Published_ 06 October 2023

ရိုးရာလှေ(နဂါးလှေ)မီတာ(၁၀၀၀)ပြိုင်ပွဲတွင် မြန်မာအမျိုးသား လှေလှော်အသင်းမှ ‌တတိယဆုကြေးတံဆိပ်ဆွတ်ခူးခဲ့ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံအတွက် အာရှအဆင့် တတိယမြောက်ဆုတံဆိပ်ကို အမျိုးသား မီတာ ( ၁၀၀၀ ) နဂါးလှေအားကစားနည်းမှ ရရှိခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၊ဟန်ကျိုးတွင်ကျင်းပနေသည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲမှရွှေတံဆိပ်ဆု၊ မြန်မာလှေလှော်အသင်း အမျိုးသမီးမီတာ၅၀၀ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်နှင့် ယခု နဂါးလှေမီတာ(၁၀၀၀)ပြိုင်ပွဲတွင် မြန်မာအမျိုးသား လှေလှော်အသင်းမှ ‌တတိယဆုကြေးတံဆိပ်ဆွတ်ခူးခဲ့ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့်အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာနမှ သိရသည်။
#Yangon-Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group