Published:13 Oct 2022
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်ရှာဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကန်စုပြည်နယ်တွေမှာ ဆောင်းဦးရာသီရဲ့ အံ့မခန်းစရာရှုခင်းတွေကိုတွေ့မြင်ရပါတယ်။
အဲဒီရှုခင်းတွေဟာ ဆီဆေးပန်းချီကားတွေလို အလွန်လှပတဲ့အတွက် အပျော်ခရီးသွားတွေက လက်လွတ်မခံကြတဲ့ မြင်ကွင်းတွေဖြစ်နေပါတယ်။
နင်ရှာရဲ့ လုံးတဲစီရင်စုမှာဆိုရင် ဒေသတစ်ခုလုံးဆောင်းဦးရာသီကျရောက်တဲ့အတွက် ရွှေရောင်နှင့်အနီရောင် သစ်ရွက်တွေဟာ တောင်တွေပေါ်မှာ ကော်ဇောကြီးတွေ စခင်းသလိုဖြစ်နေတာတွေ့ကြရပါတယ်။
မကြာသေးခင်နှစ်များအတွင်း ဂေဟစနစ်ကိုတည်ဆောက်ထိန်းသိမ်းထားတဲ့အတွက် လုံတဲဒေသမှာ အပြာရောင် ကောင်းကင်၊အစိမ်းရောင်ရေပြင်နှင့် တောင်တန်းတွေနှင့် နေ့ချင့်စဖွယ်ဖြစ်လို့နေပါတယ်။
စက်တင်ဘာလလယ်ကစပြီး အစိမ်းရောင်တောင်တန်းတွေဟာ ဆောင်းဦးရာသီ အရွက်တွေကြောင့် ဖြည်းဖြည်းချင်း အဝါရောင်နှင့်အနီရောင်ပြောင်းလာနေပါတယ်။
အပေါ်စီးမြင်ကွင်းထဲမှာ ကျီမားဟဲလျန်တင်းရဲ့ အစိမ်းရောင်ရေကန်ကြီးဟာ တောင်တန်းတွေက ပုံရိပ်ထင်သလို လှပနေပါတယ်။ အဲဒါကြောင့် အပျော်ခရီးသွားတွေဟာ လှပရှုမငြီးစရာရှုခင်းတွေကို ပျော်ရွှင်နှစ်သက်စွာခံစားကြတာဖြစ်ပါတယ်။
Source CCTV+
#Ningxia_Hui
#Gansu
#Autumn_scenery
#Local_News
Published_12 October 2022
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် ချန်းဖုန်းမြို့နယ် လားရင်းနဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် (မိုးမောက်) လွယ်ဂျယ်မြို့က နှစ်နိုင်ငံကုန်သွယ်ရာ လွယ်ဂျယ် - လားရင်း နယ်စပ်လမ်းကြောမှာ ကိုဗစ်စစ်ဆေးတဲ့လုပ်ငန်းကို ထပ်တိုးလုပ်ဆောင်လိုက်ပါတယ်။
#Yangon_Media_Group
Page 42 of 42