#World_News
Published 15 Nov 2022
တရုတ်မီဒီယာအုပ်စုက ထုတ်လုပ်တဲ့ “ရှီကျင့်ဖျင်၏ အထူးခြားဆုံးကိုးကားစရာများ” ဇာတ်လမ်းရုပ်ရှင်နှင့် “ ခရီးသစ်ပေါ်က တရုတ်ပြည်” သတင်းဇာတ်ကားတို့ကို အင်ဒိုနီးရှားနှင့် ထိုင်းဘာသာစကားများဖြင့် ဆက်လက်ထုတ်လုပ်ခဲ့တယ်လို့ CGTNက သတင်းရေးသားပါတယ်။
အဆိုပါ ဇာတ်ကားနှစ်ကား တရားဝင်ထုတ်လုပ်တဲ့အခမ်းအနားကို နိုဝင်ဘာ ၁၄ ရက် တနင်္လာနေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာကျင်းပခဲ့ရာမှာ တရုတ်မီဒီယာအုပ်စုရဲ့ ဥက္ကဋ္ဌ ရှန် ဟိုင်းရှုန်းက အမှာစကားပြောကြားခဲ့ပြီး အင်ဒိုနီးရှား၊ ထိုင်း၊ကမ္ဘောဒီယား၊ အိန္ဒိယ၊လာအို၊ နိုက်ဂျီးရီးယား၊ပါကစ္စတန်၊သီရိလင်္ကာ၊တူရကီနှင့် အခြားနိုင်ငံတွေမှ မီဒီယာ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
“ရှီကျင့်ဖျင်၏ အထူးခြားဆုံးကိုးကားစရာများ” ဇာတ်ကားဟာ တရုတ်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအပေါ် ရှီရဲ့နက်ရှိုင်းစွာနားလည်မှုနှင့် ကမ္ဘာ့အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုကို ဘယ်သို့စီမံအုပ်ချုပ်မည်ဆိုတဲ့ သူ့ရဲ့ ခံယူချက်အမြင်တွေကို ဖော်ကျူးထားတယ်လို့ဆိုပါတယ်။
“ခရီးသစ်ပေါ်ကတရုတ်ပြည်” ဇာတ်ကားကတော့ တရုတ်နိုင်ငံရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွေနှင့် တကယ့်ဘဝဇာတ်လမ်းတွေနှင့် အတူယူစရာတွေကို ဖော်ကျူးထားကြောင်း သတင်းမှာဖော်ပြထားပါတယ်။
အခမ်းအနာမှာ “ရှီကျင့်ဖျင်၏ အထူးခြားဆုံးကိုးကားစရာများ” ဇာတ်ကားကို ထိုင်းနိုင်ငံမှာ အွန်လိုင်းကနေပြသမယ်လို့ TVRI အင်ဒိုနီးရှား ဒုတိယဥက္ကဋ္ဌ အန်ဒီအက်စ်ရူဆန်နီ ဖာယူဆန်နှင့် ထိုင်းနိုင်ငံ နေရှင်းအုပ်စု စီမံခန့်ခွဲရေးအမှုဆောင် အဒီဆက်လင်ပါရန်ပက်တန်နာကစ်တို့က ရှန်နှင့်အတူကြေညာပါတယ်။ အဲဒီအပြင် “ခရီးသစ်ပေါ်ကတရုတ်ပြည်” ဇာတ်ကားကိုလည်း ထိုင်း၊ကမ္ဘောဒီးယား၊ အိန္ဒိယ၊ လာအို၊ နိုက်ဂျီးရီးယား၊ပါကစ္စတန်၊သီရိလင်္ကာနှင့် တူရကီနိုင်ငံတွေက အဓိကရုပ်သံလိုင်းတွေက ပြသသွားမယ်လို့လည်းကြေညာခဲ့ပါတယ်။
Source CGTN
#Classics_Quoted_by_Xi_Jinping
#China_on_a_New Journey
Published 6 Nov 2022
တရုတ်နိုင်ငံက အမှီအခိုကင်းစွာ တည်ဆောက်ခဲ့တဲ့ အကြီးစား ယူအေဗွီ ဒရုန်း ဝင်းလွန်း ဝမ်း အီး Wing Loong-1E ကို တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကျူးဟိုင်းမြို့မှာ အင်္ဂါနေ့ ကျင်းပမယ့် တရုတ်လေကြောင်းပြပွဲ ၂၀၂၂ မှာ ပြသတော့မှာ ဖြစ်ပါတယ်။
အဆိုပါအကြီးစားလူမဲ့ ဒရုန်လေယာဉ်ကို AVIC(ချန်ဒူး) UAVစနစ်ကုမ္ပဏီက တည်ဆောက်ထားတာဖြစ်ပါတယ်။ Wing Loong-1E ဟာ ဝင်းလွန်း ယူအေဗွီ မိုဒယ်အတွဲထဲမှာ နောက်ဆုံးထုတ်ပုစံဖြစ်ပြီး ယူအေဗွီပလက်ဖောင်းကို အဆင့်မြှင့် တင်ထားပါတယ်။
“ ဝင်လွန်း ယူအေဗွီမိသားစုအတွက် ပျံသန်းချိန်ပေါင်း တစ်သိန်းလေးသောင်းကျော်နှင့် နည်းပညာဖွံဖြိုးတိုးတက်မှု နှစ်ပေါင်းများစွာ အတွေ့အကြုံတွေကို စုစည်းထားပါတယ်။ ဒီအတွေ့အကြုံတွေအားလုံးကို မိုဒယ်လ်အသစ်နှင့် ပလက်ဖောင်းအသစ် တည်ဆောက်ရာမှာ အသုံးချထားပါတယ်။ ဝန်အား တစ်တန်မှ နှစ်တန်ထိ သယ်ဆောင်နိုင်တဲ့ အခြားသော ကမ္ဘာ့ ဒရုန်းတွေအကြား ယှဉ်ပြိုင်နိုင်စွမ်းရှိအောင်တည်ဆောက်ထားပါတယ်” လို့ ဒရုန်းအသစ်ရဲ့ ဒီဇိုင်း အင်ဂျင်နီယာချုပ် တန်ယောင်းက ပြောပါတယ်။
ဒရုန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကနဦးပျံသန်းမှု ပြီးဆုံးခဲ့ပါတယ်။ အဲဒီအပြင် မြေပြန့်လွင်ပြင်တွေ၊ ကုန်းမြေမြင့်တွေနှင့် ဝန်သုံးပျံသန်းမှုတွေအပါအဝင်စမ်းသပ်ပျံသန်းမှုများစွာလည်းပြီးဆုံးခဲ့ပါတယ်။
ဝင်လွန်း-၁ နှင့် ဝင်းလွန်း-၂ အပါအဝင် အခြားသော ဝင်လွန်း ယူအေဗွီမိသားစုဝင် ဒရုန်းတွေကိုလည်း နိုဝင်ဘာ ၁ရက်မှ ၈ရက်အထိ ပြုလုပ်မယ့် အဲဒီပြပွဲမှာ ပြသမယ်လို့လည်း တန်က ပြောပါတယ်။
“ ဝင်လွန်း၁ နှင့် ဝင်းလွန်း ၁- အီး တို့ကို ကင်းထောက်ရာနှင့် တိုက်ခိုက်ရာမှာ အဓိက အာရုံစိုက်ထားပါတယ်။ ဝင်းလွန်း-၂ ကို ကင်းထောက်ရာ၊တိုက်ခိုက်ရာနှင့် အီလက်ထရိုမဂ္ဂနက်တစ်စွက်ဖက်မှု၊အီလက်ထရွန်းနစ် ကင်းထောက်မှုနှင့် ရေဒါ ကင်းထောက်မှုတို့လိုမျိုး အထူးစစ်ဆင်ရေးတွေအတွက် လုပ်ဆောင်မှုတွေ ထည့်သွင်းထားပါတယ်။ အနာဂတ်မှာ လာမယ့် မိုဒယ်အသစ်တွေမှာ ပိုမိုကျယ်ပြန့်စွာ အသုံးချနိုင်တာတွေပါဝင်လာမှာပါ” လို့လည်း တန်ကပြောပါတယ်။
Source CCTV+
#Local_News
Published_ 6 November 2022
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ကပြောကြားခဲ့သည်၊၊
နိုဝင်ဘာလ ၄ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြီးမှူးကျင်းပသည့်“တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံနှင့် တရုတ်-မြန်မာဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းသစ်များ”ဖိုရမ် ၌ သံအမတ်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်၊၊
အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်အဖွဲ့များနှင့် မီဒီယာများထံသို့ တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအကြောင်းကိုလည်း သံအမတ်ကြီးက မိတ်ဆက်ပြောကြားခဲ့သည်၊၊
သံအမတ်ကြီး Mr. Chen Hai က "တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ၏ အနက်အဓိပ္ပါယ်၊ အောင်မြင်မှုရလဒ်များနှင့် အကျိုးသက်ရောက်မှုများကို မိတ်ဆက်ပေးခဲ့ပြီး ညီလာခံ၏ အရေးကြီးဆုံး အောင်မြင်မှုရလဒ်မှာ Mr. Xi Jinping အမှူးပြုသည့် ဗဟိုခေါင်းဆောင်အဖွဲ့သစ်ကို ရွေးကောက်တင်မြှောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊
တရုတ်ပုံစံခေတ်မီမှုသည် တရုတ်နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီမှုရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီးအတွက် အရေးကြီးသော အခွင့်အလမ်းများနှင့် ကြီးမားသောအကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ပြီး “The Belt and Road” လမ်းကြောင်းတစ်လျှောက်၏ အရေးပါနေရာတွင်ရှိသော နိုင်ငံလည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်လိုပြီး မြန်မာနိုင်ငံမှ မိမိ၏နိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေခြင်းအပေါ် ထောက်ခံအားပေးကြောင်း၊
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်မှုအပေါ် ပံ့ပိုးကူညီပေးပြီး “The Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို မြန်မာနိုင်ငံနှင့် အတူတည်ဆောက်သွားရန် ဆန္ဒရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများ ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ လျှပ်စစ် စသည့်တို့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေပြီး မြန်မာပြည်သူများ အတော်အတင့်ချမ်းသာသောဘဝကို ဆောလျင်စွာ ပိုင်ဆိုင်နိုင်အောင် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း" သံအမတ်ကြီးက အလေးပေးပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးမှုအပေါ် မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်များက ဂုဏ်ပြုကြပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများကို များစွာချီးကျူးကြကာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်များက မြန်မာနိုင်ငံအပါအဝင် ဘေးပတ်ဝန်းကျင်နိုင်ငံများအတွက် အခွင့်အလမ်းသစ်များ ဆောင်ကြဉ်းပေးလာမည်ဟု မျှော်လင့်ကြသည်ဟု ဖော်ပြပါရှိသည်၊၊
နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများသည် မြန်မာ-တရုတ် အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အမွေဆက်ခံသင့်ကြောင်း၊ နှစ်နိုင်ငံအတူ အဆိုပြုခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ကို ပြန့်ပွားအောင်ဆောင်ရွက်ပြီး ကဏ္ဍစုံ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ကာ နှစ်နိုင်ငံပြည်သူများကို အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်၊၊
ymg/tthl
#Yangon_Media_Group
Published 2 Nov 2022
မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေက ကျောင်းသူကျောင်းသားတွေဟာ နိုဝင်ဘာ ၁ ရက် အင်္ဂါနေ့က အာဆီယံကျောင်းသူကျောင်းသားများ အာကာသယာဉ်မှူးများနှင့်စကားပြောဆိုခြင်း အစီအစဉ်အဖြစ် တရုတ်နိုင်ငံ ရှန်ကုန်း အာကာသစခန်းမှာ အလုပ်လုပ်နေတဲ့ အာကာသယာဉ်မှူးတွေနှင့် ဗွီဒီယိုနှင့် စကားပြောဆိုခဲ့ကြပါတယ်။
တရုတ်နိုင်ငံနှင့် ဘရူးနိုင်း၊မလေးရှား၊မြန်မာ၊ဖိလစ်ပိုင်၊ထိုင်းနှင့် ဗီယက်နမ် ပါဝင်တဲ့ အာဆီယံနိုင်ငံတွေက ကျောင်းသူ ကျောင်းသား ၁၀၀၀ နီးပါးခန့်ဟာ သူတို့ သိလိုစိတ်ပြင်းပျနေတာတွေကိုမေးမြန်းခဲ့ကြပါတယ်။ အာကသယာဉ်မှူးတွေဟာ အာကသထဲမှာ အင်တာနက်ကြည့်လို့ရလား၊ နေမကောင်းရင်ဘယ်လိုလုပ်မလဲ၊ အာကာသယာဉ်မှူးဘယ်လိုဖြစ်လာသလဲ၊ နှင့် အာကာသထဲမှာ အထင်ကြီးစရာအကောင်းဆုံးအရာက ဘာလဲစတာတွေ ကို မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါ အစီအစဉ်ရဲ ပင်မနေရာက ဘေဂျင်းမှာဖြစ်ပြီး နေရာခွဲတွေအဖြစ် ဘရူးနိုင်း၊မလေးရှား၊ မြန်မာ၊ဖိလစ်ပိုင်၊ ထိုင်းှင့် ဗီယက်နမ်တို့မှာ ထားရှိကာ အာကာသယာဉ်မှူးတွေကို ဗီဒီယိုလင့်ခင်နှင့် ချိတ်ဆက် စကားပြောကြတာပါ။
ရှန်ကျုံး-၁၄ က အာကာသယာဉ်မှူး(၃)ဦးထဲက အမျိုးသမီး အာကာသယာဉ်မှူး လျူယန်းက သူမရဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ကျောင်းသူကျောင်းသားတွေထံ မျှဝေခဲ့ပါတယ်။
“ EVA အလုပ်က အချိန်များများလိုတယ်။ ပဏာမကြိုတင်ပြင်ဆင်ရာကနေ EVA ပြီးနောက် ပြန်လည် ပုံမှန်ဖြစ်ဖို့ ရက်ပေါင်းများစွာလိုအပ်တယ်။ ကျွန်မတို့ အာကာသထဲမှာ ခြောက်နာရီကနေ ခုနှစ်နာရီအထိ မရပ်မနား အလုပ်လုပ်ဖို့ လိုအပ်တယ်။ အဲဒါကြောင့် EVA ဟာ ကျွန်မတို့ရဲ့ ကိုယ်စိတ်အနေအထားနှစ်မျိုးစလုံးကို ကောင်းမွန်တဲ့စမ်းသပ်မှု တစ်ခုဖြစ်တယ်။ ကံကောင်းစွာပဲ မြေပြင်မှာ သိပ္ပံနည်းကျ လေ့ကျင့်မှုတွေ လုပ်ပြီးတဲ့နောက် ကျွန်မတို့ လက်ရှိ အာကာသယာဉ်မှူးတွေ EVA နှစ်ခုစလုံး အောင်မြင်ပါတယ်။ EVA အားလုံး အသေအချာ ပြီးမြောက်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်” လို့ လျူက ပြောပါတယ်။
ရှန်ကျုံး ၁၂ နှင့် ရှန်ကျုံး ရတို့ က အာကာသယာဉ်မှူး လျူ ဘွန်မင်းဟာ ဘေဂျင်းမှာရှိတဲ့ ပင်မတွေ့ဆုံရာနေရာကိုလာပြီး မမေ့နိုင်စရာ အာကာသအတွေ့အကြုံတွေကို မျှဝေသွားပါတယ်။
မကြာသေးမီနှစ်များအတွင်းကစကာ တရုတ်နိုင်ငံဟာ အာဆီယံနိုင်ငံတွေနှင့် အာကာသနည်းပညာအသုံးချမှု၊ဆက်သွယ်ရေးဂြိုဟ်တုတည်ဆောက်မှုနှင့် အာကာသ တိုင်းတာခြင်းတို့ မှာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာခဲ့ပါတယ်။
“ တစ်ရက်မှာ မင်းတို့ရဲ့ အာကာသအိပ်မက်တွေ တကယ်ဖြစ်လာကြမှာ။ တရုတ်နှင့် အာဆီယံတို့ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကနေ အသီးအပွင့်တွေရရှိခံစားနိုင်ဖို့ ဆုတောင်းပါတယ်” လို့ ရှန်ကျူံး၁၄ က နောက်ထပ် အာကာသယာဉ်မှူးတစ်ဦးဖြစ်တဲ့ ချန်တောင်းက ပြောပါတယ်။
ရှန်ကျုံးမစ်ရှင်းမှာ လက်ရှိ အာကာသယာဉ်မှူး (၃)ဦးရှိနေပြီး ဒီနစ်အကုန်မှာ အာကာသစခန်းတည်ဆောက်မှု ပြီးစီးစေဖို့ လာမယ့်လာတွေမှာ အခြားအာကာသယာဉ်မှူတွေ ထပ်မံရောက်ရှိလာပါလိမ့်မယ်။
Source CCTV+
#ASEAN_students_talk_with_Chinese Astronauts
#China_Space_technology
#Shenzhou-14
#Local_News
Published_1 November 2022
တရုတ်နိုင်ငံကဆိပ်ကမ်းတွေနဲ့ မြန်မာနိုင်ငံက ရန်ကုန်ဆိပ်ကမ်းကို တိုက်ရိုက်သွားလာနိုင်မယ့် ရေလမ်းကြောင်းသစ်တစ်ခု တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 31 October 2022
တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) မြန်မာနိုင်ငံရုံးခန်းဖွင့်လှစ်ခြင်း ၇ နှစ်ပြည့် ခြုံငုံသုံးသပ်ကူးလူးဖလှယ်ပွဲကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၌ကျင်းပခဲ့ပြီး အပြည်ြပည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်၊ တရုတ်သံရုံး သံမှူးကြီး Ms. Cao Jing နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
သံမှူးကြီး Ms. Cao Jing က ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် ပညာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ရေအရင်းအမြစ်သန့်ရှင်းရေးစသည့် ပြည်သူ့အကျိုးပြုနယ်ပယ်တွင် စီမံကိန်းများစွာ ဖော်ဆောင်ခဲ့ခြင်းကို ချီးကျူးလိုက်ပြီး ဖောင်ဒေးရှင်းလုပ်ဆောင်သည့်လုပ်ငန်းများသည် တရုတ်နိုင်ငံနယ်ပယ်အသီးသီးက မြန်မာနိုင်ငံ ပြည်သူလူနေမှုဘဝအကျိုးပြုမှုအား ဂရုပြုထောက်ခံအားပေးမှု၏ ပုံရိပ်ငယ်ဖြစ်ကြောင်း၊ ကြာရှည်သည့်ကာလအတွင်း၌ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ ဆေးရုံ၊ စာသင်ကျောင်း၊ အားကစားရုံများကို ကူညီတည်ဆောက်ပေးခဲ့ပြီး တရုတ်-မြန်မာချစ်ကြည်ရေး ပညာသင်ထောက်ပံ့ဆုများချီးမြှင့်ကာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးစီမံကိန်းများဖော်ဆောင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကူညီမှုများ တက်တက်ကြွကြွပေးခဲ့ပြီး မြန်မာပြည်သူများအတွက် အသက်ကျန်းမာရေး ကာကွယ်ရေးလိုင်း တည်ဆောက်ပေးလိုက်ကြောင်း၊ မကြာသေးမီက အောင်မြင်စွာ ကျင်းပပြီးစီးသွားသည့် တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံတွင် အထွေထွေအတွင်းရေးမှူးချုပ် Xi Jinping က ပြည်သူကိုဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်မှုအတွေးအခေါ်ကို စွဲမြဲစွာကိုင်စွဲ၍ ခေတ်မီတည်ဆောက်မှုရလဒ်ကို ပြည်သူတစ်ရပ်လုံးထံ ပိုမိုတရားမျှတစွာ အကျိုးပြုစေပြီး တစ်ချိန်တည်းတွင် နိုင်ငံအသီးသီးပြည်သူများ၏ ယေဘုယျဂရုပြုမှုကိုလည်း တုံ့ပြန်ကာ လူသားတို့ရင်ဆိုင်ရမည့် ဘုံပြဿနာများဖြေရှင်းရေးအတွက် အကျိုးထမ်းဆောင်ပေးရမည်ဟု အကြိမ်များစွာ အလေးထားပြောကြားခဲ့ပါတယ်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဆွေမျိုးပေါက်ဖော်ညီအစ်ကိုနှင့် ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက မြန်မာပြည်သူတစ်ရပ်လုံးအပေါ် ချစ်ကြည်ရင်းနှီးသည့် မူဝါဒကို အမြဲတစေကိုင်စွဲထားပြီး မြန်မာပြည်သူများနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ အတူမျှဝေကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ သမ္မတကြီး Xi Jinping ၏ မြန်မာနိုင်ငံခရီးစဉ်သဘောတူညီချက်များကို ဆက်လက်တက်တက်ကြွကြွ အကောင်အထည်ဖော်ကာ တရုတ်ပုံစံခေတ်မီမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအသစ်ဖြင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် အခွင့်အလမ်းအသစ်များ ထောက်ပံ့ပေးကာ “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အတူတည်ဆောက်မှုကို အဓိကထားခြင်းဖြင့် နယ်ပယ်အသီးသီးလက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကိုနက်ရှိုင်းစေကာ တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုရလဒ်ကို နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ကျော်အတွင်း၌ နှစ်နိုင်ငံသည် အပြန်အလှန်လေးစားကာ အပြန်အလှန်ထောက်ခံအားပေးပြီး ဆွေမျိုးပေါက်ဖော်သံယောဇဉ် နက်ရှိုင်းလှကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ကူညီမှုအများအပြားပေးခဲ့ကြောင်း၊ CFRD ဖောင်ဒေးရှင်း၏ စီမံကိန်း ၁၄ ခုသည် မြန်မာပြည်သူပေါင်း ၄၉၀၀၀၀ ကျော်ကို အကျိုးခံစားရစေတယ်လို့ ဆိုပါတယ်။
အခမ်းအနားတွင် ပွဲတက်ဧည့်သည်တော်များက မြန်မာကျောင်းသား ကျောင်းသူများအတွက် Panda Pack များချီးမြှင့်ခဲ့ကြပါတယ်။
#ymg_mnn
#Yangon_Media_Group
Published 30 October 2022
တရုတ်နိုင်ငံ တောင်ပိုင်းကကျွန်းတစ်ကျွန်းဖြစ်တဲ့ ဟိုင်နန်းပြည်နယ်မှာ သောကြာနေ့က အကောက်အခွန်မဲ့ မြို့တစ်မြို့ကို ဖွင့်လှစ်လိုက်ကြောင်း ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနက ပြောပါတယ်။
ဟိုင်းနန်းပြည်နယ်ရဲ့ မြို့တော်ရဲ့ မြို့လယ်မှာတည်ရှိတဲ့ ဟိုင်ခိုနိုင်ငံတကာ အကောက်အခွန်မဲ့ Duty-Free မြို့ဟာ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၉၃၀,၀၀၀ ရှိပါတယ်။ ဈေးဝယ်သူတွေအတွက် နိုင်ငံတကာနှင့် ပြည်တွင်း အမှတ်တံဆိပ် အကောက်အခွန်မဲ့ ကုန်စည်ပေါင်း ၈၀၀ ကျော်ကို ခင်းကျင်းရောင်းချမှာ ဖြစ်ပါတယ်။
ဖောက်သည်တွေကိုပိုပြီး ဆွဲဆောင်ဖို့အတွက် အကြိုက်တွေ့စရာ မူဝါဒတွေနှင့်အတူ လေဆိပ်တွေ၊ဆိပ်ကမ်းတွေနှင့် ကမ်းလွန်ကျွန်းတွေမှာရှိတဲ့ အကောက်အခွန်မဲ့ စီးပွားရေးလုပ်ငန်းတွေအပြင် ယခု မြို့တွင်း အကောက်အခွန်မဲ့ ဆိုင်တွေဟာ စိတ်ဝင်စားမှု သိသိသာသာရရှိနေပါတယ်။
ကြီးမားတဲ့ အကောက်အခွန်မဲ့ ဈေးဝယ်စင်တာကြီးတစ်ခုဟာ ဟိုင်းနန်း လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း တည်ဆောက်မှုရဲ့ နောက်ထပ် အထိမ်းအမှတ်သင်္ကေတ တစ်ခုဖြစ်ပါတယ်။
လက်ရှိမှာ ဟိုင်နန်းကျွန်း ပြည်နယ်မှာ အကောက်အခွမဲ့ဆိုင်တွေ ၁၁ဆိုင်ရှိပါတယ်။ နိုင်ငံရပ်ခြားမှာ တန်ဖိုးကြီး ပစ္စည်းတွေ သွားရောက်ဝယ်ယူစီးဆင်းမှု နောက်ကြောင်းပြန်စီးဆင်းဖို့နှင့် စားသုံးမှုကို အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ပြီး အကောက်အခွန်မဲ့ လုပ်ငန်းတွေတိုးချဲ့နေတာဖြစ်ပါတယ်။
Source: CCTV+
#Duty_Free_Town_China
#Hainan’s_duty_free_town
#China_Economy
Page 41 of 43