အချို့ စစ်ဘေးရှောင်ပြည်သူတွေဟာ နေရပ်ကို ပြန်သွားကျတာရှိပေမယ့် နေရပ်ပြန်ရန် အဆင်မပြေသေးသူများနဲ့ ထပ်တိုးရောက်ရှိလာသူတွေအပါအ၀င် တောင်ငူမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း ၆၅ ခုမှာ နေထိုင်ရတဲ့ နေရပ်စွန့်ခွာ ပြည်သူတစ်သောင်းဝန်းကျင်ခန့် ရှိသေးတယ်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေတယ်လို့ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ပုပ္ပါးတောင်တစ်ဝှိက်မှရရှိတဲ့ နိုတိုက်သတ္တဝါနှင့် အင်ကြင်းပင်ကျောက် ဖြစ်ရုပ်ကြွင်း (၁၄၀)ခုကို လင်းဟိုတယ်ကိုကိုယ်ပိုင်ထိန်းသိမ်းပြသခွင့်အဖြစ် ရှေးဟောင်းဝတ္ထုပစ္စည်းထိန်းသိမ်းခွင့်လက်မှတ် ပုံစံ(၄)ထုတ်ပေးခဲ့တယ်။
Yangon_Times/tthl
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
မွေးမြူရေးအတွက် အဓိကထားမွေးမြူတဲ့ ဆိတ်မဈေးကွက်ဟာ မွေးမြူသူနည်းပါး လာတာကြောင့် ယခင်ထက် တစ်ကောင်လျှင် ငွေကျပ်သုံးသောင်းခန့် ဈေးကျလာတယ်လို့ ဆိတ်မွေးမြူသူတွေထံက သိရပါတယ် ။ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းမှာ ရောဂါကျရောက်ပြီး မွေးမြူရေးဆိတ်အများစု သေဆုံးခြင်းနဲ့ အရောင်းဝယ်အေးတာတွေကြောင့် မွေးမြူရေးဆိတ်ဈေးကွက်ဟာ ဈေးကျဆင်းလာတာ ဖြစ်တယ်လို့ဆိုပါတယ်။
Yangon_Times/LW
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ဂျပန်ထီး ကုန်တင်ယာဉ်တွေ မစောတံတားကို ဖြတ်ဖို့ စောင့်ဆိုင်းနေပါတယ်။ ဂျပန်ထီးမှာ အရည် အသွေးပေါ်မူတည်ပြီး Grade အမျိုးအစား(၄)မျိုးရှိတဲ့အနက် Grade A အမြင့်ဆုံးအဆင့်ရှိတဲ့ ထီးအရှည်အလက် (၁၀၀)ကို ကျပ်၉သိန်းခွဲ၊ထီးအတိုအလက်(၁၀၀)ကို ကျပ်(၇)သိန်းခွဲခန့် ပေါက်ဈေးရှိနေတယ်။
Yangon_Times/tthl
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ပြည်တွင်း၊ ပြည်ပဈေးကွက်တွေကို ကြက်သွန်နီတင်ပို့တဲ့အခါမှာ သယ်ယူပို ဆောင်တဲ့စရိတ်၊ လမ်းခရီးအခက်အခဲနဲ့ အခုနှစ်အတွင်းမှာ ရောဂါပိုးဒဏ်ကြောင့် အရည်အသွေးပိုင်းဆိုင်ရာကျဆင်းတာ တွေ ရှိခဲ့တဲ့အတွက် ဒီရက်ပိုင်းအတွင်းမှာ ကြက်သွန်နီဈေးနှုန်းတွေ ကျဆင်းနေတယ်လို့ မြင်းခြံကုန်စည်ဒိုင်က သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
လူလုပ်အသိဉာဏ်(AI)နည်းပညာဖြင့် အချက်အလက်များကို အမြင့်ဆုံး အနေအထား ဖော်ထုတ်ပြီး ရှားပါးရောဂါများကို ကုသရာမှာ အထောက်အကူ ဖြစ်နိုင်သလို ကမ္ဘာတဝှမ်းမှာ ပိုမိုထိရောက်တဲ့ ကုသနည်းတွေ ထွက်ပေါ်စေနိုင်ကြောင်း အမေရိကန် ဆေးဖက်ဆိုင်ရာ ပညာရှင်တစ်ဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
၂၀၂၄ ကမ္ဘာလုံးဆိုင်ရာ ရှားပါးရောဂါများ သုတေသနစာတမ်းဖတ်ပွဲကို ရှန်ဟိုင်းမှာ အင်္ဂါနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
#World_Technology
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 28 May 2024
၁။ ကျောင်းအပ်ချိန်ဖြစ်၍ စာအုပ်အဖုံးချုပ်သူများလာ၊ ဖလင်နှင့်ကတ်ထူဈေး နှစ်ဆတက်
၂။ ရာသီဥတုအခြေနေကြောင့် မွေးမြူရေး ငါးကန်အချို့ ကန်ဖေါ်ယူမှု ရပ်နားထားရဟုဆို
၃။ တစ်လတာအတွင်း သဘာဝဘေးပေါင်း၁၈၀ကျော်ဖြစ်ပွားခဲ့၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သဘာဝဘေး ကယ်ဆယ်ရေးပစ္စည်းများ အဆင်သင့်ပြင်ဆင်ထားဟုဆို
၄။ ရှားပါးရောဂါလက္ခဏာများရှာဖွေကုသရာ၌ AI နည်းပညာများဖြင့် အထောက်အကူဖြစ်စေနိုင်ဟု ပညာရှင်များသုံးသပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 303 of 1104