Published 27 January 2023

တရုတ်-မြန်မာ နိုင်ငံတကာရထာလမ်းရဲ့ တရုတ်နိုင်ငံဖက်အခြမ်း အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဒါလီ-ရွှေလီ ရထားလမ်းရဲ့ အဓိက ဥမင်လှိုဏ်ခေါင်းကြီး တည်ဆောက်ရေးလုပ်ငန်းတွေကို တရုတ်နှစ်သစ်ကူးရက်မှာပင် မနားဘဲ အလုပ်သမားတွေ ကြိုးစားဖောက်လုပ်နေကြပါတယ်။

၃၃၀ကီလိုမီတာရှည်လျားတဲ့ ဒါလီ-ရွှေလီရထားလမ်းဟာ တရုတ်-မြန်မာရထားလမ်းမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်က ဒါလီမြို့ကနေ ပေါင်ရှန်မြို့အထိ လမ်းပိုင်းကို ဖွင့်လှစ်ခဲ့ပြီးပါပြီ။

ပေါင်ရှန်မှ နယ်စပ်မြို့ရွှေလီအထိ လမ်းပိ,င်းမှာ ကောင်လီကောင်းတောင်ဥမင်လှိုဏ်ခေါင်းဟာ ၃၄.၅ ကီလိုမီတာအထိ ရှည်လျားပြီး တရုတ်နိုင်ငံမှာ အရှည်လျားဆုံး ရထားဥမင်လှိုဏ်ခေါင်းဖြစ်ပါတယ်။ အဲဒီအပြင် အဆိုပါဥမင်လှိုဏ်ခေါင်းဟာ ရထားကြီးတစ်ခုလုံးရဲ့ အဓိကစီမံကိန်းလည်းအပြင် ဟန်တွမ်တောင်တန်းများကိုဖြတ်သန်းတဲ့ ပထမဆုံး လှိုဏ်ခေါင်းလည်း ဖြစ်ပါတယ်။ အဆိုပါဥမင်လှိုဏ်ခေါင်းဟာ အနက်၁၁၀၀ မီတာမှာ တည်ဆောက်ထားပြီး ပြတ်ရွေ့ကြောဇုန် ၁၉ဇုန်ကိုလည်း ဖြတ်သန်းဖောက်လုပ်ထားတာပါ။

Source CCTV+

#China_Myanmar_Railway

#Dali-Ruili_Railway

#Myanmar_China_Relations

Published 27 January 2023 တရုတ်-မြန်မာ နိုင်ငံတကာရထာလမ်းရဲ့ တရုတ်နိုင်ငံဖက်အခြမ်း အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဒါလီ-ရွှေလီ ရထားလမ်းရဲ့ အဓိက"/>