ထိုးသတ်မယ့်ပွဲစဉ်အပေါ် ပရိတ်သတ်ကလည်း စိတ်ဝင်စားမှုမြင့်တက်နေ
ပထမအကြိမ်တွေ့ဆုံထိုးသတ်မှုလို အမှတ်ပေးစနစ်မပါဝင်ဘဲ၊ အလဲထိုးအနိုင်စနစ်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားရမှာဖြစ်
Yangon Time/my
#Local_News
#Published_ 25 July 2023
#YMG #Yangon_Times
Published_ 25 July 2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၊ သီရိမဂ်လာစျေးဘက်အသွား တံတားဘက်အတက်တွင် သက်ကြီးပိုင်း အမျိုးသား ၁ဦး ကားတိုက်ခံရ၍သေဆုံးခဲ့ကြောင်း မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းက သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၂၅ရက် ည ၇နာရီ ၅၀မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ဘုရင့်နောင်လမ်းမကြီး၊ ဘုရင့်နောင်နှစ်ထပ်ဂုံးတံတား၊ သီရိမဂ်လာစျေးဘက်အသွား တံတားအတက်တွင် ကားတိုက် မှုဖြစ်ခဲ့ခြင်းဖြစ်သည်။
"လူ ၁ဦးကားတိုက်ခံထားရတယ်လို့ အနီးပတ်ဝန်းကျင်က ဖုန်းဆက်အကူအညီတောင်းလာတာ။
သေဆုံးသူက အသက် ၅၀အရွယ် ဦးအောင်အောင်လို့သိရတယ်" ဟု အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။
သေဆုံးသူအား မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းမှ (နာ/ကူ)ဖြင့် မြောက်ဥက္ကလာဆေးရုံ သို့ပို့ဆောင်ကူညီပေးကြောင်းလည်း သိရသည်။
Yangon-Times/BM
#Local_News
#YMG #Yangon_Times
ရွှေဈေးမကစားရန် လမ်းညွှန်မှာကြားထား
‘ကျပ်၂၀၀၀၀တန်ထွက်မယ့် သတင်းထွက်ပေါ်လာပြီးနောက် ရွှေဈေးပုံမှန်အတိုင်းပဲရှိနေဖို့ သက်ဆိုင်ရာကရော ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကရော ရွှေလုပ်ငန်းရှင်တွေကိုမှာကြားလမ်းညွှန်ထားတယ်’ ဦးမျိုးမြင့်၊ဥက္ကဌ(ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း)
Yangon Times/tthl
#Local_News
#Published_ 25 July 2023
#YMG #Yangon_Times
Published_ 25 July 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိ ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယက ဆရာတော်တစ်ပါးဖြစ်သော ဘဒ္ဒန္တဝေပုလ္လ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီဖြစ်ကြောင်း ဆရာတော်၏တပြည့် ဒယကာတစ်ဦးက လူမှုဖေ့ဘွတ်စာမျက်နှာပေါ်တွင်မျှဝေထားသည်။
ဆရာတော်သည် ယနေ့ ဇူလိုင်လ (၂၅) ရက် နံနက် ၅ နာရီအချိန်တွင် ရန်ကုန်မြို့ဂရန်းဟံသာဆေးရုံကြီးတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ဖျာပုံဆရာတော် ဘဒ္ဒန္တဝေပုလ္လ၏ ဥတုဇရုပ်ကလာပ်တော်အား ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်ဟု သိရသော်လည်း Yangon Times အနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ဆရာတော်၏ရုပ်ကလာပ်ကို မည်သည့်ရက်တွင် သဂြိုဟ်သွားမည်ဆိုသည်ကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
နိုင်ငံတော်သြဝါဒစရိယဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ (ဖျာပုံဆရာတော်)သည် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကကပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ စသည့် ဘွဲ့တော်များဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် (ငြိမ်း) တို့၌ တွဲဖက်၍ သာသနာ့ဝန်ကို ထမ်းရွက်ခဲ့သည့် ဆရာတော်တစ်ပါးလည်းဖြစ်
သည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
Published_ 25 July 2023
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းအပါအဝင် လုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကနေ သိရပါတယ်။
ယင်းအစည်းအဝေးကို နစက အဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နဲ့ ကော်မရှင်အဖွဲ့များ ဇူလိုင်လ ၂၄ရက်နေပြည်တော်တွင် ကျင်းပခဲ့ကြကြောင်း
သိရသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုပေးခဲ့ကြောင်းသိရပြီးလုပ်ငန်းသစ်များ၏ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၄၄၀ ကျော်နှင့် ငွေကျပ်သန်းနှစ်သိန်းခွဲ ကျော်ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၇၆၀၀ ကျော် ဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားသည့် နိုင်ငံများမှာ စင်ကာပူ၊ တရုတ် နှင့် ထိုင်းနိုင်ငံ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် အများဆုံးကဏ္ဍအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ၂၈ ရာခိုင်နှုန်းကျော်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်၂၄ ရာခိုင်နှုန်းကျော်နှင့် စက်မှုကဏ္ဍတွင် ၁၄ ရာခိုင်နှုန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်းလည်းသိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times
ပြည်တွင်းကထွက်ရှိတဲ့ အုန်းသီး ၂၀ ရာခိုင်နှုန်းကို ပြည်ပကို တင်ပို့နေတာဖြစ်ပြီး၊ တရုတ် ၊ ထိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ဝယ်ယူနေတာဖြစ်
တစ်နိုင်ငံလုံးအတိုင်းအတာအရ တစ်နှစ်ကို အုန်သီးအလုံးရေ ၄၀၀ ကျော်ထွက်ရှိပြီး အဲ့ဒီထဲက ၈၀ ရာခိုင်နှုန်းကျော်ဟာ ပြည်တွင်းစားသုံးမှု လိုအပ်ချက်ကို ဖြည့်ဆည်းနေတာဖြစ်
Yangon Times/my
#Local_News
#Published_ 25 July 2023
#YMG #Yangon_Times
‘စားအုန်းဆီဈေးဟာ ရည်ညွှန်းဈေးမှာ လာမယ့်အပတ်ကျမှ ရာဂဏာန်းလောက်တက်ဖို့ရှိပေမယ့် ဈေးကွက်ထဲမှာတော့ အခုကတည်းက စားအုန်းဆီဈေးတွေ ကမာက်ကမတွေဖြစ်နေတယ်။ ပြည်သူတွေကို စားအုန်းဆီ ရည်ညွှန်းဈေးအတိုင်း ကျပ်၄၈၀၀၊၅၀၀၀နှုန်းဖြင့် လိုက်လံရောင်းချပေးသွားမယ်’
ဦးရဲသူအောင်၊ ဒုဥက္ကဌ( ရန်ကုန်တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း )
Yangon Times/tthl
#Local_News
#Published_ 25 July 2023
#YMG #Yangon_Times
Page 996 of 2042