Published_ 06 October 2023

အရည်အသွေးမီ မြန်မာ့ရော်ဘာပို့ကုန်များတိုးတက်တင်ပို့နိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်က ပြောကြားခဲ့သည်။

မြန်မာ့ရော်ဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို အောက်တို ၅ရက်ကကျင်းပခဲ့ရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရော်ဘာကုန်ကြမ်းများကို နိုင်ငံဈေးကွက်ရရှိရေးအတွက် မြန်မာ့ရော်ဘာအရည်အသွေးစံသတ်မှတ်ချက် စနစ်တကျပေါ်ပေါက်ပြီး အာမခံချက်ရှိသည့်  ရော်ဘာတင်ပို့နိုင်မှသာ မြန်မာ့ရော်ဘာသည်  ကမ္ဘာ့ပေါက်ဈေးအတိုင်း ရမည်ဟုလည်း ဆိုသည်။

မြန်မာ့ရော်ဘာကုန်ကြမ်းများ ကမ္ဘာ့ပေါက်ဈေးအတိုင်း ရရှိရန်  နိုင်ငံတစ်ဝန်း အဆင့်မြင့်ရော်ဘာစက်ရုံ တွေပေါ်ပေါက်ဖို့လိုပြီး ယင်းအတွက်ဌာနဆိုင်ရာများက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပေါင်းစပ်ညှိနှိုင်း ကူညီပံ့ပိုးပေးရမည်ဖြစ်ကြောင်းမန်းငြိမ်းမောင်က ဆက်လက် ပြောကြားခဲ့သည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group