSET Company Limited က သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ဒူးရင်းသီးစတုဒိသာပွဲအတွက် ဒူးရင်းသီး (၄၅၀၀)လုံး မှာယူထားပြီဖြစ်ပြီး လူဦးရေ (၁၀၀၀၀) စာလှူဒါန်းမယ်။
တောင်ပေါ်မှာ(၁၀)နေရာခွဲပြီး ဒူးရင်းသီးအသင့်ခွဲစိတ်ပြီး လူတစ်ဦးစာဖော့ဗူးတွေကို ကတ်ပြားပေးကာ ထုတ်ယူကြရမှာဖြစ်တယ်။
(တောင်ပုလတောင်တော်စေတီတော်မှ ဆရာတော်)
Yangon_Times/tthl
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ရွှေဈေးကွက်အတွင်း အရောင်းအဝယ်မသမာမှုများ ပပျောက်သွားနိုင်သည့် ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် ဥပဒေရေးဆွဲနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ကသိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 311 of 1104