#Daily_News
Published_ 28 October 2023
၁။ ယခုနှစ်ထန်းရည်ထွက်ရှိမှုနှုန်းများသည့်အတွက် ရာသီကုန်ချိန်ဖြစ်သော်လည်း ထန်းလျက်ကုန်အဝင်များနေသေး
၂။ သီတင်းကျွတ်လပြည့်နေ့တွင် လကြတ်မည်၊ ကံဇာတာအညံ့ရှိသော နေ့နာမ်(၃)ခု လကြတ်ချိန်မကြည့်သင့်ဟုဆို
၃။ လားရှိုး_ ချင်းရွှေဟော်_လောက်ကိုင်လမ်းကြောင်းများ ပိတ်ထားပြီး မြန်မာ_တရုတ်ကုန်သွယ်ရေးများ ယာယီရပ်တန့်
၄။ ဒီဂျစ်တယ် စီးပွားရေးကဏ္ဍတိုးချဲ့ရေးအတွက် ရှန်ဟိုင်းတွင် ပိုးသားလမ်းမကြီး Ecommerce ပူးပေါင်းဆောင်ရွက်ရေးရှေ့ပြေးဇုန်တစ်ခုကို တရုတ်တည်ထောင်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ကုန်သွယ်ရေးက မနေ့ကပိတ်တယ်လေ။ လမ်းတွေကလည်းသွားလို့မရလို့ ဆက်မသွားဘူး။ ဒီနေ့လည်းသွားတော့ မသွားရသေးဘူး။ အဝင်အထွက်က မနေ့ကစပြီးတော့ တိုက်ပွဲဖြစ်တော့ အကုန်လုံးထိန်းထားတယ်
#Local_News
Published_ 28 October 2023
#လားရှိုး #ချင်းရွှေဟော် #လောက်ကိုင်
#YMG/ NN #Yangon Times
"သီတင်းကျွတ်လပြည့်နေ့ လကြတ်ချိန်မှာ ကံဇာတာအညံ့ရှိတဲ့တနင်္ဂနွေ၊ အင်္ဂါ၊ စနေ သားသမီးတွေ လကြတ်တာကို ထွက်မကြည့်သင့်သလို ကြည့်မိရင်လည်းနောက်နေ့ အမွှေးနံသာနဲ့ခေါင်းဆေးလျှော်တာတွေပြုလုပ်သင့်တယ်" မြန်မာနိုင်ငံနက္ခတ်ပညာသင်တန်းကျောင်းအုပ် ၊နက္ခတ်ပညာရှင် ဒေါက်တာကြည်ကြည်စိန်
#Local_News
Published_ 28 October 2023
#သီတင်းကျွတ်လပြည့်နေ့ #လကြတ်ချိန်
#tthl #Yangon_Times
အထက်အညာဒေသတွေမှာ မိုးရွာသွန်းမှုများခဲ့တဲ့အတွက် ထန်းရည်ထွက်ရှိမှုနှုန်းများတာကြောင့် ရာသီကုန်ချိန် ဖြစ်ပေမယ့် ဈေးကွက်အတွင်း ထန်းလျက်ကုန်အဝင်များနေသေးတယ်လို့ ညောင်ဦးဒေသရှိထန်းလျက် အရောင်းအဝယ်လုပ်သူတွေထံက သိရပါတယ်။
#Local_News
Published_ 28 October 2023
#ထန်းရည်ထွက်ရှိမှုနှုန်း #ညောင်ဦးဒေသ #ထန်းလျက်
#YMG/LW #Yangon_Times
#Local_News
Published_ 28 October 2023
မြန်မာနိုင်ငံရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ဆေးဝါးစက်ရုံများက နိုင်ငံ၏ဆေးဝါး လိုအပ်ချက်များရဲ့ ၁၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနိုင်တယ်လို့ စက်မှုဝန်ကြီးဌာနဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့ပါတယ်။
ထို့ကြောင့် ဆေးဝါးများပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဆေးဝါးအင်ဂျင်နီယာ ပညာရပ်သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)၌ ဆေးဝါးအင်ဂျင်နီယာ ပညာရပ်အရာရှိအဆင့်သင်တန်း သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ပါတယ်။
သင်တန်းတွင် စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြုအင်ဂျင်နီယာပညာရှင်များက ၎င်းတို့၏ လုပ်ငန်းခွင်နယ်ပယ်အတွေ့အကြုံ၊ ပညာရပ်များကို သင်ကြားပို့ချပေးပြီးဖြစ်၍ ဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းများကို ပိုမိုသိရှိလာမယ်လို့ ဆိုပါတယ်။
လုပ်ငန်းများဆောင်ရွက်နေတဲ့ ပညာရှင်များအနေဖြင့် နားလည်တတ်ကျွမ်းတဲ့ နယ်ပယ်အတွင်း၌ ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမယ်လို့လည်း ဝန်ကြီးကပြောကြားခဲ့ပါသေးတယ်။
#Local_News #ပုဂ္ဂလိကဆေးဝါးစက်ရုံများ #ဆေးဝါးလိုအပ်ချက်
#ymg_mnn #Yangon_Media_Group
#Local_News
Published-28 Oct 2023
တရားဝင်ဘဏ်လမ်းကြောင်းမှ တစ်ဆင့် ငွေလွှဲပို့သူများကို ကန်ဒေါ်လာနှစ်သိန်းအစား ကန်ဒေါ်လာ ၅ သောင်းပြင်ဆင်သတ်မှတ်လိုက်ပြီး၊ တစ်ဉီးချင်းတင်သွင်းမှုအပြင် ယာဉ်တန်ဖိုးမပြည်မီပါက စုပေါင်းတင်သွင်းရန်လည်းခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ကြေညာချက်တွင် ပုံမှန်လစာရရှိသူများ သင်္ဘောသားများအပါအဝင် အခြားဝင်ငွေရရှိသူများအနေဖြင့် တစ်နှစ်အတွင်းအမေရိကန်ဒေါ်လာ ၅ သောင်းနှင့်အထက်လွှဲပို့ပါက စုစုပေါင်းလွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသောလျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တစ်နှစ်လျှင်တစ်စီးနှုန်းကို အောက်တိုဘာ ၁၆ ရက်နေ့မှစတင်ရေတွက်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုသို့လျှပ်စစ်သုံးမော်တော်ယာဉ်၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များအား တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်းတင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်းတင်သွင်းရန်ယာဉ်တန်ဖိုးမပြည့်မီပါက စုပေါင်း၍တင်သွင်းမှုကိုလည်းကောင်းခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ်များအသုံးပြုမှု ပိုမိုတိုးတက်ဖြစ်ထွန်းစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စအား အထောက်အကူပြုရန်ရည်ရွယ်၍ ပြည်ပတွင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများကမိမိတို့ရရှိသည့် လစာငွေသို့မဟုတ်အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ဘဏ်လမ်းကြောင်းမှ တဆင့်ပြန်လည်လွှဲပို့ခြင်းအပေါ်အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တင်သွင်းခွင့်ကို ခွင့်ပြုဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Local_News #ကန်ဒေါ်လာနှစ်သိန်းအစား #စုပေါင်းတင်သွင်း #ဒေါ်လာ ၅ သောင်းပြင်ဆင်သတ်မှတ် #Yangon Times
#Local_News
Published_ 28 October 2023
ရန်ုကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ယုဇနဥယျာဥ်မြို့တော်တွင် မိန်းကလေးငယ်တစ်ဦး မိုးကြိုးထိမှန်ပြီးသေဆုံးသွားကြောင်း ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှ သိရသည်။
မိုးကြိုးပစ်ခံရသော လူနာသမီးငယ်အားအချိန်မီပို့ဆောင်နိုင်ရေးကူညီပေးနေစဥ် ဆေးခန်းမရောက်ခင်သေဆုံးခဲ့သည်ဟု ဆိုသည်။
အောက်တိုဘာလ၂၇ ရက် ညနေ ၄ နာရီကျော်မှာ မိုးကြိုးပြင်းထန်စွာပစ်ခဲ့ပြီး ယုဇနဥယျာဉ်မြို့တော်၌ နေထိုင်သူမိန်းကလေးငယ်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။
မိုးကြိုးထိမှန်သေဆုံးသူမှာ မိနီမ(ခေါ်)မပွင့်ဝတီကျော်၊ အသက်၁၁နှစ်၊ ၁၄လမ်း C ထိပ် ကျွန်းရွှေဝါလမ်းမကြီးပေါ်(ယုဇနဥယျာဥ်မြို့တော်) နေထိုင်သူတစ်ဦးဖြစ်ပြီး ယုဇနဥယျာဉ်အခြေစိုက် ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှ အချိန်မီ ဆေးကုသနိုင်ရန် ကူညီပို့ဆောင်ခဲ့သော်လည်း လမ်းမှာပင်ကွယ်လွန်သွားကြောင်း သိရသည်။
#Local_News #မိုးကြိုးထိမှန် #မိန်းကလေးငယ်တစ်ဦးသေဆုံး #tthl #Yangon_Times
Page 993 of 2203