#Local_News
Published_ 17 January 2023
ပုဂ္ဂလိကဆေးရုံအချို့မှာ ဆရာဝန်လိုအပ်ချက်ရှိနေတဲ့အတွက် မူလရှိနေတဲ့ ဆေးရုံကဆရာဝန်တွေအနေနဲ့ အချိန်ပိုတွေဆင်းပေးပြီး တာဝန်ထမ်းဆောင်ပေးနေရတယ်လို့ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဌထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_17 January 2023
ပြည်ပကိုရေထွက်ကုန် တင်ပို့ရောင်းချခြင်းကနေရရှိလာတဲ့ ငွေကြေးတွေကို တရုတ်ယွမ်ငွေ (သို့မဟုတ်) ထိုင်းဘတ်ငွေတို့နဲ့ နိုင်ငံတော်ကို အခွန်အခပေးသွင်းနိုင်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 17 January 2023
လတ်တလောမှာ ဒလမြို့နယ်ဘက်က အသက်ရှူမွန်းကြပ်လူနာတွေကို လူနာတင်ယာဉ်တွေနဲ့နေ့စဉ်ဆေးရုံသို့ ပို့ဆောင်ပေးနေရတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_17 January 2023
စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီရဲ့ အပတ်စဉ် ရည်ညွှန်းဈေးနှုန်း ဖော်ပြချက်အတွင်း အမေရိကန်ဒေါ်လာ ပျမ်းမျှငွေလဲနှုန်းကို (၂,၄၈၈) ကျပ် သတ်မှတ်ပေးထားပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 17 January 2023
၁။ စီးပွား၊ ကူးသန်းက စားအုန်းဆီတင်သွင်းသူတွေကို တစ်ဒေါ်လာ (၂,၄၈၈) ကျပ်သတ်မှတ်ပေး
၂။ ဒလဘက်ကအသက်ရှူမွန်းကြပ်လူနာများကိုနေ့စဉ် ဆေးရုံပို့ဆောင်ပေးနေရ
၃။ ရေထွက်ပို့ကုန်ရငွေကို ယွမ်၊ ဘတ်တို့ဖြင့် နိုင်ငံတော်အခွန်ပေးသွင်းခွင့်ပြုထားဟုဆို
၄။ အင်္ဂလန်တွင် တစ်ခါသုံးပလတ်စတစ်ပစ္စည်းအသုံးပြုခြင်းကို တားမြစ်သွားမည်ဟု အစိုးရအဖွဲ့ထုတ်ပြန်ကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_17 January 2023
ယခုရက်ပိုင်းအတွင်းမှာ ကြက်သွန်နီဈေးနှုန်းဟာ အနည်းငယ်ပြန်လည်မြင့်တက်လာတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 17 January 2023
ရှမ်းပြည်နယ် မူဆယ်မြို့ အမှတ် (၁) မြို့မဈေး အပေါ်ထပ်တွင် ဖွင့်လှစ်ထားသည့် “လောဝ်ခမ်း” ရွှေဆိုင်မှ ရွှေဆွဲကြိုး ၈ ကုံးခန့်ကို အမျိုးသမီးနှစ်ဦးက ယနေ့ ဇန်နဝါရီလ ၁၇ ရက် နံနက် ၁၀ နာရီခန့်အချိန်တွင် လုယက်ယူဆောင်သွားကြောင်း သိရသည်။
ရွှေများလုယက်ယူဆောင်သွားသည့် အမျိုးသမီး ၂ ဦးမှာ အသက် ၅၀ ခန့်အရွယ်များဖြစ်ပြီး အနွေးဦးထုပ်၊ အနွေးအင်္ကျီ နှင့် မာဖလာပတ်ထားကာ ရွှေလာဝယ်သည့် ပုံစံဖြင့် အဆိုပါ ရွှေဆိုင်ကို ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်း ခန့်မှန်းတန်ဖိုးမှာ ငွေကျပ် သိန်း ၃၀၀ ခန့် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မူဆယ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်က ကျင်တွင်လည်း ခရစ်ယာန်ရပ်ကွက်အတွင်းရှိ ဖုန်းအဟောင်းရောင်းဝယ်ရေး ပြုလုပ်သည့် ဆိုင်တစ်ဆိုင်သို့ အမည်မသိ မျက်နှာဖုံးစွပ် အမျိုးသား ၆ ဦး မော်တော်ယာဉ်ဖြင့် ဝင်ရောက်လာကာ ဓားပြလာတိုက်သွားသည့်အတွက် ငွေကျပ်သိန်း ၁၀၀၀ ထက်မနည်း ဆုံးရှုံးသွားသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1251 of 1971