#Local_News
Published_19 January 2023
တရုတ်နှစ်သစ်ကူးနီးလာတဲ့အတွက်ကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဟာ ၇၅ ရာခိုင်နှုန်းလောက် ကုန်သွယ်မှုရပ်တန့်နေတယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_19 January 2023
နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်ကို ယာယီရပ်ဆိုင်းထားတာကြောင့်ပြည်ပထွက်ခွာ အလုပ်လုပ်မယ့်သူတွေအတွက် အခက်အခဲရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 19 January 2023
၁။ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့် ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပထွက်ခွာအလုပ်လုပ်မည့်သူများ အခက်အခဲရှိဟုဆို
၂။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ၇၅ ရာခိုင်နှုန်းကုန်သွယ်မှုရပ်တန့်နေ
၃။ ခိုးဝင်သင်္ဘောပေါ်တင်ပေးနေသည့် သင်္ဘောအေးဂျင့်များကို အရေးယူပေးစေချင်ဟုဆို
၄။ ချန်အီ လကမ္ဘာမစ်ရှင်များကို အထောက်အကူပေးမည့်ကွေ့ချောင် -၂ ဂြိုဟ်တု နောက်နှစ်အစောပိုင်းတွင် တရုတ်လွှတ်တင်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 January 2023
ပြည်တွင်းခရီးသွားအများဆုံး သွားရောက်လည်ပတ်လေ့ရှိတဲ့ အင်းလေးဒေသခရီးစဉ်ကို ခရီးသွားအချို့ ဖျက်သိမ်းမှုတွေရှိနေတယ်လို့ ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 January 2023
ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် အထည်ချုပ်စက်ရုံတွေ၏ ထက်ဝက်ခန့်သည် ဘဏ်စာရင်းမဖွင့်ဘဲ လည်ပတ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၏ ပြောပြချက်အရ သိရသည်။
ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် အထည်ချုပ်စက်ရုံများတွင် ဘဏ်စာရင်းမဖွင့်မထားသည့် အထည်ချုပ်စက်ရုံတွေနှင့် ဘဏ်စာရင်းဖွင့်ပြီးနိုင်ငံခြားငွေမရောက်သည့် စက်ရုံတွေကို အရေးယူခံရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။
ပြည်တွင်း၌ အထည်ချုပ် လုပ်ငန်းပေါင်း ၇၀၀ ကျော် လည်ပတ်နေတဲ့အနက် ဘဏ်စာရင်းဖွင့်လှစ်ကာ နိုင်ငံခြားငွေ ဝင်ရောက်တဲ့ စက်ရုံ ၃၆၂ ရုံသာရှိကြောင်း သိရသည်။
လက်ရှိတွင် အထည်ချုပ်စက်ရုံတွေ၏ နိုင်ငံခြားငွေဝင်ရောက်မှု ကုန်စီးဆင်းမှုတွေကို စစ်ဆေးရာတွင် ယခုနှစ်နိုဝင်ဘာလ ၁၄ ရက်ထိ ဘဏ်ငွေစာရင်းဖွင့်လှစ်ထားပြီး နိုင်ငံခြားငွေဝင်ရောက်သည့် အထည်ချုပ်စက်ရုံ ၃၆၂ရုံ၊ နိုင်ငံခြားငွေဝင်ရောက်မှုမရှိသည့် စက်ရုံ ၂၈၄ ရုံနှင့် ငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသည့် စက်ရုံ ၉၂ ရုံ ကို စိစစ်တွေ့ရှိထားကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 19 January 2023
ပြည်ပအာဖရိကရှိ Madagascar နိုင်ငံမှာ အကျဉ်းကျနေခံရတဲ့ မြန်မာသင်္ဘောသားနှစ်ဦးထောင်ဒဏ်နှစ်(၂၀) မကျအောင် ကူညီဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF) ဥက္ကဌထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 19 January 2023
ထိုင်း-မြန်မာနယ်စပ်ဝင်ထွက်ပေါက်များမှ တစ်ဆင့်မြန်မာနိုင်ငံသို့ ပြန်ဝင်မည့်သူများကို ကိုဗစ်လက္ခဏာရှိမရှိနှင့် ကိုဗစ်ပိုးရှိမရှိစစ်ဆေးပြီးမှဝင်ခွင့်ပြုမည်ဖြစ် ကြောင်း ဇန်နဝါရီလ(၁၉)ရက်ကထုတ်ပြန်လိုက်သည့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးထားသူများကို ကိုဗစ်နှင့်ပတ် သက်၍ ကိုယ်အပူချိန်ရှိမရှိ ဖျားနာခြင်းရှိမရှိ စစ်ဆေးမည်ဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားသူများကို မြန်မာနိုင်ငံသို့ မဝင်ရောက်မီ(၄၈)နာရီအတွင်း ကိုဗစ်ပိုးရှိမရှိ RDTနည်းဖြင့် စစ်ဆေးကာ စစ်ဆေးထားသည့်အဖြေလွှာကို မြန်မာ-ထိုင်းအရာရှိများထံပြကြရမည်ဖြစ်ကြောင်း သိရသည်၊၊
နယ်စပ်ဝင်ထွက်ပေါက်သတ်မှတ်နေရာများတွင် ကိုဗစ်စစ်ဆေးမှုခံယူရမည့်သူများအနေဖြင့် RDTနည်းဖြင့် စစ်ဆေးရန်ကုန်ကျစရိတ်ကျပ်(၁၅၀၀၀)ကို ခရီးသွားများမှမိမိစရိတ်ဖြင့်အကုန်အကျခံစစ်ဆေးမှုခံယူရမည်ဟု ထုတ်ပြန်ထားသည်၊၊
နှစ်နိုင်ငံနယ်စပ်တွင် နေ့ချင်းပြန်သွားလာမည့်သူများကို RDT စစ်ဆေးမှု မှကင်းလွတ်ခွင့်ပြုမည်ဖြစ်သည်ဟု ဆိုသည်၊၊
ပုံမှန်အားဖြင့် ကိုဗစ်စစ်ဆေးမှုအဖြေကို နှာခေါင်းတို့ဖတ်ယူပြီး တစ်နာရီအတွင်းကျန်းမာရေးမှထုတ်ပေးမည်ဖြစ်ပြီး ခရီးသွားလာသူများဆက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်၊၊
နိုင်ငံခြားသားခရီးသည်များ အသွားအလာကန့်သတ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် ဆေးကုသမှုစရိတ်များကို ကုန်ကျခံရမည်ဖြစ်ကြောင်း၊သံတမန်များ၊ ကုလသမဂ္ဂ ဝန်ထမ်းများနှင့် မိသားစုဝင်များကိုတော့ Home Quarantine ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်ဧည့်သည်တော်များ၊ နိုင်ငံခြားကိုယ်စားလှယ်များအနေဖြင့် ဆိုက်ရောက်ရက်မတိုင်မီ အနည်းဆုံး(၅)ရက်ကြိုတင်၍ ကိုဗစ်ဗဟိုကော်မတီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့တင်ပြ၍ သတ်မှတ်ချက်များမှ ကင်းလွတ်ခွင့်တောင်းခံနိုင်ကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1248 of 1971